Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်နှင့်ပဲခူးသို့ တပ်ရွှေ့မည့် PDF တပ်ရင်း၊တပ်ဖွဲ့များအား NUG ပြည်ထောင်စုဝန်ကြီးချုပ် တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်‌ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသည် ရန်ကုန်မြို့သို့ဦးတည်သည့် စစ်ရေးဖော်ဆောင်မှုများအတွက် တပ်ရွှေ့ပြောင်းမည့် တပ်ရင်းတပ်ဖွဲ့များအား သွားရောက်တွေ့ဆုံခဲ့မှုမှတ်တမ်းရုပ်သံကို PDF တောင်ပိုင်းစစ်ဒေသက ယနေ့(ဖေဖော်ဝါရီ ၂၃ရက်)တွင် ထုတ်ပြန်သည်။

▪️စစ်အာဏာရှင်များမရှိအောင် တော်လှန်နေသည့် ရည်ရွယ်ချက် မပျောက်စေရန်နှင့် သွေးခွဲမှုများနားမယောင်ရန် သတိပေး

ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်‌ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသည် ရန်ကုန်မြို့သို့ဦးတည်သည့် စစ်ရေးဖော်ဆောင်မှုများအတွက် တပ်ရွှေ့ပြောင်းမည့် တပ်ရင်းတပ်ဖွဲ့များအား သွားရောက်တွေ့ဆုံခဲ့မှုမှတ်တမ်းရုပ်သံကို PDF တောင်ပိုင်းစစ်ဒေသက ယနေ့(ဖေဖော်ဝါရီ ၂၃ရက်)တွင် ထုတ်ပြန်သည်။

အဆိုပါရုပ်သံတွင် ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ရဲဘော်များအား လိုက်လံနှုတ်ဆက်ခြင်းလက်နတ်ခဲယမ်းများအားကြည့်ရှုစစ်ဆေးခြင်း ပြုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဝန်ကြီးချုပ်သွားရောက်တွေ့ဆုံခဲ့သည့် တပ်ဖွဲ့များတွင် ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့ (၄)၊လက်ရုံးအထူးစစ်ဆင်‌ရေးတပ်ဖွဲ့ (SOF)၊PDF တပ်ရင်း(၅၁၀၁)၊ တပ်ရင်း(၅၁၀၂)တို့ ပါဝင်သည်။

” ဒီနေ့ မင်းတို့တပ်တွေ ရွှေတော့မယ်။ရွှေ့တော့မယ်ဆိုတာ ငါတို့အစိုးရရဲ့ရည်ရွယ်ချက်ကတော့ အတွင်းထဲဝင်ပြီးတော့ရန်ကုန်၊ ပဲခူးဒီဒေသတွေပြန်လည် စိုးမိုးဖို့။ ဒါရည်ရွယ်ချက် ရှိတယ်။ဒီအတွက်လည်း ရွှေ့တာ။

ဒီနေ့ရွေ့တာဟာ တပ်ထွက်တာပဲ။ တိုက်ပွဲတွေစတော့မှာပေါ့ဟုတ်လား။ မင်းတို့လည်းသင်တန်းတွေလည်းပြည့်စုံကြပြီ။အတွေ့အကြုံတွေလည်းအများကြီးရှိသွားပြီ။မင်းတို့ကြန့်ကြာခံနိုင်မှုအတွက်လည်းအများကြီးဂုဏ်ပြုတယ်”ဟုဝန်ကြီးချုပ်က မှာကြားသည်။

တပ်ထွက်ခြင်းဆိုသည်မှာ ပန်းခင်းလမ်းကိုသွားခြင်းမဟုတ်ကြောင်း ကြမ်းတမ်းသည့်ဒဏ်ကိုခံနိုင်မည်ဟုယုံကြည်ကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၌ စစ်အာဏာရှင်အပါအဝင် အာဏာရှင်များမရှိအောင် တော်လှန်ရေးလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောကြားသည်။

“ဒီရည်ရွယ်ချက်တွေနဲ့လည်းမင်းတို့ဝင်လာကြတာ။အဲဒီရည်ရွယ်ချက်တွေမပျောက်ပါစေနဲ့။” ဟု ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက သတိပေးသည်။

အာဏာရှင်စနစ်ပျောက်မှ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဟုလည်းပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

” အဲဒီအတွက်ကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုခိုင်ခိုင်မာမာထားပါ။ဘာဖြစ်လို့ဆိုရင်အခုချိန်မှာအောင်မြင်မှုတွေအများကြီးရနေပြီ။ အောင်မြင်မှုရတဲ့အခါမှာသွေးခွဲတာတွေကများလာတယ်။”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

တတိယအုပ်စုဆိုသူများက PDF နှင့် အမျိုးသားညီညွတ်အစိုးရအကြား၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအကြား သွေးခွဲကြသည်ကိုနားမယောင်ရန် ပြည်ထောင်စုဝန်ကြီးချုပ်က သတိပေးသည်။

“အာရုံတွေထွေပြားသွားမယ်ဆိုရင် ငါတို့တော်လှန်ရေးက နှောင့်နှေးသွားမယ်။ နှောင့်နှေးလို့ကတော့မရတော့ဘူးဘာလို့လဲဆိုရင် လေးနှစ်ရှိသွားပြီ။” ဝန်ကြီးချုပ်က ပြောသည်။

လေးနှစ်အတွင်း တော်လှန်ရေးရဲဘော်များနှင့် ပြည်သူများ၏ကြံ့ကြံ့ခံနိုင်မှုကို ချီးကျူးသည်ဟုလည်း ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။

“ဒီတော်လှန်ရေးရာမင်းတို့ လူငယ်တွေနဲ့ပြည်သူတွေရဲ့တော်လှန်ရေးပဲ။ ငါတို့ကတော့ထိန်းကွပ်ပေးတဲ့ဦးဆောင်မှုပေးတဲ့ အခန်းကဏ္ဍပဲရှိတယ်။ ရှေ့ဆက်ပြီးတော့မင်းတို့ပဲတိုင်းပြည်တည်ဆောက်သွားကြရမှာ။ အဲဒီအတွက်ကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုခိုင်ခိုင်မာမာထားပါ။တော်လှန်ရေးကတော့ အောင်မြင်မှုကတော့နီးနေပါပြီ။”ဟုဝန်ကြီးချုပ်က ပြောသည်။

လက်ရှိ စစ်ကောင်စီပြုတ်ကျမတတ်ဖြစ် နေသည်မှာ တော်လှန်ရေးအင်အားစုများ၏ ညီညွတ်မှုကြောင့်ဖြစ်သည်ဟုလည်း ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။

“ညီညွတ်မှုပြိုကွဲသွားရင်တော့ ငါတို့တော်လှန်ရေးက နှောင့်နှေးသွားလိမ့်မယ်”ဟု လည်း ပြည်ထောင်စုဝန်ကြီးချုပ်က သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ပျောက်ဆုံးသူတွေ့ရင် ဆက်သွယ်ပေးဖို့ မိသားစုအကူအညီတောင်း

သတင်း

ရန်ကုန်မြို့၊မင်္ဂလာတောင်ညွှန့်မြို့နယ်က စတိုးဆိုင်မှာ ဝင်ခိုးတဲ့သူတွေကအိမ်ရှင်တွေကို တိုက်ခိုက်ခဲ့တာ‌ ‌ကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး သက်ကြီးပိုင်းအမျိုးသမီး တစ်ဦး ဒဏ်ရာရကာ အရေးပေါ်အခြေအနေနဲ့ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကားပစ္စည်းဈေးဝင်းအတွင်းမှာ သက်ကြီးပိုင် အမျိုး သား ၁ဦး အပူရှပ်ပြီး လေဖြန်းသွားခဲ့တယ်လို့ ဒေသခံနဲ့ လူမှုကူညီရေးအသင်းအဖွဲ့၀င်တချို့က ပြောပါတယ်။

သတင်း

အောက်တိုဘာ ၁၀ မှာ​ဒေသနှစ်ခုအပူချိန်စံချိန်သစ်တင်