Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဒဏ်သင့် ပြည်သူတွေဆီ ရိက္ခာဖြန့်ဖြူးပေးဖို့ ယူရိုငါးသန်းကို WFP ကတဆင့် EU ထောက်ပံ့

ငလျင်ဒဏ်သင့်ဒေသက မြန်မာလူထုအတွက် စားနပ်ရိက္ခာ ထောက်ပံ့ဖို့ ဥရောပသမဂ္ဂ (EU) က ရန်ပုံငွေ ယူရို ၅ သန်းကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့ကြီး (WFP) ကတဆင့် ပေးအပ်သွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ - WFP Myanmar

ဇွန် – ၅ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

ငလျင်ဒဏ်သင့်ဒေသက မြန်မာလူထုအတွက် စားနပ်ရိက္ခာ ထောက်ပံ့ဖို့ ဥရောပသမဂ္ဂ (EU) က ရန်ပုံငွေ ယူရို ၅ သန်းကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့ကြီး (WFP) ကတဆင့် ပေးအပ်သွားမယ်လို့ သိရပါတယ်။

ဥရောပသမဂ္ဂ က ပေးလာတဲ့ အဲဒီ ရန်ပုံငွေ နဲ့ ငလျင်ဘေးဒဏ်အဆိုးရွားဆုံး ခံစားခဲ့ရသူတွေအတွက် စားနပ်ရိက္ခာ ဒါမှမဟုတ် ရိက္ခာ ဝယ်ဖို့ ငွေသားအကူအညီပေးအပ်သွားမယ်လို့ WFP က ဆိုပါတယ်။

ဒါအပြင် ကလေးတွေနဲ့မိခင်တွေအတွက်ပါ အထူးအာဟာရ အထောက်အပံ့တွေပေးအပ်သွားမယ်လို့ ဇွန်လ ၄ ရက်မှာ WFP က သတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

အထောက်အပံ့အကူအညီလိုအပ်နေသူတွေထံ တိုက်ရိုက်ပေးအပ်သွားမှာဖြစ်ပြီး ဒေသခံ မိတ်ဖက်တွေ၊ အစိုးရ မဟုတ်တဲ့ NGO တွေနဲ့ လက်တွဲဆောင်ရွက်မယ်လို့ WFP က အသိပေးပါတယ်။

မန္တလေး တိုင်း ဆီ မကြာသေးခင်က EU နဲ့ WFP က တာဝန်ရှိသူတွေ ကွင်းဆင်းလေ့လာရာမှာ ငလျင်ဒဏ်သင့် ပြည်သူတွေ ​ရင်ဆိုင်နေရတဲ့အခက်အခဲတွေ ကိုတွေ့ရပြီးနောက် အခုလို ရန်ပုံငွေ ရရှိလာတာလို့ WFP က ဆိုပါတယ်။

WFP ဟာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်တောင်ပိုင်း၊ နေပြည်တော်အပါအဝင် ငလျင်ဒဏ်သင့် ဒေသတွေက လူဦးရေလေးသိန်းခန့်ဆီ အရေးပေါ် စားနပ်ရိက္ခာ အကူအညီတွေ ပေးအပ်နိုင်ခဲ့တယ်လို့သိရပါတယ်။

ဒါအပြင် လက်ရှိ ဇွန်လဆန်းကစတင်ပြီး နှစ်လတာကာလအတွင်း လူဦးရေ တစ်သိန်းခွဲ ခန့်ကို ထောက်ပံ့ ကူညီပေးသွားမယ်လို့လည်းသိရပါတယ်။

ရန်ပုံငွေမလုံလောက်မှုကြောင့် WFP ဟာ မြန်မာနိုင်ငံက လူဦးရေတစ်သန်းကျော်အတွက် စားနပ်ရိက္ခာ အထောက်အပံ့တွေကို ပြီးခဲ့တဲ့ ဧပြီလကတည်း က ဖြတ်တောက်ခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။