Connect with us

Hi, what are you looking for?

သတင်း

ဝ​ဒေသတွင် ဝက်ဝံကိုက်၍ကလေးတစ်ဦးသေဆုံး

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ထိန်းချုပ်‌ ဒေသမိုင်းပေါက်မြို့တွင် လှောင်အိမ်ဖြင့် မွေးထားသော ဝက်ဝံကိုက်၍ ကလေးငယ်တစ်ဦး သေဆုံးသွားသည်။

လှောင်အိမ်အတွင်းမှ ဝက်ဝံကို ​တွေ့ရစဥ်။ဓါတ်ပုံ-CJ

မိထက်/People’s Spring

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ထိန်းချုပ်‌ ဒေသမိုင်းပေါက်မြို့တွင် လှောင်အိမ်ဖြင့် မွေးထားသော ဝက်ဝံကိုက်၍ ကလေးငယ်တစ်ဦး သေဆုံးသွားသည်။

“ဝက်ဝံက ‌သံလှောင်အိမ်နဲ့ မွေးတာ။ ကလေးက အစာသွားကျွေးတာကို သံတိုင်ကြားကနေ လှမ်းဆွဲကိုက်တာ။ လက်နှစ်ဖက်စလုံးအရင်းကနေ ပြတ်ပြီး သွေးလွန်သေဆုံးတာ” ဟုဒေသခံတစ်ဦးကပြောသည်။

အဆိုပါ ဖြစ်စဉ်သည် မတ်လ ၂၂ရက်က ဖြစ်ခဲ့ပြီး သေဆုံးသည့် ကလေးငယ်မှာ အသက် ၇ နှစ်အရွယ်ဖြစ်သည်။ကလေးငယ်အား ဆေးရုံသို့ ပို့ဆောင်၍ ကုသခဲ့သော်လည်း သေဆုံးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ဒီဘက်မှာ အဲ့လိုတောကောင်တွေကို ဈေးကြီးပေးဝယ်မွေးကြတယ်။ UWSA ကလည် အရေးတယူမလုပ်ဘူး။ဝက်ဝံကလူသားစားပြီးရင်မလွယ်ဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

က​လေးငယ်အားကိုက်သည့် ဝက်တံကို မည်ကဲ့သို့‌ဆက်လုပ်သည်ကိုမူ မသိရသေးပေ။

ဝက်ဝံသည် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများကာကွယ်စောင့်ရှောက်ခြင်း ဥပဒေ ပုဒ်မ ၃၇(က)အရ လုံးဝကာကွယ်ထားတဲ့တောရိုင်းတိရစ္ဆာန် (Completely protected species)အဖြစ် သတ်မှတ်ထားသည်။

“သူ့ဘာသာသူ သဘာဝအတိုင်း တောထဲနေရမယ့် ဝက်ဝံကိုသံလှောင်အိမ်ထဲထည့်မွေးတဲ့အထိ ဦးနှောက်သိမ်ဖျင်းတာကို ဥပဒေနဲ့ အရေးယူပေးပါ”ဟု မိုင်းပေါက်ဒေသခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စက်ရုံဝင်းထဲထိ ဝင်ပြီး လူ ၄ ဦးကို တိုက်ခိုက်ခဲ့တဲ့နောက် ထွက်ပြေး လွတ်မြောက်သွားတဲ့၊ အံ့ဩစရာ ကောင်းလောက်အောင် ပါးနပ်လွန်းတဲ့ ဝက်ဝံတစ်ကောင်ကို ဂျပန်မှာ အပူတပြင်း လိုက်ရှာနေပါတယ်။

နိုင်ငံတကာ

ဂျပန်မှာ ဝက်ဝံတွေကို ခြောက်လှန့် မောင်းထုတ်ဖို့ တီထွင်ထားတဲ့ ဝံပုလွေ စာခြောက်ရုပ်တွေဟာ ဂျပန်ရဲ့ ကျေးလက်ဒေသတွေမှာ အထူးလူကြိုက်များနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ အရက်စတိုးထဲ ဖောက်ထွင်းဝင်ပြီး အရက်မူး အိပ်ပျော်နေလို့ လူသိများခဲ့တဲ့ ရက်ကွန်း ဝက်ဝံလေးဟာ အခုအခါ ကွင်းဆက် ဖောက်ထွင်းရေးသမား ဖြစ်လာနေပြီလို့ ရဲတွေက သံသယရှိနေပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံမှာ ဝက်ဝံတွေ ရန်ပြုတိုက်ခိုက်လို့ သေဆုံးသူ ဦးရေဟာ နှစ်အလိုက် စံချိန်တင် အရေအတွက်ထိ မြင့်တက်လာခဲ့ပါတယ်။