ကဖေး/People’s Spring
ပဲခူးတိုင်း၊ ပြည်မြို့ရှိ အကျဉ်းထောင်အတွင်း ယနေ့(ဖေဖော်ဝါရီ ၂၃ရက်) နံနက် ၈နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားပြီ နိုင်ငံရေးအကျဉ်းသားအချို့ဒဏ်ရာရကြောင်း မြို့ခံများထံမှ သတင်းရရှိသည်။
” ၈နာရီ ၁၀မိနစ်လောက်က သေနတ်ပစ်ခတ်သံကြားတယ်။ စုံစမ်းကြည့်တော့ ထောင်ထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်တယ်လို့ သိရတယ်။အသေးစိတ်တော့မသိဘူး။ နောက်ဆုံးကြားထားတာတော့ နိုင်ကျဥ်းသုံးယောက် သေနတ်ဒဏ်ရာရတယ်တဲ့ ” ဟု ပြည်မြို့ခံတစ်ဦးကပြော သည်။
ပြည်အကျဥ်းထောင်ပစ်ခတ်မှုဖြစ်စဥ်တွင်ဒဏ်ရာရသူအချို့ရှိကြောင်းသတင်းရင်းမြစ်တဦးက ပြောသည်။

Public Service Announcement
” ထောင်ထဲကအကျဥ်းသားတွေကို စစ်မှုထမ်းဖို့ ခေါ်ထုတ်မယ်ဆိုတဲ့သတင်းတွေလည်းကြားနေရတယ်။ အဲဒါကြောင့် ထောင်တွင်းဆန္ဒပြလားတော့ မသိဘူး”ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။
“ဖြစ်စဉ်ကတော့ ဖြစ်တာ အတည်ပြုလို့ရပါတယ်။ သေနတ်ပစ်ခတ်မှုကလည်း အပေါ်ထောင်ဖောက်တာလို့တော့ သိရတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးက ပြောသည်။
