Connect with us

Hi, what are you looking for?

သတင်း

နတ်ရေကန်ဗျူဟာမှ လက်နက်ကြီးအချို့ကိုဆုတ်ခွာမည့်လမ်းပိုင်းရှိတပ်ရင်းများသို့ စစ်တပ်နေရာစပြောင်း

အာရက္ခတပ်‌တော်(AA) နှင့် ပူး​ပေါင်းတပ်များက တိုက်ခိုက်နေသည့် နတ်ရေကန်ဗျူဟာမှ လက်နက်ကြီးအချို့ကို အမ်း-ပဒါန်းလမ်းပိုင်းရှိ စခန်းအချို့ထံ စစ်ကောင်စီက ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။

Screenshot

ဇွန်-၁၇၊၂၀၂၅။အိမ်သွင်/People’s Spring

အာရက္ခတပ်‌တော်(AA) နှင့် ပူး​ပေါင်းတပ်များက တိုက်ခိုက်နေသည့် နတ်ရေကန်ဗျူဟာမှ လက်နက်ကြီးအချို့ကို အမ်း-ပဒါန်းလမ်းပိုင်းရှိ စခန်းအချို့ထံ စစ်ကောင်စီက ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။

အမြောက်များ နှင့် လက်နက်ကြီးအချို့ကို အမြောက်တပ်(၄၀၉)၊ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(၉၀၅)သို့ဇွန်လဒုတိယလပတ်အတွင်း စတင်ရွှေ့ပြောင်းနေသည်ကို တွေ့ရကြောင်း ‌AAနှင့် နီးစပ်သော စစ်ရေးသတင်းရင်းမြစ်များကပြောသည်။

“၉၉တပ်မမှူး ‌အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်းလည်းသိပ်ထူးခြားမှုမရှိဘူး။ လက်နက်ကြီးတွေကိုတော့ပြန်ဆုတ်ယူသွားတယ်လို့ သတင်းရတယ်။ နတ်ရေကန်ဗျူဟာကျရင်လက်နက်ကြီးတွေမပါအောင် ကြိုကာတဲ့သဘောပဲ”ဟုစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

အမြောက်တပ်(၄၀၉)၊ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(၉၀၅)တို့သည် နတ်ရေကန်ဗျူဟာနှင့် ၁၅မိုင်ခန့်ဝေးသည်။ လက်ရှိတွင် အမ်း-ပဒါန်းလမ်းပိုင်း၌ အမြောက်တပ်(၄၀၉)၊ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(၉၀၅)၊ပျဉ်းဝဂိတ်၊တရုတ်ဓာတ်ငွေ့ပိုင်းလိုင်းနေရာ၊ မြေလတ်ရွာ၊ ဂုတ်ကြီးရွာ၊ လက်ဖက်ခြံတို့က စစ်ကောင်စီက တပ်စွဲထားဆဲဖြစ်ပြီး ‌လမ်းပိုင်းနေရာအများစုကို AAနှင့်မဟာမိတ်များက ထိန်းချုပ်ထားသည်။

နတ်ရေကန်ဗျူဟာအနီးဇွန်လ၁၂ရက်အထိတိုက်ပွဲပြင်းထန်ခဲ့ပြီး ယင်းကာလနောက်ပိုင်း တိုက်ပွဲအခြေအနေငြိမ်သက်နေကြောင်းဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

အမ်း-ပဒါန်းလမ်းကိုထိန်းချုပ်နိုင်ရေး၊ နတ်ရေကန်ဗျူဟာကို ထိန်းချုပ်ရေး တိုက်ခိုက်နေသည့် စစ်ဆင်ရေးများကိုAAနှင့်ပူးပေါင်းတပ်များပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ခဲ့သည်။မတ်လအစောပိုင်းတွင်နတ်ရေကန်ဗျူဟာတောင်ကုန်းအောက်မှ အရေးပါသည့်စစ်ကောင်စီ၏ တောင်ကုန်းအချို့ကို AA က သိမ်းပိုက်ခဲ့သည်။

အဆိုပါတိုက်ပွဲများအတွင်းတပ်မ(၉၉)၏ယာယီနည်းဗျူဟာမှူးဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်ကိုAAနှင့်ပူးပေါင်းတပ်များကဖမ်းမိခဲ့သည်။ မေလနှောင်းပိုင်းက တိုက်ပွဲများတွင်နတ်ရေကန်ဗျူဟာအနီးရှိအဓိကကာကင်းစခန်းဖြစ်‌သော ဆက်သွယ်ရေးတာဝါတိုင်စခန်းကိုAAကသိမ်းယူခဲ့သည်။

နတ်ရေကန်ဗျူဟာ နှင့်အမ်း-ပဒါန်းလမ်းတိုက်ပွဲ၌ ခုခံစစ်၌တာဝန်အရှိဆုံးတပ်မ(၉၉)တပ်မမှူးဗိုလ်မှူးချုပ်တင်မောင်ကျော်ကို စစ်ကောင်စီတပ်က ပြီးခဲ့သည့်မေလကုန်တွင်ဖမ်းဆီးပြီးရာထူးမှဖြုတ်ချကာ စစ်ဆေးနေသည်။ တပမ(၉၉)ယာယီတပ်မမှူးအသစ်အဖြစ် စစ်ဗျူဟာအဖွဲ့ (အခြေချ) ဟားခါးမှ အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးဝင်းထွန်းကို အစားထိုး ခန့်အပ်ထားသည်။

တပ်မမှူးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်းနတ်ရေကန်ဗျူဟာမှ လက်နက်ကြီးအချို့ကို ပြောင်းရွှေ့နေခြင်းဖြစ်သည်။

စစ်ကောင်စီသည်AA နှင့်မဟာမိတ်များကဝိုင်းပတ်ပိတ်ဆို့ခံထားရသည့်ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ရှိအမြောက်တပ်(၃၄၄)မှလက်နက်ကြီးများကိုလည်းပုသိမ်- ဟင်္သာတလမ်းပိုင်းရှိ ကျုံပျော်မြို့အခြေစိုက်ခလရ(၃၆)သို့ဇွန်လဆန်းပိုင်းတွင် ပြောင်းရွှေ့ခဲ့ကြောင်းသတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။