Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံနဲ့ မုံရွာမှာ စစ်တပ် စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်ရာ ထိခိုက်မှုရှိတယ်လို့ အဲဒီတော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

ခမရ(၁၅)ဂိတ်ကို MBT တပ်ဖွဲ့ဝင်များ သွားရောက်တိုက်ခိုက်နေစဥ်

မင်းညို/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်ရာ ထိခိုက်မှုရှိတယ်လို့ အဲဒီတော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

မနေ့က မတ်လ ၁၇ရက် ညနေ ၃နာရီခွဲခန့်က မြင်းခြံမြို့မှာရှိတဲ့ တပ်မ(၉၉) လက်အောက်ခံ ခမရ(၁၅) ခြေမြန်တပ်ရင်းရဲ့ စစ်ဆေးရေးဂိတ်ကို ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ပြောက်ကျားစနစ်နဲ့ အနီးကပ် ပစ်ခတ်ခဲ့တာလို့ MBTတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

“သူတို့ခြေမြန်တပ်ရင်းနားလေးပဲ။ သူတို့ဘက်က အင်အားကတော့ မသိပါဘူး။ အဝေးကပစ်တာမဟုတ်ပါဘူး။ အနီးကပ်ပါ။ ကျွန်တော်တို့ဘက်က ထိခိုက်တာမရှိဘူး။ သူတို့ဘက်က သုံးကောင် သေတယ်။ ဒဏ်ရာရတာတွေလည်း ရှိတယ်။ လက်နက်တော့မရဘူး။”လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ပြီးခဲ့တဲ့ မတ်လ ၁၄ရက်ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စက်မှုဇုန်လမ်းဆုံမှာ စစ်ဆေးငွေညှစ်နေတဲ့ အင်အား ၁၁ဦးခန့်ပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၃ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၂၂)နတ်ဆိုးတပ်ရင်းက ထုတ်ပြန်ပါတယ်။

အဲဒီစစ်အုပ်စုဟာ ရွာထောင်ကျေးရွာမှာ တပ်စွဲနေထိုင်ပြီး စက်မှုဇုန်လမ်းဆုံမှာ ကား၊ ဆိုက်တွဲတွေကို အနိုင်ကျင့် ပိုက်ဆံတောင်းလေ့ရှိတယ်လို့ သိရပါတယ်။

မုံရွာခရိုင် အမှတ် (၂၂)နတ်ဆိုးတပ်ရင်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ လက်တလောဆက်သွယ်လို့ မရသေးပါဘူး။စစ်အုပ်စုရဲ့ ထိခိုက်မှုအခြေအနေတွေကိုလည်း လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မြင်းခြံမြို့က တိုက်ခိုက်မှုကို Myingyan Black Tiger (MBT) တပ်ဖွဲ့ ၊ Anyar Federal Task Force (AFTF) နှင့် ဝံပုလွေ ပျောက်ကြားအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ရက်ကလည်း Myingyan Black Tiger (MBT)တပ်ဖွဲ့နဲ တော်လှန်ရေးအဖွဲ့တွေတိုက်ပွဲဖြစ်ပွားပြီး MBTတပ်ဖွဲ့ရဲ့ ဌာနချုပ် တပ်စခန်းအား ဆုံးရှုံးခဲ့ရပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မိုးကောင်းပြီး သစ်ပင်လဲပိလို့ ကား ၂စီး ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။