Connect with us

Hi, what are you looking for?

သတင်း

မုံးစီးဒေသခံများကို သတ်ဖြတ်မှု MNDAA အား ဒေသခံများ ဆက်လက်ဆန္ဒပြ

ကချင်ပြည်နယ်၊ ကွတ်ခိုင်မြို့နယ် မုံးစီးဒေသ ပြိန်းခမ်းကျေးရွာအနီး ရွှေတူဖော်မှုကို ဒေသခံများတားမြစ်ရာမှ ခိုက်ရန်ဖြစ်ပွားသည့် ဖြစ်စဉ် တွင် ကိုးကန့်တပ်မတော်(MNDAA)က ပစ်ခတ် ခဲ့၍ ဒေသခံ ၆ဦးသေဆုံးခဲ့သည်နှင့်ပတ်သက်ပြီး ဒေသခံများက MNDAAအား ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

မုံးစီးဒေသခံများ MNDAAအား ကန့်ကွက် ကြောင်း စာများကပ်၍ ဆန္ဒထုတ်ဖော်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KSS၊ CJ

▪️ကွတ်ခိုင်မြို့ KIO/KIA ရုံးမှဝန်ထမ်းနှင့် တပ်ဖွဲ့ဝင်များ ထွက်ခွာရန် TNLA အင်အားသုံးဖယ်ခိုင်း

ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ကွတ်ခိုင်မြို့နယ် မုံးစီးဒေသ ပြိန်းခမ်းကျေးရွာအနီး ရွှေတူဖော်မှုကို ဒေသခံများတားမြစ်ရာမှ ခိုက်ရန်ဖြစ်ပွားသည့် ဖြစ်စဉ် တွင် ကိုးကန့်တပ်မတော်(MNDAA)က ပစ်ခတ် ခဲ့၍ ဒေသခံ ၆ဦးသေဆုံးခဲ့သည်နှင့်ပတ်သက်ပြီး ဒေသခံများက MNDAAအား ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

မတ်လ ၅ရက်က ပစ်ခတ်မှုအတွင်း ဒေသခံ ၆ဦး သေဆုံးကာ ၆ဦးဒဏ်ရာရရှိခဲ့ပြီး အခင်းဖြစ်ပွားသည့်ညပိုင်း၌လည်း သေဆုံးသူမိသားစုဝင်များနှင့် ဒေသခံများက MNDAA ရုံးရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့အပြင် ယမန်နေ့နှင့် ယနေ့(မတ်လ ၇ရက်)တွင်လည်း MNDAA အလိုမရှိကြောင်းနှင့် ပြည်သူအား သတ်ဖြတ်ခြင်းကို MNDAAက တာဝန်ယူမှုရှိစေရေး စာများကပ်ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ မုန်းစီးဒေသမှ MNDAA တပ်ဖွဲ့များထွက်ခွာရန်လည်း တောင်းဆိုခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ပစ်ခတ်မှုအတွင်း MNDAA တပ်ဖွဲ့ဝင်များအသုံးပြုခဲ့သည့် လက်နက်ကိုလည်း ပြည်သူများက သိမ်းဆည်းထားပြီး ဆန္ဒထုတ်ဖော်ရာ၌ MNDAA ယူနီဖောင်းနှင့်အတူတွဲ၍ ဖော်ပြထားသည်။

” လက်နက်ကပစ်ခတ်မှု ဖြစ်ပွားတဲ့နေ့မှာ ပြည်သူတွေက အဲဒီမှာ ရုန်းရင်းဆန်ခတ်ရင်းနဲ့ သိမ်းဆည်းထားတယ်လို့ အဲဒီလောက်ပဲ သိထားပါတယ်”ဟု သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ယနေ့ ညနေပိုင်းတွင် ကွတ်ခိုင်မြို့၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တအာင်းတပ်မတော်(TNLA) အကြား၌လည်း ပြဿနာထပ်မံဖြစ်ပွားနေသည်ဟု သတင်းရင်းမြစ်က ပြောသည်။

” ဒီကနေ့ ညနေ ၄နာရီခွဲဝန်းကျင်ကနေ ကွတ်ခိုင် မြို့ပြင်မှာ သွားလာလှုပ်ရှားနေတဲ့ KIAတပ်ဖွဲ့ဝင်တွေကို TNLA ဘက်က မြို့ထဲကို အဝင်မခံဘူးလို့ပြောတယ်။ ကွတ်ခိုင်ကနေ တာမိုးညဲဘက်အထွက် ရွှေစံပယ်ချောင်းမှာ တားဆီးထားတယ်လို့ ပြောတယ်။ ပြီးတော့ ကွတ်ခိုင်မြို့ထဲမှာရှိတဲ့ KIOဆက်ဆံရေးရုံးနဲ့ KIA လက်အောက်ခံဒေသ ကာကွယ်ရေး တပ်ဖွဲ့ရုံးက လူတွေကို TNLA ဘက်က ရုတ်တရုတ်ရောက်ရှိလာပြီး လာမောင်းထုတ်နေတယ်လို့ သိရပါတယ်”ဟု သတင်းရင်းမြစ်က ပြောသည်။

TNLAနှင့် KIAတို့သည် မဟာမိတ်အချင်းချင်းဖြစ်သော်လည်း နယ်မြေဆိုင်ရာနှင့်ပတ်သက်ပြီး ကွတ်ခိုင်၊ မန်တုံမြို့နယ်များ၌ ပြဿနာများ အကြိမ်ကြိမ်ဖြစ်ခဲ့ရာ နှစ်ဖက်တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုမဖြစ်သော်လည်း ထိုးကြိတ် ရိုက်နှက်မှုများ ရှိခဲ့သည်။

ပြဿနာဖြစ်ပွားတိုင်း နှစ်ဖက်တာဝန်ရှိသူများအကြား ဆွေးနွေးမှုပြုလုပ်ခဲ့သော်လည်း ပြေလည်ခြင်းမရှိဘဲ ထပ်မံ၍ ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသည်။

KIO ဘက်ကလည်း မဟာမိတ်အကြား သည်းခံရန်နှင့် လက်နက်နည်းသုံး ဖြေရှင်းခြင်းမပြုရန် စာထုတ်ထားပြီး TNLA စစ်ဦးစီးချုပ် တားဟိုပလန်ကလည်း မဟာမိတ်အချင်းချင်းအကြား ပြဿနာမဖြစ်ရေးဆောင်ရွက်ရန် မြေပြင်သို့ကွင်းဆင်းပြောကြားခဲ့ကြောင်း TNLA ဘက်က မကြာသေးမီက ထုတ်ပြန်ထားသည်။

ယခု ကွတ်ခိုင်မြို့နယ်အတွင်း KIAနှင့် TNLA အကြား ပြဿနာ ဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်၍ နှစ်ဖက် သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။