Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြီး​ကြောင့်နန်းတွင်းထဲက လပခမှာစစ်သားနဲ့မိသားစုဝင်​တွေ​သေဆုံးဒဏ်ရာရသူများ

ဖျက်အားပြင်းငလျင်ဒဏ်ကြောင့်မန္တလေးနန်းတွင်းထဲကအလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)ရဲ့အဆာက်အအုံများစွာပြိုကျခဲ့ပြီးသေဆုံး ဒဏ်ရာရသူအများအပြားရှိတယ်လို့ နန်းတွင်းမှာရှိ နေသူတဦးက ပြောပါတယ်။

သံဃာ​တော်တစ်ပါးနှင့် ငလျင်​ကြောင်ပြိုကျပျက်စီး​နေ​သော နန်းမြို့ရိုးကို​တွေ့ရစဥ်။ ဓါတ်ပုံ-AFP

▪︎နန်းတွင်းကအ​ဆောက်အအုံ​တွေရဲ့ ၇၀ ရာခိုင်နှုန်း​လောက်ထိခိုက်ပျက်စီးတယ်လို့နန်းတွင်းကစစ်သားတဦး​ပြော

ဧပြီ-၄၊၂၀၂၅။ ရှိန်း/People’s Spring

ဖျက်အားပြင်းငလျင်ဒဏ်ကြောင့်မန္တလေးနန်းတွင်းထဲကအလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)ရဲ့အဆာက်အအုံများစွာပြိုကျခဲ့ပြီးသေဆုံး ဒဏ်ရာရသူအများအပြားရှိတယ်လို့ နန်းတွင်းမှာရှိ နေသူတဦးက ပြောပါတယ်။

“ငလျင်လှုပ်တော့ ကျွန် တော်တို့အ ဆောင် တွေအကုန်ပြိုသွားတယ်။လူတွေ အပြင်ထွက် ပြေးရတာ။အဲတာအပြီးမှာ ပြင်ပလူနာဌာနမှာဒဏ်ရာရ တွေ၂၀၀ကျော်‌‌တယ်။နှစ်ရက်လောက် ဒီအထဲကဘယ်ဆရာဝန်မှမနားရဘူး”လို့ မတ်လ ၂၈ ရက်ငလျင်ကြီးလှုပ်ပြီး အ​ခြေအ​နေကို စစ်​ကောင်စီတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။‌

Public Service Announcement

Public Service Announcement

နန်းတွင်းထဲက စစ်တပ်အ​ဆောက်အအုံ​တွေအပြင်စစ်ကြောရေးအချုပ်ဆောင်​တွေလည်းပြိုကျခဲ့ပြီး နန်းတွင်းထဲရှိတဲ့ အ​ဆောက်အအုံရဲ့ ၇၀ ရာခိုင်နှုန်း​လောက် ပြိုကျခဲ့တယ်လို့ နန်းတွင်းထဲမှာ​နေတဲ့စစ်သားက​ပြောပါတယ် ။

နန်းတွင်းထဲမှာငလျင်​ကြောင့် အ​ဆောက်အအုံ​တွေပြိုလို့ စစ်​ကောင်စီတပ်ဖွဲ့ဝင်နဲ့ မိသားစုဝင်​တွေ ​သေဆုံးထိခိုက်တာ ၊အချုပ်​ဆောင်က အကျဥ်းသား​တွေထိခိုက်​သေဆုံးမှု အ​ခြေအ​နေ​တွေကို စစ်​ကောင်စီ က သတင်းအ​မှောင်ချထားပါတယ်။

ဒဏ်ရာရပြီး ကနဦး ဆေးရုံရောက်လာသူ တွေဟာ နန်းတွင်းကတပ်မိသားစုဝင် တွေသာဖြစ်ပြီး အချုပ်သားတွေမပါခဲ့ဘူးလို့သိရပါတယ်။မတ်လ၂၉ရက် နေ့မှာ ဆရာဝန်တချို့ကိုခွဲခေါ်ကာ အချုပ်သားတချို့ကုသပေးခဲ့တယ်လို့စုံစမ်းသိရပါတယ်။

“စီနီယာဆရာဝန်တချို့ကို ခေါ်သွားတာ။ဒဏ်ရာရတဲ့သူတွေ များတယ်လို့ပဲသိရတယ်။အရေအတွက်နဲ့သေဆုံးစာရင်းကိုမသိရဘူး။တပ်မိသားစုဝင်သေဆုံးစာရင်းတောင် ဆရာဝန်တွေ ကိုယ်တိုင်မသိရဘူး”လို့ အဲဒီအရာရှိတဦးက ပြောပါတယ်။

ဧပြီ ၄ ရက်​နေ့မနက်ပိုင်းအထိ နန်းတွင်းထဲမှာ ပြိုကျခဲ့တဲ့အဆောက်အဦး တွေကိုပစ္စည်းတွေယူခွင့်မပေးသလို ယာယီအ ဆောက်အဦး တွေလည်း ဆောက်လုပ်မပေးဘဲ ကွင်းပြင်မှာပဲ နေခိုင်းထားတယ်လို့စစ်တပ်မိသားစုဝင်တဦးက​ပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။