Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအတုအယောင်ရွေးကောက်ပွဲကို ပြတ်သားစွာငြင်းပယ်ကြောင်း နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်ရေး အဖွဲ့ ၃ခု ပူးတွဲကြေညာ

တရားဥပဒေနှင့်မညီသည့် မြန်မာစစ်အုပ်စု စစ်ကောင်စီက ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အမည်ခံအစီအစဥ်များကို ပြတ်ပြတ်သားသားပင် ငြင်းပယ်ကြောင်း နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့အစည်း ၃ခုက ပူးတွဲကြေညာလိုက်သည်။

အာဏာသိမ်း​ခေါင်း​ဆောင်က စစ်​ကောင်စီ​၏​ရွေး​ကောက်ပွဲ​ကော်မရှင်ကအသုံးပြုမည်ဆို​သောအီလက်ထ​ရောနစ် မဲ​ပေးစက်ကို ၂၀၂၃ခုနှစ်၌ကြည့်ရှုစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ

ထားအိ/People’s Spring

တရားဥပဒေနှင့်မညီသည့် မြန်မာစစ်အုပ်စု စစ်ကောင်စီက ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အမည်ခံအစီအစဥ်များကို ပြတ်ပြတ်သားသားပင် ငြင်းပယ်ကြောင်း နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့အစည်း ၃ခုက ပူးတွဲကြေညာလိုက်သည်။

စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက်ငြိမ်းချမ်းရေးကိုသော်လည်းကောင်း၊ တည်ငြိမ်ရေးကိုသော်လည်းကောင်း ဆောင်ကြဥ်းပေးလိမ့်မည်မဟုတ်ကြောင်း မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုက လေးလေးနက်နက်ယုံကြည်သည်ဟုဖော်ပြသည်။ ပူးတွဲကြေညာချက်ကို ဒီမိုကရေစီနှင့်ရွေးကောက်ပွဲဆိုင်ရာအကူအညီပေးရေးနိုင်ငံတကာအဖွဲအစည်း(International IDEA)၊ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာ အာရှကွန်ယက်(ANFREL)နှင့် ကလပ်ဒီမက်ဒရစ်အသင်း(Club de Madrid)တို့က ထုတ်ပြန်ခြင်းဖြစ်သည်။

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲသည် သဘောထားကွဲလွဲမှုများ ပိုမိုနက်ရှိုင်းလာခြင်း၊ အင်အားသုံးတုံ့ပြန်မှု မြင့်တက်လာစေခြင်း၊ အာဏာရှင် အုပ်ချုပ်မှုကို ခိုင်မာစေခြင်းနှင့် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပွားခဲ့ရသည့် ပဋိပက္ခကို ပိုမိုဆိုးရွားလာစေခြင်းတို့ကို ဖြစ်စေလိမ့်မည်ဟု အထက်ပါအဖွဲ့များက သတိပေးသည်။

Public Service Announcement

Public Service Announcement

ပူးတွဲကြေညာချက်ပါ အဖွဲ့များက မြန်မာနိုင်ငံ၏ တရားဝင်မှုရှိသည့် ကြားကာလအစိုးရ အင်စတီကျူးရှင်းများကို ထောက်ခံပံ့ပိုးရန်၊ ပြတ်ပြတ်သားသားဆောင်ရွက်ကြရန်နှင့် မြန်မာပြည်သူလူထု၏ အသံကိုမြှင့်တင်ပေးရန် ကမ္ဘာ့လူမှုအသိုက်အဝန်းကို တိုက်တွန်းထားသည်။

အာဏာသိမ်းစစ်ကောင်စီသည် ယခုနှစ် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပပြုလုပ်မည်ဟု ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကတည်းက ကြွေးကြော်ထားပြီး ရွေးကောက်ပွဲကျင်းပနိုင်ရေးသည် ၎င်းတို့၏ အန္တိမရည်မှန်းချက်ပင်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် နိုင်ငံရေးပါတီများက ကြိုတင်ပြင်ဆင်ထားကြရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၃ရက်တွင် ပြောဆိုသည်။

သို့သော် လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံ မလေးရှားဝန်ကြီးချုပ်က စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲကျင်းပရေးထက် နိုင်ငံအတွင်း ငြိမ်းချမ်းရေးကို အဓိက ဦးစားပေးလုပ်ဆောင်သင့်ကြောင်း တိုက်တွန်းထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC တို့အပါအဝင် တော်လှန်ရေးအင်အားစုများ၊ ဒီမိုကရေစီရေးအင်အားစုများကလည်း စစ်ကောင်စီ ကျင်းပမည်ဆိုသော အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာထားကြသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။