ကျော်ဇော/People’s Spring
မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဝင်ရောင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းမင်းဘူးခရိုင်အမှတ်(၁)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
ယနေ့(ဖေဖော်ဝါရီလ ၃ ရက်)နံနက် ၆ နာရီခွဲခန့်တွင်စစ်ကောင်စီတပ်မှအင်အား၄၀ခန့်ဖြင့်အထိုင်ချတပ်စွဲထားသော လင်းဇင်းတိုက်နယ်ရဲစခန်းကို မင်းဘူးခရိုင်အမှတ်(၁)တပ် ရင်း၊အမှတ် (၅)တပ်ရင်း၊ Burma Army (BA)၊ မင်းဘူးခရိုင် လက်ရုံးတပ်ဖွဲ့၊ဒေါင်းစစ်အောင်(LPDF)၊ဒေါင်းညီနောင်(L PDF)၊SLN (L PDF)၊ စလင်း (ပ.က.ဖ)နှင့် မကွေးတိုင်း ဒရုန်းတပ်ဖွဲ့တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“သတင်းရတာတော့ (စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု)များနိုင်ပါတယ်”ဟု တိုက် ခိုက်မှုနှင့်စပ်လျဥ်းပြီး မင်းဘူးခရိုင် အမှတ် (၁)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
အဆိုပါ လင်းဇင်းတိုက်နယ်ရဲစခန်းအားတိုက် ခိုက်ချိန် ၂ နာရီခွဲခန့်ကြာမြင့်ပြီး စခန်းအား ဝင်ရောက်စီးနင်နေချိန် စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူရောက်ရှိလာသဖြင့် စခန်းသိမ်းတိုက်ပွဲဆင်နွှဲနိုင်ခြင်းမရှိခဲ့ဘဲ စစ်ကောင် စီတပ်သားအချို့နေထိုင်သည့် နေအိမ်တစ် လုံးကိုသာ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်းတိုက်ခိုက်မှုတွင်ပါဝင်သည့် ဒေါင်းစစ်အောင်တပ်ဖွဲ့တာဝန်ခံ ရဲဘော်ထူးလေးက ပြောသည်။
“ကျနော်တို့ ပွဲချိန်အတွင်းမှာပဲ လေကြောင်းပစ်ကူလာတယ်။ နောက်ပြီး စလင်း-ကန်ပြားလမ်းဘက်ကနေ မြေပြင်စစ်ကူလည်းရောက် လာတဲ့အတွက် ကျနော်တို့ ပြန်ဆုတ်ခဲ့ပါတယ်”ဟု ၎င်းကလူထုနွေဦးသို့ ပြောသည်။
အထက်ပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးများနိုင်သော်လည်း လတ်တလောတွင် အတိအကျမသိရသေးဘဲ မဟာမိတ်တပ်များဘက်မှ ရဲဘော်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ရှိ မဲဇလီရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ဇန်နဝါရီလ ၃၁ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မင်းဘူးမြို့နယ်ရှိ လက်ပတောစခန်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တိုက်ခိုက်ခဲ့သေးသည်။
