Connect with us

Hi, what are you looking for?

သတင်း

အရေးကြီးကာလရောက်ပြီဖြစ်၍ စစ်ရေးထိရောက်စွာလုပ်ဆောင်နိုင်ရန် NUG ကာကွယ်ရေးဝန်ကြီးနှင့် ဆွေးနွေးခဲ့ဟု PIO/PIA ပြော

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့် တွေ့ဆုံခဲ့မှုမှာ စစ်ရေးပိုမိုထိရောက် စွာဖြင့် နီးနီးကပ်ကပ်လုပ်ဆောင်နိုင်ရန်ဖြစ်ကြောင်း ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIO/PIA) တာဝန်ရှိသူ ကိုမိုးနေလက ပြောသည်။

ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)မှ ရဲဘော်အချို့ ရှေ့တန်းမှ ပြန်လာသည်ကို ဇန်နဝါရီ ၂၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - PIA

ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့် တွေ့ဆုံခဲ့မှုမှာ စစ်ရေးပိုမိုထိရောက် စွာဖြင့် နီးနီးကပ်ကပ်လုပ်ဆောင်နိုင်ရန်ဖြစ်ကြောင်း ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIO/PIA) တာဝန်ရှိသူ ကိုမိုးနေလက ပြောသည်။

မကွေး – ရက္ခိုင် အခြေစိုက်လှုပ်ရှားပြီး ရက္ခိုင် ပြည်နယ်အတွင်း စစ်ဆင်ရေးများတွင် အာရက္ခတပ်တော် (AA)နှင့်အတူ ပူးပေါင်းဆောင်ရွက်မှုရှိခဲ့သည့်PIO/PIAနှင့် ကာကွယ်ရေးဝန်ကြီး ဦးရည် မွန်တို့သည် စစ်ရေး၊ အုပ်ချုပ်ရေးပူးပေါင်းဆောင်ရွက်ရန်၂၀၂၄ ဒီဇင်ဘာအတွင်းက ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

” ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့တဲ့အပိုင်းကတော့ ကျနော်တို့ ရှေ့ဆက်လုပ်မယ့် လုပ်ငန်းတွေမှာ အရေးကြီးတဲ့ကာလ ရောက်လာပြီဆိုတော့ ပိုပြီးတော့ အချိတ်အဆက်မိမိနဲ့ နီးနီးကပ်ကပ် လုပ် နိုင်ဖို့လည်းလိုတယ်ပေါ့။ ထိထိရောက်ရောက်လုပ်နိုင်ဖို့လည်းလိုတယ်။ အဲဒီတော့ စစ်ရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေကို အလုပ်ပိုဖြစ်ဖို့အတွက် ဆွေးနွေးခဲ့တာဖြစ်ပါတယ်”ဟု ကိုမိုးနေလက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိ မြေပြင်အခြေအနေမှာ တော်လှန်ရေးဘက်က အားကောင်းမောင်းသန်ဖြစ်နေသည့် အခြေအနေတွင် အုပ်ချုပ်ရေးပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

” အဲဒီမှာလည်း ပြည်သူလူထုကနေပြီးတော့ ရွေးချယ်တဲ့ အုပ်ချုပ်ရေးယန္တရားတွေလည်း ပေါ်ပေါက်လာဖို့လိုအပ်တယ်ပေါ့နော်။အဲဒီအတွက်လည်းပူးပေါင်းဆောင်ရွက်ဖို့လည်းညှိနှိုင်းဆွေးနွေးခဲ့တာရှိပါတယ်”ဟု ကိုမိုးနေလက ပြောသည်။

PIO/PIAသည် လှုပ်ရှားဒေသရှိ တော်လှန်ရေးအဖွဲ့လုံးနှင့် ပူးပေါင်းဆောင်ရွက်မှုရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန တပ်ရင်းများ၊ ပကဖ အဖွဲ့အစည်းများ၊ ဒေသတွင်းရှိ ကျောင်းသားလက်ရုံးတပ်တော်၊ PRA မကွေး၊ CDFအရှို တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ကြောင်း ၎င်းက ပြောပြသည်။

“ဒီဟာတွေက ပြောလို့ရတဲ့ အဖွဲ့အစည်းတွေလည်းဖြစ်တယ်။ ကျနော်တို့နဲ့ ဟိုးအစကတည်းက အတူတူအလုပ်လုပ်လာခဲ့တဲ့ ညီနောင်မဟာမိတ်တွေလို့ ပြောရင်လည်းရတယ်။ နီးနီးကပ်ကပ်တောက်လျှောက်အလုပ်လုပ်လာခဲ့တဲ့ အဖွဲ့အစည်းတွေဖြစ်တယ်။ အခြားဒေသတွေမှာလည်း သတင်းထုတ်ပြန်လို့မရတဲ့ ပုံစံအနေ အထား အခြေအနေ ကာလတွေရှိတာဖြစ်တဲ့အတွက် ဒီဟာတွေလည်း မထုတ်ပြန်သေးတာရှိတယ်”ဟု ကိုမိုးနေလက ပြောသည်။

ထို့အပြင် လက်ရှိ စစ်ရေးအခြေအနေများအရ တော်လှန်ရေး ပိုမိုထိရောက်စေရန် ဒေသအလိုက် ရှိ တော်လှန်ရေးအဖွဲ့များအချင်းချင်း ညီညွတ်ရန် အရေးကြီးကြောင်းလည်း ပြောသည်။

” ဒေသအလိုက်က တပ်တွေက ပေါင်းစည်းပြီး အကြမ်းဖက်စစ်တပ်ကို တိုက်နိုင်ဖို့လိုတယ်။ ဘာကြောင့် အဲဒီလို ပြောတာလည်းဆိုရင် တကယ့်စစ်ရေးကိစ္စတွေဆိုတာ စစ်ရေးစီမံချက် ဆွဲထားပြီးပြီဆိုရင် ဒီဟာကို ညီညီညွတ်ညွတ်နဲ့လုပ်ရတာပေါ့။ တဦးတဖွဲ့ကနေ ဖောက်ထွက်ပြီးလုပ်လိုက်ပြီဆိုရင် အဲဒီ စီမံချက်တစုံလုံးက ပျက်စီးသွားတာပေါ့။ အဲဒီလိုဟာမျိုးဖြစ်တာရှိတဲ့အတွက် နောက်ပိုင်းမှာတော့ ဒေသအလိုက် တော်လှန်ရေးအဖွဲ့တွေညီညွတ်ပြီးမှ စစ်ရေးစီမံချက်ကို ကောင်းကောင်းမွန်မွန်အားလုံးနားလည်လက်ခံနိုင်တဲ့ ပုံစံမျိုး ဆွေးနွေးညှိနှိုင်းဖို့လိုတယ်လို့ မြင်ပါတယ်။ အဲဒီအတွက်လည်း ကြိုးစားအကောင်အထည်ဖော်ကြဖို့ လည်း တိုက်တွန်းချင်ပါတယ်” ဟို ကိုမိုးနေလက ပြောသည်။

PIO/PIAကလည်း အဆိုပါတွေ့ဆုံမှုကို ဇန်နဝါရီ ၂၈ရက်က ထုတ်ပြန်ထားရာ ဝန်ကြီးနှင့် တွေ့ဆုံစဉ် စစ်ရေးဆိုင်ရာနှင့် ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်းကူညီဆောင်ရွက်ရန် ဆွေးနွေးသဘောတူညီခဲ့ကြောင်း၊ အနာဂတ်ဖက်ဒရယ်တပ်မတော်တစ်ရပ် တည်ဆောက်ရေး ရည်မှန်းချက်များနှင့် တော်လှန်ရေးကာလအတွင်း စစ်စည်းကမ်း၊ စစ်ကျင့်ဝတ်များ လိုက်နာရန် ဆွေးနွေးခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

သိမ်းပိုက်ရရှိထားတဲ့ မြို့အချို့ကို ဗျူဟာအရ ယာယီစွန့်ခွာရမှုများ အပါအဝင် မြေပြင်မှာ အခက်အခဲများ၊ အတက်အကျများ ရှိနေတာဟာ စစ်မက်ရေးရာရဲ့ သဘာဝပင် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပြီး လတ်တလော အခြေအနေတွေအပေါ် စိတ်ဓာတ်မကျဘဲ တော်လှန်ရေးပန်းတိုင် အတွက် ဝိုင်းဝန်းပေးဖို့ နှိုးဆော်ထားပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် မဟာမိတ်များ ပိုမိုချစ်ကြည်စည်လုံးပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် မဟာဗျူဟာမြောက် တိုက်ပွဲဝင်ပါက အဆုံးသတ်အောင်ပွဲသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် ဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် မဟာမိတ်များ ပိုမိုချစ်ကြည်စည်လုံးပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် မဟာဗျူဟာမြောက် တိုက်ပွဲဝင်ပါက အဆုံးသတ်အောင်ပွဲသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် ဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။

သတင်း

ရဲဘော်အားလုံး အဆင့်ဆင့်သောကွပ်ကဲမှုနှင့် အထက်အမိန့်နာခံရန်၊ လိမ္မာပါးနပ်စွာ တိုက်ပွဲဝင်ကြရန် မှာကြား