Connect with us

Hi, what are you looking for?

သတင်း

MNDAAပြန်ပေးထားသည့်လားရှိုးမြို့ပေါ် ကွက်၍ စစ်​ကောင်စီကအန္တရာယ်ကင်းပရိတ်ရွတ်

တရုတ်အစိုးရကြားဝင်မှုဖြင့် MNDAAကပြန်ပေးထားသည့်လားရှိုးမြို့​တွင်စစ်ကောင်စီက အန္တရာယ်ကင်းပရိတ်ရွတ်ရန် စီစဉ်နေသည်။

စစ်​ကောင်စီ၏ ဗုံးကြဲမှု​ကြောင့်လားရှိုးမြို့​တ​စ်နေရာ အပျက်အစီးများကို​၂၀၂၄ စက်တင်ဘာ ၂၇ ရက်ကတွေ့ရမှု။ ဓါတ်ပုံ-MNDAA

​မေ-၄၊၂၀၂၅။ကဖေး/People’s Spring

တရုတ်အစိုးရကြားဝင်မှုဖြင့် MNDAAကပြန်ပေးထားသည့်လားရှိုးမြို့​တွင်စစ်ကောင်စီက အန္တရာယ်ကင်းပရိတ်ရွတ်ရန် စီစဉ်နေသည်။

လားရှိုး မန်ဆူရှမ်းကျောင်းဆရာတော် ဦးဆောင်ကာ ယနေ့(မေလ ၄ရက်)ည‌နေ ၄နာရီမှစကာ မြို့ပေါ်ရပ်ကွက်များ၌ ပရိတ်ရွတ်မည်ဟု မြို့ခံတစ်ဦးကပြောသည်။

“တစ်မြို့နယ်လုံးမဟုတ်ဘူး။ မြို့ပေါ်ရပ်ကွက်တွေပဲပါတာ။သူတို့ကကြောက်တတ်တော့ဘာသာရေးနဲ့ ပြန်ပြီး အားကိုးရှာတာ”ဟုလားရှိုးမြို့၌စစ်‌‌ ကောင်စီကပရိတ်ရွတ်မည့်အစီအစဉ်နှင့် ပတ်သက်၍ မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

လားရှိုး မန်ဆူရှမ်းကျောင်းဆရာတော်သည် စစ်ခေါင်းဆောင်၏ အပူဇော်ခံဘုန်းကြီးဖြစ်သည်။ လားရှိုးမြို့ကို ၁၀၂၇ စစ်ဆင်းရေးဖြင့် MNDAA နှင့် ပူး​ပေါင်းတပ်များကစတင်တိုက်ခိုက်စဉ် မြို့ခံများထွက်ခွာမသွားရန် နှင့် စစ်ကောင်စီက အခြေအနေကို ထိန်းချုပ်နိုင်မည်ဟု လူမှုကွန်ယက်မှတစ်ဆင့် ဟောခဲ့သည်။

အမှန်တကယ်တိုက်ပွဲပြင်းထန်လာသောအခါ ၎င်းသည် မြို့မှ ထွက်ပြေးသွားခဲ့ပြီး ယခုရက်ပိုင်းတွင် ပြန်ဝင်လာခြင်းဖြစ်သည်။

MNDAA နှင့် မဟာမိတ်များက လားရှိုးမြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီထိခိုက်သဆုံးမှုများသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင် စစ်တပ်ရင်းများ၊ လားရှိုးလေဆိပ်တို့၌ သရဲခြောက်သည်ဟူသောကောလာဟလများလည်း ဒေသခံများအကြား၌ ပျံ့နှံ့နေသည်။

“လေဆိပ်မှာ တိုက်ပွဲဖြစ်တုန်းကလည်း စစ်တပ်ဖက်ကအများကြီးသေ‌တာ။အလောင်းတွေတိုခွေးတွေက စားတာလေ။ ဘယ်သူကမှလည်း အမျှမပေးနိုင်ဘူးလေ။ မြို့ထဲက သူတို့ဝင်တပ်စွဲတဲ့အိမ်‌တွေထဲလည်း အရိုးစုတွေကျန်နေတာလေ။ အရမ်းကြောက်ဖို့ကောင်းတယ်”ဟု လားရှိုးမြို့ခံတစ်ဦးကပြောသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အပါအဝင် လားရှိုးမြို့ကို MNDAA နှင့် ပူး​ပေါင်းတပ်များက၂၀၂၄ ခုနှစ်သြဂုတ်လဆန်းတွင် သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။ထို​နောက် အထူးဒေသ(၁)အဖြစ် ထည့်သွင်းသတ်မှတ်ပြီး အုပ်ချုပ်ရေးယန္တရားအသက်သွင်းနေစဉ် တရုတ်၏ ဖိအားကြောင့် စစ်ကောင်စီထံ ပြန်ပေးလိုက်သည်။ မြို့ပေါ်ရပ်ကွက် ၁၂ခုကိုသာ MNDAA က ပြန်ပေးခြင်းဖြစ်သည်။

ယခုနှစ်ဧပြီလ ၁၉ရက်မှစ၍ လားရှိုးမြို့သို့ စစ်ကောင်စီ ပြန်ဝင်လာစဉ်ကလည်းတရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းဦးဆောင်သည့်ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့၏အကာအကွယ်ဖြင့်ပြန်ဝင်လာခြင်းဖြစ်သည်။

စစ်ကောင်စီသည်လားရှိုးမြို့ကိုမအုပ်ချုပ်နိုင်သေးဘဲ တရားဥပဒေစိုးမိုးမှုမရှိသည့်အခြေအနေဖြစ်နေသည်ဟု မြို့ခံအချို့ကပြောသည်။

​မေလ ၄ ရက်​နေ့ညနေပြုလုပ်မည့် အန္တရာယ်ကင်းပရိတ်ရွတ်သည့်အစီအစဉ်ကိုမြို့ခံအများစုပူးပေါင်းပါဝင်ခြင်းမရှိကြဘဲ ဌာနဆိုင်ရာများနှင့် စစ်ကောင်စီထောက်ခံသူအနည်းငယ်သာ ပါဝင်ကူညီနေသည်ဟု သတင်းရရှိသည်။

စစ်တပ်သည်လာရှိုးမြို့သိမ်းတိုက်ပွဲအပါအဝင်တော်လှန်ရေးအင်အားစုများက မြို့သိမ်းတိုက်ပွဲထိုးစစ်ဆင်ခံရချိန် များတွင်လည်း စစ်​​ကောင်စီကဦးဆောင်၍ အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ခြင်း ၊ယတြာ​ခြေခြင်းများကိုပြုလုပ်လေ့ရှိသည်။

စစ်​ကောင်စီက လားရှိုးမြို့ကိုဆုံးရှုံးပြီး​နောက် လ​ပေါင်းများစွာ တိုက်​လေယာဥ်များဖြင့် မြို့ကိုဗုံးကြဲဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ပေါ်မှာမူးယစ်ဆေးကြောင်နေသူက ဒေသခံတွေကိုသေနတ်နဲ့ ခြိမ်းခြောက်လို့ ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်ရပါတယ်။