Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့သို့ စစ်ကောင်စီယာဉ်တန်း စတင်ဝင်ရောက်လာ

MNDAAတပ်ဖွဲ့များဆုတ်ခွာသွားသည့်လားရှိုးမြို့သို့ စစ်ကောင်စီယာဉ်တန်း ယနေ့(ဧပြီ-၂၂) နံနက်ပိုင်း၌ စတင်ဝင်ရောက်လာသည်။

စစ်​ကောင်စီတပ်ကားတစ်စီးက နမခ အလံ အပါအဝင် အလံ နှစ်ခုနှင့်တပ်၍ဧပြီ ၂၂ ရက်​နေ့ကလားရှိုးမြို့သို့ဝင်လာစဥ်။ ဓါတ်ပုံ-Nay Myo

ဧပြီ၂၂၊၂၀၂၅။ဇော်ရမ်း/People’s Spring

MNDAAတပ်ဖွဲ့များဆုတ်ခွာသွားသည့်လားရှိုးမြို့သို့ စစ်ကောင်စီယာဉ်တန်း ယနေ့(ဧပြီ-၂၂) နံနက်ပိုင်း၌ စတင်ဝင်ရောက်လာသည်။

နမ့်ပေါင်ရွာဘက်မှ ဝင်ရောက်လာခြင်းဖြစ်ပြီး မိုးကာအုပ်ကားအစီးရေ ၅၀ ထက်မနည်းပါဝင်ကြောင်း မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“အခြေအနေကတော့ စိတ်မသန့်သလိုပဲဗျာ။ ဘာဆက်ဖြစ်မလဲမသိပါဘူး”ဟုမြို့ခံကပြောသည်။

စစ်ကောင်စီ​ထောက်ခံသူအချို့ကမူ စိုးရိမ်စရာမရှိကြောင်းရေးသား​နေကြသည်။ပြန်ဝင်လာသူများသည် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ဘက်သို့ ဦးတည်ဝင်ရောက်သွားသည်ဟုဒေသခံများကပြောသည်။

တရုတ်အကူအညီဖြင့် လားရှိုးမြို့သို့ စစ်ကောင်စီတပ်ပြန်ဝင်လာပြီးနောက် လားရှိုးမြို့တော်ခန်းမရှေ့တွင်လွှင့်ထူထားသော MNDAAနှင့် ကိုးကန့်အထူးဒေသ (၁)အလံကိုဧပြီလ၂၁ ရက်ကဖြုတ်ချခဲ့သည်။ထို​နောက် ဧပြီ ၂၂ ရက်​နေ့တွင်စစ်ကောင်စီအင်အားအများအပြား ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် တိန့်ရွှီကျွင်းသည် လားရှိုးမြို့သို့ ရောက်နေသည်။တိန့်ရွှီကျွင်း၊စစ်ကောင်စီအမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူးဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးနှင့် MNDAAအထွေထွေအတွင်းရေးမှူး နှင့် စစ်ဦးစီးချုပ်တို့သည် က လားရှိုးမြို့၌တွေ့ဆုံဆွေးနွေးခဲ့သည်။ သို့​သော်ဆွေးနွေးပွဲရလဒ်ကိုမသိရသေးပေ။

https://www.facebook.com/LuduNwayOo/videos/2245797509155937

ရုပ်သံ-Padang Shingni)

ရမခ အပါအဝင် လားရှိုးမြို့ကို MNDAA နှင့်မဟာမိတ်များက၂၀၂၄ သြဂုတ်လ ၃ ရက်​နေ့တွင် အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။ အထူးဒေသ(၁)အဖြစ် ထည့်သွင်းသတ်မှတ်ကာ အုပ်ချုပ်ရေးယန္တရားအသက်သွင်းနေစဉ် တရုတ်၏ ဖိအားကြောင့် MNDAA ပြန်ဆုတ်ခွာရပြီး စစ်ကောင်စီက ပြန်ဝင်လာခြင်းဖြစ်သည်။

တရုတ်အစိုးရက မြန်မာအ​ရေးကိုထိုသို့ဝင်​ရောက်စွက်ဖက်​နေ​သော်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က တရုတ်အစိုးရမှာ အခြားတိုင်းပြည် ၏ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်​သောမူကို လိုက်နာ​နေကြောင်း​ပြောသည်။

“တရုတ်နဲ့ မြန်မာနိုင်ငံတို့ဟာ ရင်းနှီးချစ်ကြည်တဲ့ အိမ်နီးချင်းတွေပါ။ မြန်မာ့အရေးအပေါ် တရုတ်ရဲ့ရပ်တည်ချက်က အလွန်ကိုပဲ ရှင်းလင်းပါတယ်။ ကျွန်တော်တို့ဟာ တခြားတိုင်းပြည်ရဲ့ ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်တဲ့မူကို လိုက်နာပါတယ်”ဟုGuo Jiakun က ဧပြီ ၂၁ ရက်တွင်ပြုလုပ်​သောတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲ၌​​ပြောကြားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

BRICS ထိပ်သီးအစည်းအဝေးမှ ပေကျင်း အရေးပေါ်ဆေးရုံအထိ မေးခွန်းထုတ်စရာ သတင်းများ

နိုင်ငံတကာ

ကုန်းပိတ် ဒေသတွေကို ပင်လယ်နဲ့ ရေလမ်းကြောင်း တိုက်ရိုက် ဆက်စပ်ပေးမယ့် တူးမြောင်းကြီး တစ်ခုကို တရုတ်က စတင်ဖွင့်လှစ်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။