Connect with us

Hi, what are you looking for?

သတင်း

နာဂ‌ဒေသတွင် မိုး​ကောင်းပြီးလမ်းပန်းဆက်သွယ်​ရေးပြတ်တောက်ကာ စားနပ်ရိက္ခာအခက်ကြုံ

နာဂဒေသအတွင်း မိုးသည်းထန်စွာရွာသွန်းနေပြီး အိန္ဒိယနိုင်ငံ-မဏိပူရ်ပြည်နယ်နှင့် နာဂဒေသဆက်သွယ်ရေးလမ်းပိုင်းပြတ်တောက်ကာ စားနပ်ရိက္ခာအခက်ခဲရင်ဆိုင်နေရ​ကြောင်းဒေသခံများကပြောသည်။

ဓါတ်ပုံ-​ဒေသခံတစ်ဦး

ဇွန်-၁၊၂၀၂၅။အိမ်သွင်/People’s Spring

နာဂဒေသအတွင်း မိုးသည်းထန်စွာရွာသွန်းနေပြီး အိန္ဒိယနိုင်ငံ-မဏိပူရ်ပြည်နယ်နှင့် နာဂဒေသဆက်သွယ်ရေးလမ်းပိုင်းပြတ်တောက်ကာ စားနပ်ရိက္ခာအခက်ခဲရင်ဆိုင်နေရ​ကြောင်းဒေသခံများကပြောသည်။

နာဂဒေသ၌မေလ ၂၄ရက်မှစ၍ မိုးကောင်းနေပြီး ဒေသတွင်းအဓိကကုန်သွယ်ရေးလမ်းပိုင်းတွင် နေရာအများစုမြေပြိုကာမိုင်တိုင် ၁/၄ နှင့် ၁/၇ တွင် အဆိုးရွားဆုံးဖြစ်နေသည်ဟု ဒေသခံတဦးကပြောသည်။

“လမ်းတွေကို ပြင်ဖို့မလွယ်ပေမယ့်မပြင်လို့မရဘူး။ကုန်ဈေးနှုန်းတွေအရမ်းတက်နေပြီ။ မိုးကလည်း မရပ်ဘူး။ ရှေ့ရက်တွေအတွက် မစဉ်းစားတတ်အောင်ပဲ”ဟု နန်းယွန်းမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/1768316814123395

နာဂဒေသအတွင်း နန်းယွန်း၊ လေရှီး၊ ဆွမ္မရာမြို့တို့တွင် မြေပြိုကာ လမ်းပန်းဆက်သွယ်ရေးခက်ခဲနေပြီဟု ဒေသခံများကပြောသည်။နာဂဒေသ၊ ချင်းပြည်နယ်တို့နှင့်ဆက်စပ်နေသော အိန္ဒိယနိုင်ငံဘက်ခြမ်းတွင်လည်း မိုးများပြီး မြေပြိုမှုဘေး ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

ပျက်စီးနေသော လမ်းပိုင်းသည် နာဂဒေသအတွက် အခြေခံ လူသုံးကုန်နှင့် အခြားကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရေး အဓိကအသုံးပြုနေသောနယ်စပ်လမ်းဖြစ်ပြီး မေလ ၃၁ ရက် နောက်ပိုင်း ဆွမ္မရာ-လေရှီး-ထမံသီ- နယ်စပ်ကုန်ကားများ သွားလာခြင်း မရှိသေးကြောင်း ဒေသခံများကိုကိုးကား၍ Naga Newsက ဖော်ပြထားသည်။

မေလ ၂၉ရက်က ဘင်္ဂလားဒေ့ရှ်ကို ဝင်သွားသော မုန်တိုင်းသည် ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် မြန်မာ-အိန္ဒိယနယ်စပ်အနီးအထိ ဖြတ်နေ၍ နာဂဒေသတွင်လည်း မိုးကောင်းနေခြင်းဖြစ်သည်။

ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းသည် ဆက်လက်ရှိနေသေးပြီး မိုးလည်းဆက်ရွာနေကြောင်း ဒေသခံတစ်ဦးကပြောသည်။

ချင်းပြည်နယ်၊ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတို့တွင် မိုးဆက်ရွာနိုင်သည်ဟုအမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတ်ိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက စစ်တပ် မီးရှို့ဖျက်ဆီးလို့ မီးဘေးသင့်ခဲ့ရသူတွေနဲ့ ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ဒီက​နေ့ (သြဂုတ် ၂၅) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူပေးတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတွေ ဒီကနေ့ (သြဂုတ် ၂၀) က ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

ဆောင်းပါး

စားနပ်ရိက္ခာ၊ဆေးဝါးအပါအဝင် ကုန်စည်ဝင်ပေါက်မှန်သမျှ ပိတ်ဆို့ခံထားရလို့ စစ်ဘေးရှောင်သိန်းချီ ငတ်မွတ် ခေါင်းပါးပြီး ပြည်သူတွေအကြပ်အတည်းကြုံနေကြရတဲ့ ရခိုင်ပြည်နယ်မှာဇူလိုင်လဆန်းပိုင်းမှာဆိုးရွားတဲ့ ရေဘေးကိုထပ်မံရင်ဆိုင်ခဲ့ရပါတယ်။