Connect with us

Hi, what are you looking for?

သတင်း

နယ်စပ်မှာ လက်နက်ကိုင် အဖွဲ့တစ်ခုက လာအို စစ်တပ်ကို တိုက်ခိုက်၊ ထိုင်းပိုင်နက်ထဲ ကျည်ဆန်ကျ

နယ်စပ်နားမှာ လာအို လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုက တိုက်ခိုက်ခဲ့ပြီး ကျည်ဆန်တစ်တောင့်က ထိုင်းပိုင်နက်ထဲထိ ကျရောက်ခဲ့တယ်လို့ သိရပါတယ်။

နယ်စပ်နားမှာ လာအို လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုက တိုက်ခိုက်ခဲ့ပြီး ကျည်ဆန်တစ်တောင့်က ထိုင်းပိုင်နက်ထဲထိ ကျရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်နဲ့ ကြုံတွေ့ပြီးတဲ့နောက် မေလ ၅ ရက်နေ့မှာ ထိုင်းနယ်ခြားစောင့်တပ်ဟာ လာအိုနဲ့ထိုင်း နယ်စပ်တလျှောက် အခြေအနေတွေကို နိုးနိုးကြားကြား စောင့်ကြည့်ဖို့ တပ်လှန့်ထားပါတယ်။

ထိုင်းပိုင်နက်ဖြစ်တဲ့ ဝီယန်ခန်း ခရိုင်ရဲ့ တစ်ဖက်ခြမ်း လာအိုဖက်မှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့နောက် ထိုင်းက အခုလို တန်ပြန် လုံခြုံရေး အစီအစဉ်တွေ အကောင်အထည် ဖော်လာခဲ့တာပါ။

နှစ်နိုင်ငံကြား နယ်စပ်အဖြစ် ရှိနေတဲ့ မဲခေါင်မြစ်ရဲ့ တစ်ဖက်ခြမ်း နေရာတချို့မှာ မေလ ၅ ရက်နေ့က သေနတ်သံတွေ ဆက်တိုက် ကြားနေခဲ့ရတာလို့ ဆိုပါတယ်။ ပြီးတော့ လာအိုဖက်က ပစ်ခတ်လိုက်တဲ့ ၇.၆၂ မမ ကျည်ဆန် တစ်တောင့်ဟာ ထိုင်းဖက်ကို ကျရောက်လာပြီး ပေါ်ခရိုင်ခွဲထဲက ရွမ်ဖာပါမွန် ကျေးရွာထဲ ကျရောက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ကျည်ဆန်ဟာ အိမ်တစ်ခုရဲ့ အမိုးကို ဖောက်ပြီး အိမ်ထဲဝင်လာခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။

အမည်မသိ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုက လာအို စစ်စခန်း တစ်ခုနဲ့ တခြား လုံခြုံရေးတပ်ဖွဲ့ နေရာတချို့ကို တိုက်ခိုက်ရာကနေ ထိုင်းဖက်ကိုပါ ကျည်ဆန်က လမ်းချော်ပြီး ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ တိုက်ခိုက်မှုဟာ ဧပြီ ၂၀ ရက်နေ့က လာအိုမှာ မက်သာမက်ဖက်တမင်း ဆေးပြား သန်း ၂၀ ကို သိမ်းဆည်းရမိခဲ့တဲ့ ဖြစ်စဉ်အတွက် လက်တုံ့ပြန်တာလို့ ယုံကြည်ရပါတယ်။

ဒါပေမဲ့ လာအို အာဏာပိုင်တွေကတော့ တိုက်ခိုက်မှု ကြုံတွေ့ရတဲ့ အကြောင်းရင်းကို အတိအကျ မှတ်ချက် မပေးသေးပါဘူး။ တိုက်ခိုက်မှုမှာ လာအို လုံခြုံရေး တပ်ဖွဲ့ဝင် အနည်းဆုံး ၂ ဦး သေဆုံးခဲ့ကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

နောက်ထပ် ထွက်ပေါ်နေတဲ့ ကောလာဟလတွေကတော့ မူးယစ်မှောင်ခိုသမားတွေဟာ မူးယစ်ဆေးတွေ သယ်ယူနေတဲ့အချိန် လာအို စစ်တပ် ကင်းလှည့်ယူနစ်နဲ့ ထိပ်တိုက်တွေ့ရာက ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ စတင်ခဲ့တယ် ဆိုတာပါ။ အဲဒီ သတင်းတွေကိုလည်း သီးခြား အတည်မပြုနိုင်ပါဘူး။

ထိုင်းနဲ့ လာအို နယ်ခြားစောင့် လုံခြုံရေး အရာရှိတွေက နယ်စပ် အခြေစိုက် လှုပ်ရှားနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုခုက အစိုးရ တပ်တွေကို တိုက်ရိုက် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ် ဆိုတာဟာ မျှော်လင့်ထားတဲ့ အခြေအနေ တစ်ခု မဟုတ်ခဲ့ကြောင်းတော့ အတည်ပြုထားကြပါတယ်။

ကိုးကား: The Nation

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သတင်း

လူသိထင်ရှား တရုတ် အနုပညာ ကြယ်ပွင့် တစ်ဦးကို တွေ့ခွင့်ရဖို့ ကြိုးစားတဲ့ တရုတ် ပရိသတ် အဖွဲ့တစ်ဖွဲ့ကို လေယာဉ်ပေါ် ပေးမတက်ခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာရှိတဲ့ သုဝဏ္ဏဘူမိ လေဆိပ်က ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးရွာထဲ ဘောလုံးကန်နေတုန်း မိုးကြိုးပစ်ချလို့ ဘောလုံးသမားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။