Connect with us

Hi, what are you looking for?

သတင်း

AA ထိန်းချုပ်ထားသော သံတွဲမြို့ကို စစ်ကောင်စီက လက်နက်ကြီးဖြင့်မကြာခဏပစ်ပြီး ဗုံးကြဲ

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့်သံတွဲမြို့ကို ဇွန်လဆန်းမှစ၍ လက်နက်ကြီးများဖြင့်ပစ်ခတ်နေသည့်စစ်ကောင်စီက ယမန်နေ့(ဇွန်လ ၇ရက်)ညတွင်လေကြောင်းမှဗုံးကြဲခဲ့သည်။

မောင်​ရွှေ​လေး ရေတပ်ပင်မ​ရေငုပ် နှင့် ဆယ်ယူ​​ရေးတပ်ကို AA က ၂၀၂၄ စက်တင်ဘာ ၅ ရက်တွင်အပြီးသတ်ပိုက်ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-AA Infodesk

ဇွန်-၈၊၂၀၂၅။ဇော်ရမ်း/People’s Spring

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့်သံတွဲမြို့ကို ဇွန်လဆန်းမှစ၍ လက်နက်ကြီးများဖြင့်ပစ်ခတ်နေသည့်စစ်ကောင်စီက ယမန်နေ့(ဇွန်လ ၇ရက်)ညတွင်လေကြောင်းမှဗုံးကြဲခဲ့သည်။

သံတွဲမြို့၊စစ်သားစုဆောင်းရေးတပ်ကိုဇွန် ၇ ရက် ည ၁၀ နာရီ မိနစ် ၄၀မိနစ်တွင် ဂျက်ဖိုက်တာဖြင့်ဗုံးကြဲခြင်းဖြစ်ကြောင်း ရခိုင်ဒေသခံသတင်းရင်းမြစ်ကပြောသည်။

“လူအထိအခိုက်မရှိခဲ့ဘူးလို့သိရတယ်။ ထူးခြားမှုအနေနဲ့ကတော့ သံတွဲမြို့ကို ဒီရက်ပိုင်းမှာပင်လယ်ထဲကနေ လက်နက်ကြီးနဲ့လှမ်းလှမ်းပစ်တယ်။သူတို့မထိန်းချုပ်နိုင်တဲ့နေရာကိုအနှောက်အယှက် ပေးနေတဲ့သဘောပဲ”ဟု ၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ပင်လယ်ကမ်းရိုးတန်းမြို့နယ်များဖြစ်သည့် သံတွဲမြို့နှင့် ဂွမြို့ကို ဇွန်လ၃ရက်နေ့ညမှစ၍ လက်နက်ကြီးများပစ်ခတ်နေခြင်းဖြစ်သည်။ပင်လယ်ပြင်၌ ရှိနေသည့် စစ်ရေယာဉ် ၃ စီးက ပစ်ခတ်ခြင်းဖြစ်ပြီးဒေသခံများသည် ယခုရက်ပိုင်း ပင်လယ်ပြင်၌ငါဖမ်းမထွက်ကြကြောင်း သတင်းရရှိသည်။

သံတွဲမြို့သည် စစ်ကောင်စီ၏ ​မောင်​ရွှေ​လေး​ရေတပ်စခန်းရှိသည့် မြို့ဖြစ်ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၅ရက်၌ AAက အပြီးသတ် သိမ်းပိုက်ခဲ့သည်။​ရခိုင်ပြည်နယ်မှမြို့သိမ်းတိုက်ပွဲများအနက်သံတွဲမြို့သိမ်းတိုက်ပွဲသည် အခက်အခဲဆုံးဖြစ်ကြောင်း AAက ထုတ်ပြန်ခဲ့သည်။

မတ်လ၂၈ရက်ကငလျင်ကြောင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ရန်ဟုဆိုကာ စစ်ကောင်စီကရော AAကပါ အပစ်ရပ်ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီက လေကြောင်း နှင့်လက်နက်ကြီးအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သည်။ စစ်ကောင်စီသည် ၎င်းတို့ထုတ်ပြန်ထားသည့်တစ်ဖက်သတ်အပစ်ရပ်မှုကို မလိုက်နာဘဲ ရပ်သားပြည်သူရှိရာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း AAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

သံတွဲမှာ ၁၁ ရက်အတွင်းစစ်တပ်ဗုံးကြဲလို့ ၇ ဦးသေပြီး ၃၆ ဦး ဒဏ်ရာရ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

သတင်း

စစ်တပ်က ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို ဒီကနေ့ ဩဂုတ်၃ရက် မနက်မှာ Jet တိုက်လေယာဉ်တွေနဲ့ အုပ်စုလိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်(AA) က ကနဦး ထုတ်ပြန်ပါတယ်။

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။