Connect with us

Hi, what are you looking for?

သတင်း

နာဂဒေသမှာ ကြံ့ခိုင်ရေးအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို ပေါ်တာဆွဲ

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

(နာဂဒေသ လေရှီးမြို့နယ် ဆွမ္မရာမြို့အဝင်မုဒ်ဦးကို တွေ့ရစဥ်။ ဓာတ်ပုံ - စကစ)

စက်တင်ဘာ-၂၅၊ ၂၀၂၆။ ဇော်ရမ်း/People’s Spring

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စက်တင်ဘာ ၂၃ရက် မနက် ၁၁နာရီခန့်က ဆွမ္မရာမြို့ကနေ လေရှီးမြို့ကိုသွားတဲ့ ကားဆရာနဲ့ ဒေသခံ ၁၀ဦးကို လေရှီးမြို့အဝင် ရေတောင်ရွာမှာ စစ်အုပ်စုက ဖမ်းသွားတာလို့ သိရပါတယ်။

လေရှီးမြို့နယ်က ကြံ့ခိုင်ရေးပါတီရဲ့ ၂၀၁၀ -၂၀၁၅ အမတ်ဟောင်း ဦးရှီးသီးက ဒေသတွင်းကုန်စည်သယ်ယူပို့ဆောင်နေတဲ့ ကား ၉စီးကို စစ်ဆေးဖို့အတွက် သူ့အိမ်ရှေ့ကို မောင်းခိုင်းပြီး အိမ်အရောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အသင့်စောင့်ဆိုင်းပြီး ဖမ်းဆီးသွားတာလို့ လေရှီးမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“နေ့ခင်းကြောင်တောင် (ပေါ်တာ)ဆွဲတာ။ ထွေအုပ် ဒုမြို့နယ်မှုးက စစ်သားစုဆောင်းဖို့ ဖမ်းသွားတယ်။ မှတ်ပုံတင်နဲ့ ဖုန်းတွေအပြင် ကားတွေပါ သိမ်းထားတယ်။ ဦးရှီးသီးနဲ့ စစ်တပ်ပေါင်းပြီး ဖမ်းတာ”လို့ အဲဒီမြို့ခံက ပြောပါတယ်။

စက်တင်ဘာ ၂၃ရက်က ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်လူငယ် ၁၁ဦးကို ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ဦးရှီးသီးကို မေးမြန်းဖို့ ဆက်သွယ်ပေမယ့် လတ်တလောမှာ အဆက်အသွယ်မရရှိသေးပါဘူး။

ဖမ်းဆီးခံရသူတွေဟာ ယာဉ်မောင်းနဲ့ ယာဥ်နောက်လိုက်လူငယ်တွေဖြစ်ပြီး ပြန်လည်လွတ်မြောက်ရေးအတွက် နာဂယဉ်ကျေးမှုအဖွဲ့အစည်းတွေက လိုက်လံညှိနှိုင်းနေပေမယ့် သုံးရက်မြောက်ဖြစ်တဲ့ ဒီနေ့ စက်တင်ဘာ ၂၅ရက်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ သိရပါတယ်။

“ပြန်လွှတ်ပေးဖို့ စစ်မှုထမ်းလူတစ်ယောက်အစားထိုးပေးရမယ်လို့ ခြိမ်းခြောက်နေတယ်။ ဘယ်လိုလုပ်ရှာရမလဲ။ နောက်ပြီး ဒါက ပြန်ပေးဆွဲသလိုလုပ်နေတာပါ”လို့ ‌ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

နိုင်ငံအနှံ့ စစ်မှုထမ်းအင်အားလိုအပ်နေတဲ့ အာဏာသိမ်းစစ်တပ်ဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာလည်း အသက်၁၈နှစ်အထက်လူငယ်တွေကို စစ်မှုထမ်းစာရင်းသွင်းပြီး လိုက်လံဖမ်းဆီးမှုတွေရှိတယ်လို့ သိရပါတယ်။ စစ်မှုထမ်းစာရင်းမှာပါတဲ့ လူငယ်တွေကို လေရှီးမြို့နယ်တရားရုံးက ဖမ်းဝရမ်း ထုတ်ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးမှုတွေရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လေရှီးမြို့နယ်အတွင်း နေထိုင်ကြတဲ့ ပြည်သူတွေ၊ လူငယ်တွေအနေနဲ့ မလိုအပ်ဘဲ ခရီးမထွက်ကြဖို့နဲ့ စစ်မှုထမ်းစာရင်းမှာ ပါဝင်ပြီး ဖမ်းဝရမ်းထုတ်ခံထားရသူတွေအနေနဲ့ လုံခြုံရေးအထူး ဂရုပြုကြဖို့ ဒေသခံတွေ အချင်းချင်းတိုက်တွန်းသတိပေးနေကြပါတယ်။

စစ်ကိုင်းတိုင်းထဲမှာပါဝင်တဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဒေသခံတွေဟာ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ရင်ဆိုင်နေကြရပါတယ်။

စစ်တပ်က ကုန်စည်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကနေ စောင့်ပြီး စစ်မှုထမ်းဖို့ လူငယ်တွေကို ဖမ်းဆီးနေတဲ့အတွက် အခက်အခဲတွေ ပိုပြီးကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

Facebook