Connect with us

Hi, what are you looking for?

သတင်း

လွတ်ငြိမ်းပေးမှု နိုင်ကျဉ်း ၆၂ဦးသာ လက်တလောစာရင်းရထားဟု PPNM ပြော

စစ်ကောင်စီက ယနေ့ နှစ်ဆန်းတစ်ရက်နေ့ အကျဉ်းသားငါးထောင်နီးပါးအား လွတ်ငြိမ်းခွင့်ပေးရာတွင် လက်တလောစာရင်းအရ နိုင်ငံရေးအကျဉ်းသား ၆၂ဦးသာ စာရင်းရထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

အကျဉ်းသားများလွတ်ငြိမ်းပေးရာတွင် စောင့်ဆိုင်းနေသူအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ − PS

ဧပြီ ၁၇၊၂၀၂၅။သတိုး/People’s Spring

စစ်ကောင်စီက ယနေ့ နှစ်ဆန်းတစ်ရက်နေ့ အကျဉ်းသားငါးထောင်နီးပါးအား လွတ်ငြိမ်းခွင့်ပေးရာတွင် လက်တလောစာရင်းအရ နိုင်ငံရေးအကျဉ်းသား ၆၂ဦးသာ စာရင်းရထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

“စုစုပေါင်းလေးထောင်ကျော်ရဲ့အစွန်းထွက်ကိုမပါလာဘူးဆိုတဲ့ အခြေအနေတော့ဖြစ်နေတယ်။ကျွန်တော်တို့ မှန်းဆထားသလို ဒီတစ်ခေါက်လည်း ငါးရာခိုင်နှုန်းအောက် ၊လေးရာခိုင်နှုန်းလောက်ပဲ။ စုစုပေါင်းရဲ့လူဦးရေ လေးရာခိုင်နှုန်းလောက်ပဲ လွတ်ဖို့အခြေအနေဖြစ်နေတယ်” ဟု ၎င်းကပြောသည်။

PPNM မှရရှိထားသည့် စာရင်းများအရလွတ်ငြိမ်းပေးရာတွင် နိုင်ငံရေးအကျဉ်းသား ၆၂ဦးလွတ်မြောက်လာသည်ဟုသိရပြီး PPNM၏ ကနဦးသတင်းထုတ်ပြန်မှုတွင် ပေါင်းတည်အကျဉ်းထောင်မှ (၂)ဦး၊ထားဝယ်အကျဉ်းထောင်မှ(၂)ဦး၊ပြည်အကျဉ်းထောင်မှ (၉)ဦး ၊ညောင်ဦး အကျဉ်းထောင်မှ (၄)ဦး နှင့် ပခုက္ကူအကျဉ်းထောင်မှ (၅)ဦး ရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ဧရာဝတီတိုင်းကထောင်တွေလည်း လွတ်ငြိမ်းထဲမှာ နိုင်ကျဉ်းတွေတစ်ယောက်ပဲပါလာဝာာကိုဝောာ့ ထူးထူးဆန်းဆန်းကို တွေ့ရတယ်။ကျန်တဲ့တိုင်း တွေမှာတော့ အခုလွတ်တော့လွတ်နေဆဲပဲဆိုတော့ အတည်ပြုနေဆဲပဲ”ဟု ၎င်းက ပြောသည်။

နှစ်ဆန်းတစ်ရက်နေ့ ဧပြီ ၁၇ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းသား ၄၈၉၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စစ်ကောင်စီအနေဖြင့် နှစ်ဆန်းတစ်ရက်အပါအဝင် အခါကြီးရက်ကြီးများတွင် လွတ်ငြိမ်းခွင့်ပေးလေ့ရှိပြီး ၎င်းတို့မတရားဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားအနည်းငယ်သာ ပါဝင်လေ့ရှိသည်။

ဧပြီ ၁၇ရက်မတိုင်မီ ထောင်ဒဏ်ချခံ‌နေရ သူများအား ပြစ်ဒဏ်၏ ၆ ပုံ ၁ ပုံကို လျော့ပေါ့‌ပေးသည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ထားသော်လည်း မတရားအသင်း အက်ဥပဒေ၊ လက်နက်မှု၊ အကြမ်းဖက်တိုက်ဖျက်ရေး အက်ဥပဒေ၊ အဂတိအမှု၊ သဘာဝဘေးအမှု၊ဖောက်ခွဲမှု၊ မှုးယစ်ဆေးဝါးမှု၊ လူသတ်မှု၊ မုဒိမ်းမှုတို့ မပါဝင်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။