Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကသံတွဲမြို့ဗုံးကြဲစစ်ဘေးရှောင် ၄ဦး သေဆုံး၊ ၁၀ဦးဒဏ်ရာရ

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့်သံတွဲမြို့ကိုဇွန်လ ၇ရက်ညပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့ရာစစ်ဘေးရှောင်ပြည်သူလေးဦး သေဆုံးပြီး ဆယ်ဦးဒဏ်ရာရခဲ့သည်ဟု သတင်းရရှိသည်။

ဗုံးကြဲခံရပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-Arakan Princess Media

ဇွန်-၈၊၂၀၂၅။ဇော်ရမ်း/People’s Spring

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့်သံတွဲမြို့ကိုဇွန်လ ၇ရက်ညပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့ရာစစ်ဘေးရှောင်ပြည်သူလေးဦး သေဆုံးပြီး ဆယ်ဦးဒဏ်ရာရခဲ့သည်ဟု သတင်းရရှိသည်။

စစ်ကောင်စီသည် ည ၁၀ နာရီ ၁၀ မိနစ်မှ၁၀ နာရီ ၄၀မိနစ်ကြားတွင် သံတွဲမြို့၊ ကျောက်ကြီးရွာစာသင်ကျောင်း၊ ပုဇွန်ဖြေရွာစာသင်ကျောင်းနှင့် စစ်သားစုဆောင်းရေးတပ်ကို ဂျက်ဖိုက်တာဖြင့်ဗုံးကြဲခြင်းဖြစ်ကြောင်း ရခိုင်ဒေသခံသတင်းရင်းမြစ်ကပြောသည်။

“မနက်ကအထိ သိရတာက စစ်သားစုဆောင်းရေးတပ်ကိုပစ်တာပဲသိရတာ။ အဲ့ဒီမှာက အထိအခိုက်မရှိဘူး။ ကျောက်ကြီးရွာစာသင်ကျောင်းနဲ့ ပုဇွန်ဖြေရွာစာသင်ကျောင်းကို ပစ်သွားတာက ဒီညနေကျမှသတင်းရတယ်။ သေဆုံးတဲ့အထဲမှာကလေးတစ်ယောက်ပါတယ်” ဟု ၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူများမှာ သံတွဲမြို့နယ် ကျောက်ကြီးရွာ၌ လာရောက်စစ်ရှောင်နေသော ဒေါ်အပု (၄၈ နှစ်)၊ဦးထွန်းထွန်း၀င်း (၄၂ နှစ်)၊ ဒေါ်နှင်းဝေခိုင် (၄၃ နှစ်)၊ မဧပြီမိုး (၁၂ နှစ်) တို့ဖြစ်ကြောင်း ရခိုင်ပြည်နယ်အခြေစိုက် Lay Waddy FM သတင်းဌာနက ဖော်ပြထားသည်။

“ဒဏ်ရာရသူတွေလည်း တပ်တော်ဘက်က ဆေးကုပေးနေတယ်။ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်လည်းသတိပေးထားတယ်”ဟု ရခိုင်သတင်းရင်းမြစ်ကပြောသည်။

စစ်ကောင်စီသည်ပင်လယ်ကမ်းရိုးတန်းမြို့နယ်များဖြစ်သည့် သံတွဲမြို့နှင့် ဂွမြို့ကို ဇွန်လ၃ရက်နေ့ညမှစ၍ လက်နက်ကြီးများပစ်ခတ်နေခြင်းဖြစ်သည်။

ပင်လယ်ပြင်၌ ရှိနေသည့် စစ်ရေယာဉ် ၃စီးက ပစ်ခတ်ခြင်းဖြစ်ပြီး ဒေသခံများသည် ယခုရက်ပိုင်း ပင်လယ်ပြင်၌ငါဖမ်းမထွက်ကြကြောင်း သတင်းရရှိသည်။

သံတွဲမြို့သည် စစ်ကောင်စီရေတပ်ရှိသည့် မြို့ဖြစ်ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၅ရက်၌ AAက အပြီးသတ် သိမ်းပိုက်ခဲ့သည်။ ရခိုင်ပြည်နယ်မှမြို့သိမ်းတိုက်ပွဲများအနက်သံတွဲမြို့သိမ်းတိုက်ပွဲသည် အခက်အခဲဆုံးဖြစ်ကြောင်း AAက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဝိုင်းမော်တွင် အင်အားထောင်ချီစုစည်းကာ KIA သိမ်းပိုက်ထားသည့် ပန်ဝါ၊ ချီဖွေ၊ ကန်ပိုက်တီကို ထိုးစစ်ဆင်ရန် စစ်ကောင်စီပြင်ဆင်နေဟုဆို

သတင်း

လားရှိုးမြို့ပေါ် ရပ်ကွက်များအတွင်း PDF များရှိနေသည်ဟု ဆိုကာ စစ်ကောင်စီက လိုက်လံစစ်ဆေးနေပြီး လူငယ်သုံးဦးကိုလည်း TNLA တပ်ဖွဲ့ဝင်များဖြစ်သည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း ​​ဒေသခံအချို့က​ပြောသည်။

သတင်း

ပြည်သူတွေအပေါ် အကြမ်းဖက်မှုကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် စစ်ဘက်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းပေးနေတဲ့ ဘယ်လာရုစ်တက္ကသိုလ်တွေကို နိုင်ငံတကာပညာ‌ရေးအသိုင်းအဝိုင်းက သပိတ်မှောက်ဖို့နဲ့ ကန့်ကွက်ဖို့ Justice For Myanmar က တောင်းဆိုလိုက်သည်။