Connect with us

Hi, what are you looking for?

သတင်း

တညောင်ရဲစခန်းသိမ်းပိုက်ခဲ့သော ရဲဘော်များကို ဒေသခံပြည်သူများ ကြိုဆို

မကွေးတိုင်း၊စလင်းမြို့နယ်ရှိ တညောင်ရဲစခန်းတိုက်ခိုက်သိမ်းပိုက်ခဲ့သော ရဲဘော်များကို ဒေသခံပြည်သူများက အောင်သပြေအောင်ပန်း များဖြင့် ကြိုဆိုခဲ့ကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ခံ ကိုအောင်ဆန်းက ပြောသည်။

ဓာတ်ပုံ - စလင်း ပကဖ

သြဂုတ်-၂ ၊ ၂၀၂၅။ရဲခေါင်/People’s Spring

မကွေးတိုင်း၊စလင်းမြို့နယ်ရှိ တညောင်ရဲစခန်းတိုက်ခိုက်သိမ်းပိုက်ခဲ့သော ရဲဘော်များကို ဒေသခံပြည်သူများက အောင်သပြေအောင်ပန်း များဖြင့် ကြိုဆိုခဲ့ကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ခံ ကိုအောင်ဆန်းက ပြောသည်။

ဇူလိုင် ၃၀ရက်က တညောင်ရဲစခန်းကို အပြီးသတ်တိုက်ခိုက်နိုင်ခဲ့ပြီး ရဲစခန်းတစ်ခုလုံးကို မီရှို့ဖျက်ဆီးခဲ့သည်။တိုက်ပွဲအတွင်း စစ် ကောင်စီ​၏ လက်အောက်ခံ ရဲရှစ်ဦးသေဆုံးပြီး နှစ်ဦးအရှင်ဖမ်းမိကာ G3ငါးလက်၊MA 13တစ် လက်နှင့် ကျည်များသိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

“ပြည်သူလူထုယုံကြည့်အားကိုးရတဲ့ ပြည်သူ့အဖွဲ့အစည်းတစ်ခုဖြစ်အောင် ဆက်လက်ကြိုးစားအားထုတ်သွားမယ်”ဟု ကိုအောင်ဆန်းက ပြောသည်။

Public Service Announcement

Public Service Announcement

တညောင်ဒေသသည် စလင်းမြို့နယ်အထက်ပိုင်းတွင်ရှိကာ ဆိပ်ဖြူမြို့နယ်ရှိ ကပစ (၂၀၊ ၂၁၊ ၂၅) နှင့် ဆိပ်ဖြူမြို့ အမှတ်(၉)လေကြောင်းရန်ကာ ကွယ်ရေးကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်(လစခ) များသို့ အဓိက ဓာတ်အားပေးသည့် ဓာတ်အားခွဲရုံ ရှိသည်။

“မိသားစုဝင်၊အစောင့်၊ရခအာလုံး ၃၀ဝန်းကျင်ရှိတယ်။ရဲစခန်းနဲ့ တညောင်ဓာတ်အားခွဲရုံ(စစ်ကောင်စီတပ်သားများတပ်စွဲထားရာနေရာ)ကိုပါဖြတ်တောက်ရေးပွိုင့်၃ပွိုင့်ခွဲပြီးခွဲရုံကိုပါတိုက်ခိုက်တယ်။အဓိကစစ်ရေးရည် မှန်းချက်က ရဲစခန်းပါ။ခွဲရုံက စစ်ကူမလာနိုင်ရေးအတွက်ဖြတ်တောက် တာမျိုးပါ”ဟု တညောင်ရဲစခန်းသိမ်းပိုက်ခဲ့သည့်ဖြစ်စဥ်ကို စလင်းပကဖ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောထားသည်။

တညောင်ရဲစခန်းနှင့်တညောင်ဓာတ်အားခွဲရုံသည် နှစ်ဖာလုံကျော်အကွာ အဝေးရှိသည်။ကျန်ရှိသောရဲတပ်ဖွဲ့ဝင်များသည် တညောင်လျှပ်စစ်ဓာတ်အားခွဲရုံသို့ ထွက်ပြေးသွားကြောင်းသိရသည်။

“အင်အားအလုံးအရင်းနဲ့တိုးပြီး လုံခြုံယူထားတာမျိူးတွေလုပ်နေတယ်” ဟု တညောင်ဒေသအခြေအနေကို စလင်းမြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စလင်းမြို့နယ်တွင်တော်လှန်ရေးအင်အားစုများ စိုးမိုးထားသည့် စလင်း-ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းကိုစစ်ကောင်စီကယခုနှစ်စပိုင်းက တည်း က အင်အားရာနှင့်ချီသုံး၍ စစ်ထိုးခဲ့သည်။

လက်ရှိတွင်လည်းစလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းကိုသံချပ်ကာနှင့်တင့်ကားယာဥ်အချို့ဖြင့်ပါ သုံးပြီး စစ်ကြောင်းထိုးနေ၍ တော်လှန်ရေးအင် အားစုများနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။

စစ်ကောင်စီကပခုက္ကူမြို့အခြေစိုက်တပ်မ(၁၀၁)နှင့် မကွေးမြို့အခြေ စိုက် ခလရ (၂၅၃၊၂၅၄ နှင့်၂၅၅)တပ်ရင်းများ အသုံးပြုထားကြောင်း မြေပြင်ရဲဘော်အချို့က ဆိုသည်။

မကွေးတိုင်းအနောက်ဘက်ခြမ်းရှိ စလင်းမြို့နယ်သည် ဆော၊ဆိပ်ဖြူ၊ချောက်၊ရေနံချောင်း၊ပွင့်ဖြူ နှင့် စေတုတ္တရာမြို့နယ်တို့နှင့် ထိစပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ရှောင်တစ်ထောင်ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းပစ်ကူများနှင့် အင်အား ၂၀၀ခန့်ပါ ခြေလျင်စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်နေသော်လည်း ဖြတ်တောက်ပိတ်ဆို့ထားနိုင်ကြောင်း ဗမာ့တပ်တော်က ယနေ့(ဧပြီ ၂၂ ရက်)တွင် ထုတ်ပြန်သည်။

သတင်း

မကွေးတိုင်း၊စလင်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေကြောင်း ​ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း အင်အား ၁၀၀ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်များ၏တိုက်ခိုက်ခံရမှုကြောင့် အထိနာပြီး ပြန်ဆုတ်ခွာသွားကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ (ဧပြီ ၁၃ ရက်)တွင် ထုတ်ပြန်သည်။