Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့်တွေဆီမှာလူကုန်ကူးခံရသူ ၂၆၁ ဦးကို ထိုင်းစစ်တပ်ဆီ DKBA လွှဲပြောင်းပေး

ဓာတ်ပုံ - K.N.M ၊ AEC

People’s Spring

မြန်မာ-ထိုင်းနယ်စပ်မြဝတီမြို့နယ်အတွင်းဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA ) ထိန်းချုပ်ရာ နယ်မြေ ကျောက်ခက်ကျေးရွာက ကျားဖြန့် လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ် လုပ်ငန်းတွေဆီမှာ လူကုန်ကူးခံရသူ နိုင်ငံခြားသား ၂၆၁ ဦးကို ဒီကနေ့(​ဖေ​ဖော်ဝါရီ ၁၂ရက်​​နေ့) ညနေပိုင်းမှာထိုင်း ဘက်ဆီ DKBA က လွှဲပြောင်းပေးလိုက်ပါတယ်။

ထိုင်းနိုင်ငံ တာ့ခရိုင်၊ ဖုတ်ဖရမြို့နဲ့ မြန်မာနိုင်ငံမြ၀တီမြို့နယ်၊ ကျောက်ခက်​ကျေးရွာက နယ်ခြား​ ​သောင်းရင်းမြစ်ကမ်းမှာ DKBA က ထိုင်းစစ်တပ်ဆီလူကုန်ကူးခံရတဲ့ နိုင်ငံခြားသား​တွေကို လွှဲပြောင်းပေးလိုက်တာပါ။

လူကုန်ကူးခံရသူတွေကို DKBA တပ်က Hilux Pickup ကားတွေနဲ့ သယ်ဆောင်လာပြီး သောင်ရင်းမြစ်ကို ဇက်နဲ့ကူးစေကာ ထိုင်းစစ်တပ် လက်ထဲ အပ်လိုက်တာပါ။ ထိုင်းဘက်ခြမ်း သောင်ရင်းမြစ် ကမ်းမှာတော့ ထိုင်းစစ်တပ်က စစ်သုံးထရပ်ကားတွေနဲ့ အသင့်စောင့်ကြိုနေတာ ကိုထိုင်းသတင်းမီဒီယာတွေက ဖော်ပြတဲ့ ဓာတ်ပုံတွေအရ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့ DKBA က ထိုင်းစစ်တပ်ဆီ လွှဲပြောင်းပေးလိုက်တဲ့ လူကုန်ကူးခံရသူ ၂၆၁ ဦးမှာ ဖိလစ်ပိုင်၊ ဘဂ်လားဒေ့ရှ်၊ ဘရားဇီး၊ ကင်ညာ၊ လာအို၊ အီသီယိုးပီယား၊ ပါကစ္စတန်၊ တန်ဇန်နီးယား၊ သီရိလက်ာ၊ ယူဂန်ဒါနဲ့ ထိုင်ဝမ်နိုင်ငံသားတွေ ပါဝင်တယ်လို့ ထိုင်းသတင်းမီဒီယာ The Reporters ရဲ့ဖော်ပြချက်အရသိရပါတယ်။

DKBA ရဲ့စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်က အခုလို လူကုန်ကူးခံရသူတွေကို ပြန်လည်လွှဲပြောင်းနေတာတွေဟာ တရုတ် ၊ ထိုင်း အစိုးရ ဖိအားပေးတွေကြောင့်မဟုတ်ဘူးလို့ DVB သတင်းဌာန ကို ဖြေကြားထားတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်က အာရှလမ်းပိုင်းတိုက်ပွဲနဲ့ ကော့ကရိတ်မြို့တိုက်ပွဲတွေမှာ ဦးဆောင်ကွပ်ကဲခဲ့ပြီး တောင်ပိုင်းတိုင်းအမှတ်(၃၁)ဗျူဟာမှူးအဖြစ် တာဝန်ယူခဲ့သူ ဗိုလ်မှူးချုပ် စောကျော်သက်ဟာ အင်အား ၃၅၀ခန့်နဲ့အတူ စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)နဲ့ ပြန်ပူးပေါင်းသွားပါတယ်။

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။