Connect with us

Hi, what are you looking for?

သတင်း

မြိုင်မှာစစ်တပ်ယာဥ်တန်းတိုက်ခိုက်ခံရပြီး၊စစ်တပ်ကရွာကိုမီးရှို့လို့ နေအိမ်တွေအပြင် အဘွားအိုတစ်ဦးပါ မီးလောင်သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ Non CDM ဝန်ထမ်းတွေကို လာခေါ်တဲ့ စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ M.V.P Revolution Force အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဓာတ်ပုံ-M.V.P Revolution Force

မင်းညို/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ Non CDM ဝန်ထမ်းတွေကို လာခေါ်တဲ့ စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ M.V.P Revolution Force အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်က မြိုင်မြို့ပေါ်မှ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေနဲ့ ပျူတွေကို ပခုက္ကူမြို့ဘက် ခေါ်ဆောင်လာတဲ့ယာဥ်တန်းကို မြိုင်မြို့နယ်ထန်းငယ်တောရွာနဲ့ စဘေရွာကြားမှာ နှစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

မနက်ပိုင်းနဲ့ နေ့လယ်ပိုင်း ၂ ကြိမ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးသူ ၈ ဦးထက်မနည်း ရှိတယ်လို့သူက ဆိုပါတယ်။အဲဒီစစ်ဆင်ရေးကို 8+အညာမြေအင်အားစု၊M.V.P Revolution Force၊ မြိုင် ပ.က.ဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အထိနာသွားတဲ့စစ်ကောင်စီယာဥ်တန်းဟာ ဖေဖော်ဝါရီ ၁၉ ရက်မှာတော့ ကျောက်ဆောက်ရွာကို ရောက်ရှိချိန် သေဆုံး စစ်ကောင်စီတပ်သား ၃ ဦးအလောင်းကို လမ်းဘေးမှာ မီးရှို့ခဲ့ကြောင်း၊ ဒါ့အပြင် ကျောက်ဆောက်ရွာက နေအိမ် ၅ဝ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း M.V.P Revolution Force အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“အိမ်ထဲမှာ ကျန်နေခဲ့တဲ့ အသက်တစ်ရာကျော်အရွယ် အဘွားအိုတစ်ဦး မီးထဲပါသွားခဲ့ရတယ်လို့ သိရပါတယ်။ကျောက်ဆောက်ရွာ ဘုန်းကြီးကျောင်းအနီးကတ္တရာလမ်းဘေးမှာလည်း မီးရှို့ထားတဲ့ အမည်မသိ အလောင်း သုံးလောင်းတွေ့ရှိရတယ်လို့သိရပါတယ်။”လို့ We Love Myaing အဖွဲ့က ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ မြိုင်မြို့နယ်ထဲက မကျည်းစုနဲ့ ဝက်ကျရွာမှာ ရောက်ရှိနေကြောင်း၊ စစ်ကြောင်းတလျှောက်က ကျေးရွာတွေလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတဲ့ ပဲခူးတိုင်းအနောက်ပိုင်း ကြို့ပင်ကောက်မြို့နယ်မှာ ရွေးကောက်ပွဲ ကို ဝန်ထမ်းတွေအနေနဲ့ ကြိုတင်မဲပေးဖို့ စစ်ကောင်စီက ဖိအားပေး ခြိမ်းခြောက်နေတယ်လို့ ဒေသခံဝန်ထမ်းတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီက ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတိုင်းက Non-CDM ဝန်ထမ်းတွေကို ရွေးကောက်ပွဲသင်တန်း တက်ခိုင်းနေပြီး သင်တန်းမတက်ချင်လို့ ဝန်ထမ်းတွေကြား သဘောထားကွဲလွဲတာတွေ ဖြစ်ပွားနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်းက မြို့နယ်တွေမှာ စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲအတွက်ဆိုပြီး Non CDM ဝန်ထမ်းတွေမဲနှိုက်ပြီးသင်တန်းတက်ခိုင်း​နေကြောင်းသတင်းရရှိပါတယ်။

သတင်း

ရန်ကုန်တိုင်း ၊လသာမြို့နယ်ရှိအထက(၁)ကျောင်းမှအထက်တန်းပြဆရာဦးမျိုးမင်းဦးသည် ကျောင်းဝင်းအတွင်းရှိ နေအိမ်တွင် ကြိုးဆွဲချသေဆုံးမှုဖြစ်ခဲ့သည်။