Connect with us

Hi, what are you looking for?

သတင်း

ပေါက်နဲ့စလင်းက စစ်ရှောင်တွေ အရေပြားရောဂါ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီလိုအပ်နေ

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ရှောင်တစ်ထောင်ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

(ပေါက်မြို့နယ်က အရေပြားရောဂါခံစားနေရသော စစ်ရှောင်ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-လူသားစာနာဌာန)

ဇန်နဝါရီ-၂၉၊ ၂၀၂၆ ​ဇေအောင်/People’s Spring

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ရှောင်တစ်ထောင်ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

ပေါက်မြို့နယ် ဇုန်(၁)နယ်မြေအတွင်းက ကာလရှည် နေရပ်စွန့်ခွာနေရတဲ့ စစ်ဘေးရှောင်တွေဟာ လူကြီးနဲ့ ကလေး လူဦးရေ ၁၀၀၀ ခန့် အရေပြားရောဂါဝေဒနာများ ခံစားနေရကြောင်း ပေါက်မြို့နယ် လူသားစာနာဌာန တာဝန်ရှိသူက ပြောပါတယ်။

“ဆေးဝါးတွေ အဓိကလိုပါတယ်။ ပွေး ၊ ဝဲ ၊ နှင်းခူ ၊ ညှင်း တွေဖြစ်နေတာပါ”လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ စလင်းမြို့နယ်မှာလည်း စစ်ရှောင်ကလေးငယ်တွေနဲ့ လူငယ်လေးတွေဟာ အရေပြားရောဂါတွေဖြစ်ပွား​နေပြီး ဆေးဝါးလိုအပ်ချက်တွေရှိနေကြောင်း စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ရှောင်တွေဟာ ရေကောင်းရေသန့်မရတာ၊ ဆပ်ပြာအပါအဝင် တကိုယ်ရေသန့်ရှင်းရေးအသုံးအဆောင်တွေ မလုံလောက်တာတွေကြောင့် ဖြစ်ပွားနေကြတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

“ဆောင်းတွင်းရက်ဆိုပေမဲ့ ရေရှားတာရော၊ ကူးစက်တာတွေရော တလျှောက်လုံးဖြစ်ကြတယ်။ ရဲဘော်တွေလည်းဖြစ်ကြတယ်။ သေသေချာချာတော်တော်ကုယူရတာ။ တစ်ယောက်နဲ့တစ်ယောက်လည်း ဆင့်ဆင့်ပြီး ကူးစက်သွားတာ”လို့ မြိုင်နယ်အခြေစိုက် အညာမြေတပ်ပေါင်းစုတာဝန်ခံ ကိုဘိုဘိုသန့်စင်က ပြောပါတယ်။

ပြည်သူတွေအနေနဲ့ ဆေးဝါးတွေ ချိတ်ဆက်ကူညီပေးကြဖို့ ပေါက်မြို့နယ် လူသားစာနာဌာနကမေတ္တာရပ်ခံထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်မှာ ၁လအတွင်း စစ်တပ်စစ်ကြောင်းက ပြည်သူ ၂၄ ဦးထက်မနည်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်သွားကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်က ထုတ်ပြန်ပါတယ်။