Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးအတွက် မြို့နယ်ပေါင်း ၂၄ ခုတွင် ကျပ် ၁.၂ ဘီယီယံကျော် ထောက်ပံ့ပြီးဟု NUG အသိပေး

ငလျင်ကြီးလှုပ်ခတ်မှုအပြီး ဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ရေးလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိရာ မြို့နယ်ပေါင်း ၂၄ မြို့တွင် ကျပ်သိန်းပေါင်း ၁၂,၀၀၀ ကျော်(၁.၂ ဘီလီယံ) ထောက်ပံ့နိုင်ခဲ့ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ လူသားချင်းစာနာထောက်ထားရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MoHADM က ဧပြီ ၄ ရက် ရက်စွဲဖြင့် အသိပေးထုတ်ပြန်သည်။

ငလျင်ဘေးသင့်ပြည်သူများအား NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်ရင်း၊တပ်ဖွဲ့ ရဲဘော်များက ကူညီလုပ်ဆောင်မှုနှင့် စားနပ်ရိက္ခာပေးအပ်မှု ပြုလုပ်နေစဥ်။ ဓာတ်ပုံ - MOD

ဧပြီ ၅ ရက်၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ငလျင်ကြီးလှုပ်ခတ်မှုအပြီး ဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ရေးလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိရာ မြို့နယ်ပေါင်း ၂၄ မြို့တွင် ကျပ်သိန်းပေါင်း ၁၂,၀၀၀ ကျော်(၁.၂ ဘီလီယံ) ထောက်ပံ့နိုင်ခဲ့ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ လူသားချင်းစာနာထောက်ထားရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MoHADM က ဧပြီ ၄ ရက် ရက်စွဲဖြင့် အသိပေးထုတ်ပြန်သည်။

ရန်ပုံငွေထောက်ပံ့မှုများကို မန္တလေး၊ ပဲခူး၊ စစ်ကိုင်းနှင့် အိန္ဒိယနယ်စပ်၊ ရှမ်းပြည်တောင်ပိုင်း စသည့်ဒေသများမှ မြို့နယ် ၂၄ မြို့နယ်ကို ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး မန္တလေးအတွက် ကျပ်သိန်းပေါင်း ၇,၈၀၀ ကျော်ဖြင့် အများဆုံးဖြစ်သည်ကို တွေ့ရသည်။

တိုင်းနဲ့ ပြည်နယ်အလိုက် ရန်ပုံငွေထောက်ပံ့မှုများအရ မန္တလေးတိုင်းတွင် (၈)မြို့နယ်၊ စစ်ကိုင်းတိုင်း-အိန္ဒိယနယ်စပ် (၈)မြို့နယ်၊ ပဲခူးတိုင်း (၆)မြို့နယ်၊ နေပြည်တော်ကောင်စီနယ် မြေ (၁)မြို့နယ်နှင့် ရှမ်းပြည်တောင်ပိုင်း (၁)မြို့နယ် အသီးသီးပါဝင်ကြောင်း MoHADM ဌာန မှတ်တမ်းများအရ သိရသည်။

Public Service Announcement

Public Service Announcement

မတ်လ ၂၈ ရက်က စစ်ကိုင်းမြို့အနီးဗဟိုပြု လှုပ်ခတ်ခဲ့သော ရစ်ချ်စတာစကေး ၇ ဒသမ ၇ ရှိ အားပြင်းငလျင်ကြောင့် ယမန်နေ့(ဧပြီ ၄ ရက်)အထိ ရရှိထားသော စာရင်းများအရ နိုင်ငံတဝှမ်းသေဆုံးသူ ၃,၃၅၄ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၄,၅၀၈ ဦးရှိကာ ပျောက်ဆုံးနေသူ ၂၂၀ ဦး ရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် ငလျင်ဘေးသင့်ကာလအတွင်း NUG Public Affaris Hotlin(t.m/nugpublicaffarisbot)ဖွင့်လှစ်၍ နေ့စဥ် နံနက် ၁၀ နာရီမှ ည ၁၀ နာရီအတွင်း ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်ပေးလျှက်ရှိကြောင်း အသိပေးထားသည်။

၎င်းဝန်ဆောင်မှုများမှာ ငလျင်ဘေးသင့်မိသားစုများနှင့် အဆက်အသွယ်ပြတ်တောက်နေလျှင် ထိန်းချုပ်နယ်မြေအတွင်းဖြစ်ပါက မြေပြင်သတင်းစုံစမ်းပေးခြင်း၊ ငလျင်ဘေးလှူဒါန်းရန် ယုံကြည်စိတ်ချရသော အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခြင်း၊ ငလျင်ဘေးတွင် ကြုံတွေ့နေရသော အခက်အခဲများကို သတင်းပို့နိုင်ခြင်းနှင့် အကူအညီများချိတ်ဆက်ပေးခြင်း စသည့်အချက်များ ပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။