Connect with us

Hi, what are you looking for?

သတင်း

ပုလောတွင် စစ်ကောင်စီခန့်အုပ်ကြီးနှင့် စစ်မှုထမ်းကိစ္စပါဝင်သူ သားဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံး

တနင်္သာရီတိုင်း၊ ပုလောမြို့မှ အမှတ်(၃)ရပ်ကွက် စစ်ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏သားဖြစ်သူ Non-CDM ဝန်ထမ်းတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းက ယနေ့(မတ်လ ၁ရက်)အသိပေး ထုတ်ပြန်သည်။

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့မှ အမှတ်(၃)ရပ်ကွက် စစ်ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏သားဖြစ်သူ Non-CDM ဝန်ထမ်းတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းက ယနေ့(မတ်လ ၁ရက်)အသိပေး ထုတ်ပြန်သည်။

ဖေဖော်ဝါရီ၂၇ ရက် ညနေ ၆နာရီခွဲခန့်က အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်နှင့် ၎င်း၏သား စာတိုက်စာရေး ကိုဝင်းမင်းထွန်းဆိုသူအား မြိတ်ခရိုင်တပ်ရင်း(၁)နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ တပ်ရင်း (၇)တို့ပူးပေါင်းပြီး ၎င်းတို့နေအိမ်သို့ သွားရောက်ပစ်ခတ်ခဲ့ခြင်းဟု ဖော်ပြသည်။

အုပ်ကြီးဦးထွန်းမြင့်သည် CDM မိသားစုများအား ဖမ်းဆီးရာတွင် စစ်ကောင်စီနှင့်ပူးပေါင်းလိုက်ပါခြင်း၊ လယ်ယာမြေများကို အကွက်ရိုက်၍ မြို့ကွက်ဖော်ရောင်းစာခြင်းအပြင် စစ်မှုထမ်းကိစ္စ လူငယ်များကိုဖမ်းဆီးခြင်းများ ပါဝင်လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

Public Service Announcement

Public Service Announcement

အလားတူ ၎င်း၏သား စာတိုက်စာရေး Non-CDM ဝန်ထမ်း ဝင်းမင်းထွန်းသည်လည်း CDM မိသားစုများအား ဖမ်းဆီးရာတွင် ကိုယ်တိုင် လိုက်လံပြသခြင်း၊ စစ်မှုထမ်းစာရင်းကောက်ယူရာတွင် ပါဝင်ခြင်းတို့ကြောင့် ယခုကဲ့သို့ ပစ်ခတ်ရခြင်းဟု တပ်ရင်း(၁)က အသိပေးသည်။

“သားဖြစ်သူကလည်း သူ့အဖေနဲ့အတူ စစ်မှု ထမ်းစုဆောင်းရေးကိစ္စတွေမှာ ထဲထဲဝင်ဝင်လုပ်ဆောင်ပေးနေသူဖြစ်တယ်။ ပြီးတော့ တော်လှန်ရေးသမား မိသားစုဝင်တွေရဲ့ နေ အိမ်တွေကို လိုက်လံပြသတာမျိုး လုပ်ခဲ့တာ ရှိတယ်”ဟု မြိတ်ခရိုင် တပ်ရင်း(၁)မှ ပြောခွင့်ရသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ပုလောမြို့နယ်အတွင်းရှိ ကျန်ရှိနေသော အုပ် ချုပ်ရေးမှူးများအနေဖြင့် စစ်ကောင်စီယန္တရားလည်ပတ်အောင် ကူညီလုပ်ကိုင်နေခြင်းအား ချက်ချင်းရပ်တန့်၍ လူငယ်များအားအတင်းအဓမ္မဖမ်းဆီးခေါ်၍ စစ်မှုထမ်းစေလွှတ်ခြင်းများ မလုပ်ကြရန် တိုက်တွန်းထားပြီး လိုက်နာခြင်းမရှိပါက အပြင်းထန်ဆုံးအရေးယူခံရမည်ဟု မြိတ်ခရိုင်အမှတ်(၁) တပ်ရင်းက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။

သတင်း

သူဝယ်မိတဲ့ဘောလုံးသမားဟာချင်းလန်းအက်ဖ်စီက Pa Lung ဖြစ်တယ်လို့သတင်းရင်းမြစ်အချို့​ပြော

သတင်း

​မြေးနှစ်ဦးကို နိုင်ငံခြားပို့ထားတဲ့ ရုပ်ရှင်ဒါရိုက်တာပန်းချီစိုးမိုးက အာဏာသိမ်းစစ်တပ်က လူငယ်တွေကို အဓမ္မစစ်မှုထမ်းခိုင်းနေချိန် စစ်မှုထမ်းတာဟာ ဂုဏ်ယူစရာကောင်းကြောင်းပြောပါတယ်။