Connect with us

Hi, what are you looking for?

သတင်း

ဘုံးအိုးကျေးရွာမှာ ဗလီကိုးလုံးပြိုကျမှုကြောင့် အစ္စလာမ်ဘာသာဝင် ၄၀၀ခန့် သေဆုံး

မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာမှာ ငလျင်ဒဏ်ကြောင့် ဗလီတွေပြိုကျပြီး အစ္စလာမ်ဘာသာဝင် ၄၀၀ခန့် သေဆုံးခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။

အမရပူရမြို့နယ် ဗုံးအိုရွာက ဗလီတွေ ငလျင်ကြောင့် ပြိုကျပျက်စီးနေစဉ်။ ဓာတ်ပုံ – CJ

ဧပြီ ၄၊၂၀၂၅။Scorpio/People’s Spring

မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာမှာ ငလျင်ဒဏ်ကြောင့် ဗလီတွေပြိုကျပြီး အစ္စလာမ်ဘာသာဝင် ၄၀၀ခန့် သေဆုံးခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် အစ္စလာမ်ဘာသာဝင်တွေနေထိုင်တဲ့ ဘုံးအိုးကျေးရွာမှာ ဗလီ ၉လုံး ပြိုကျပြီး ဘုရားဝတ်ပြုနေတဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီး ၄၀၀ခန့် သေဆုံးခဲ့တာတယ်လို့ ဘုံးအိုးဒေသခံတွေက ပြောပါတယ်။

“အလောင်းတွေကို မနိုင်ဘူး။ ကရိန်းနဲ့ကိုကော်ချရတယ်။ ပထမတခါလှုပ်တဲ့အချိန်မှာ ပိမိသွားတဲ့သူတွေကို သွားကယ်တဲ့သူတွေပါ ဒုတိယအကြိမ်ထပ်လှုပ်တော့ ပါသွားတာ။”လို့ ဘုံးအိုးကျေးရွာက ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗလီတစ်ခုမှာ ဝတ်ပြုသူအရေအတွက်ဟာ ရာချီရှိတာကြောင့် သေဆုံးသူတွေများပြားခဲ့ခြင်းဖြစ်ပြီး ထိခိုက်သူတွေလည်း အများအပြားရှိတယ်လို့ သိရပါတယ်။ ဘုံးအိုးရွာက ဗလီအချို့ဟာ အမျိုးသမီးတွေပါ ဝတ်ပြုလို့ရတာကြောင့် သေဆုံးစာရင်းမှာ အမျိုးသမီးတွေ ပါနေတာလို့ မန္တလေးမြို့က အစ္စလာမ်ဘာသာဝင်တစ်ဦးက ပြောပါတယ်။

ရုပ်အလောင်းတွေကိုတော့ ဒေသခံတွေကိုယ်တိုင် အပြိုအပျက်တွေကြားက ထုတ်ယူခဲ့ကြပြီး အသက်ရှင်လွတ်မြောက်လာသူတချို့လည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် အမရပူရမြို့နယ်ထဲမှာရှိတဲ့ စားကြင်ဝဗလီမှာလည်း ဗလီပြိုလို့ လူ ၆ ဦး၊ ကုလားပျိုဗလီမှာလည်း လူ ၈ ဦး သေဆုံးခဲ့ကြောင်း၊ ကိုယ်ရံတော်ဗလီပြိုကျမှုမှာလည်း ထိခိုက်သေဆုံးသူတွေရှိတယ်လို့ အစ္စလာမ်ဘာသာဝင်တွေဆီကနေ သိရပါတယ်။

ငလျင်လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ဟာ သောကြာနေ့ဖြစ်တာကြောင့် အစ္စလာမ်ဘာသာဝင်တွေ ဗလီတက်ဝတ်ပြုချိန်နဲ့တိုက်ဆိုင်ပြီး ဗလီတွေပြိုကျကာ လူထိခိုက်သေဆုံးမှုများပြားခဲ့တာပါ။ ဒါ့အပြင် တန်ခူးလကွယ်ဥပုသ်နေ့လည်း တိုက်ဆိုင်တာကြောင့် ဗုဒ္ဓဘာသာဝင်တွေလည်း ဘုရားတွေမှာ ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။