Connect with us

Hi, what are you looking for?

သတင်း

စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်း တိုက်ခိုက်ခံရ

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဝင်ရောင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းမင်းဘူးခရိုင်အမှတ်(၁)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဝင်ရောင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းမင်းဘူးခရိုင်အမှတ်(၁)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဖေဖော်ဝါရီလ ၃ ရက်)နံနက် ၆ နာရီခွဲခန့်တွင်စစ်ကောင်စီတပ်မှအင်အား၄၀ခန့်ဖြင့်အထိုင်ချတပ်စွဲထားသော လင်းဇင်းတိုက်နယ်ရဲစခန်းကို မင်းဘူးခရိုင်အမှတ်(၁)တပ် ရင်း၊အမှတ် (၅)တပ်ရင်း၊ Burma Army (BA)၊ မင်းဘူးခရိုင် လက်ရုံးတပ်ဖွဲ့၊ဒေါင်းစစ်အောင်(LPDF)၊ဒေါင်းညီနောင်(L PDF)၊SLN (L PDF)၊ စလင်း (ပ.က.ဖ)နှင့် မ​ကွေးတိုင်း ဒရုန်းတပ်ဖွဲ့တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“သတင်းရတာတော့ (စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု)များနိုင်ပါတယ်”ဟု တိုက် ခိုက်မှုနှင့်စပ်လျဥ်းပြီး မင်းဘူးခရိုင် အမှတ် (၁)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ လင်းဇင်းတိုက်နယ်ရဲစခန်းအားတိုက် ခိုက်ချိန် ၂ နာရီခွဲခန့်ကြာမြင့်ပြီး စခန်းအား ဝင်ရောက်စီးနင်နေချိန် စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူရောက်ရှိလာသဖြင့် စခန်းသိမ်းတိုက်ပွဲဆင်နွှဲနိုင်ခြင်းမရှိခဲ့ဘဲ စစ်ကောင် စီတပ်သားအချို့နေထိုင်သည့် နေအိမ်တစ် လုံးကိုသာ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်းတိုက်ခိုက်မှုတွင်ပါဝင်သည့် ဒေါင်းစစ်အောင်တပ်ဖွဲ့တာဝန်ခံ ရဲဘော်ထူးလေးက ပြောသည်။

“ကျနော်တို့ ပွဲချိန်အတွင်းမှာပဲ လေကြောင်းပစ်ကူလာတယ်။ နောက်ပြီး စလင်း-ကန်ပြားလမ်းဘက်ကနေ မြေပြင်စစ်ကူလည်းရောက် လာတဲ့အတွက် ကျနော်တို့ ပြန်ဆုတ်ခဲ့ပါတယ်”ဟု ၎င်းကလူထုနွေဦးသို့ ပြောသည်။

အထက်ပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးများနိုင်သော်လည်း လတ်တလောတွင် အတိအကျမသိရသေးဘဲ မဟာမိတ်တပ်များဘက်မှ ရဲဘော်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ရှိ မဲဇလီရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ဇန်နဝါရီလ ၃၁ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မင်းဘူးမြို့နယ်ရှိ လက်ပတောစခန်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ရှောင်တစ်ထောင်ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊စလင်းမြို့နယ်ရှိ တညောင်ရဲစခန်းတိုက်ခိုက်သိမ်းပိုက်ခဲ့သော ရဲဘော်များကို ဒေသခံပြည်သူများက အောင်သပြေအောင်ပန်း များဖြင့် ကြိုဆိုခဲ့ကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ခံ ကိုအောင်ဆန်းက ပြောသည်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းပစ်ကူများနှင့် အင်အား ၂၀၀ခန့်ပါ ခြေလျင်စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်နေသော်လည်း ဖြတ်တောက်ပိတ်ဆို့ထားနိုင်ကြောင်း ဗမာ့တပ်တော်က ယနေ့(ဧပြီ ၂၂ ရက်)တွင် ထုတ်ပြန်သည်။

သတင်း

မကွေးတိုင်း၊စလင်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေကြောင်း ​ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။