Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့အနီး ပေါက်ကွဲသံထွက်ပေါ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အနီးတွင် ယနေ့(ဧပြီ၂၀ရက်) ညပိုင်းက ပေါက်ကွဲသံ ငါးချက်ထက်မနည်းထွက်ပေါ်ခဲ့ပြီး ဒေသခံများ စိုးရိမ်နေသည်။

လားရှိုးမြို့ရှိ အဝိုင်းပတ်တနေရာ၌ အလံများလွှင့်ထူးထားသည်ကို ဧပြီ ၁၇ရက်က တွေ့ရစဉ်။ ဓာတ်ပုံ − CJ

ဧပြီ ၂၀၊၂၀၂၅။ ခွာညို/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အနီးတွင် ယနေ့(ဧပြီ၂၀ရက်) ညပိုင်းက ပေါက်ကွဲသံ ငါးချက်ထက်မနည်းထွက်ပေါ်ခဲ့ပြီး ဒေသခံများ စိုးရိမ်နေသည်။

အဆိုပါ ပေါက်ကွဲသံသည် လားရှိုးမြို့အပြင်ဘက်မှ ည ၉နာရီခွဲခန့်တွင် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

” လက်နက်ကြီး ပစ်တာလိုလို၊ မိုင်းကွဲတာလိုလိုနဲ့ မျိုးစုံပြောနေကြတယ်။ ပစ်ခတ်သံတွေမကြားရတာကြာပြီဆိုတော့ ကြောက်ကြတယ်။ ကျနော်တို့လည်း စိတ်ပူတယ်။ အခုအချိန်က ဘာမှပြောလို့မရတဲ့အနေအထားမျိုးဖြစ်နေတယ်”ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကိုးကန့်တပ်မတော်(MNDAA)က ပြီးခဲ့သည့် ၂၀၂၄ ဩဂုတ်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နေသော လားရှိုးမြို့အား တရုတ်အစိုးရ၏ ဖိအားပေးမှုအကူအညီနှင့်အတူ စစ်ကောင်စီထံသို့ ယခုရက်ပိုင်း ပြန်လည်လွှဲပြောင်းပေးရမည်ဖြစ်သည်။

လားရှိုးမြို့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧပြီ ၁၇ရက်ကစ၍ လားရှိူး- သီပေါပြည်ထောင်စုလမ်းရှိ နောင်မွန်လမ်းပိုင်းမှတဆင့် ဝင်လာသလို ဌာနဆိုင်ရာဝန်ထမ်းအချို့ကိုလည်း ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့သည်။

ထိုရက်မတိုင်မီက MNDAA တပ်ဖွဲ့ဝင်များ ဆုတ်ခွာခဲ့ကြသည်။ ‌သို့သော် လားရှိုးမြို့တွင် MNDAA အရာရှိအချို့နှင့် တပ်ဖွဲ့ဝင်အချို့တွေ့မြင်နေရသေးသည်ဟု ဒေသခံများက ပြောသည်။

တရုတ်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းလည်း လားရှိုးမြို့သို့ရောက်နေပြီး မကြာမီ MNDAA၊တရုတ်နှင့် စစ်ကောင်စီတို့ လားရှိုးမြို့၌သုံးပွင့်ဆိုင်ဆွေးနွေးမည်ဟု သတင်းရရှိသည်။ တိန့်ရွှီကျွင်း လားရှိုး မြို့၌ရှိနေစဉ် ပေါက်ကွဲသံများထွက်ပေါ်ခဲ့၍ နောက်ဆက်တွဲအခြေအနေကို ဒေသခံများက စိတ်ဝင်စားနေသည်။

အတည်မပြုနိုင်သေးသောသတင်းများအရ လားရှိုးမြို့ပေါ်နေရာအချို့တွင် စိုက်ထူထားသော MNDAAအလံများကို စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့က ယနေ့ည လိုက်လံဖြုတ်နေပြီး ထိုအချိန်တွင် ပေါက်ကွဲသံများထွက်ပေါ်လာခြင်းဟု မြို့ခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ပေါ်မှာမူးယစ်ဆေးကြောင်နေသူက ဒေသခံတွေကိုသေနတ်နဲ့ ခြိမ်းခြောက်လို့ ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်ရပါတယ်။