Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မှာ မိုးများလို့ မြို့ပေါ်ရပ်ကွက်တချို့ ရေကြီး

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်တချို့ ရေကြီးရေလျှံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

မြို့ပေါ်ရပ်ကွက်တချို့ ရေကြီးနေစဥ်။ ဓာတ်ပုံ-Y Htet

ဇွန်-၂၇၊ ၂၀၂၅။ မေရီ/People’s Spring

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်တချို့ ရေကြီးရေလျှံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

မနေ့ ဇွန်လ(၂၆)ရက် ညပိုင်းကတည်း​က ရွာသွန်းနေတဲ့မိုးကြောင့် မိုးကုတ်မြို့ပေါ်က ရပ်ကွက်တချို့မှာ ရေမစီးဆင်းတော့ဘဲ ရေလျှံနေကြောင်း၊ ရေတွေဟာ နေအိမ်ထဲအထိ ဝင်ရောက်နေပြီး ပစ္စည်းတချို့ ရေဝင်ပျက်စီးတာတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

“အခုမနက်ထိကို မိုးကကောင်းနေတုန်းပဲ။ လေကြောင်းရန်ကတမျိုး မိုးကတမျိုးနဲ့”လို့ မိုးကုတ်ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့မနက်ပိုင်းအထိ ရေကြီးရေလျှံနေပြီး မိုးကလည်းဆက်ရွာနေတဲ့အတွက် ရေပိုကြီးလာမှာကို ဒေသခံတွေက စိုးရိမ်နေတယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းနဲ့ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေပြီး ဇွန်လ ၂၅ ရက် ညပိုင်းက အုန်းကိုင်းကွက်သစ်နဲ့ ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ၃ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ်များနဲ့ဘုန်းကြီး ကျောင်းပျက်စီးခဲ့ပါသေးတယ်။

NUG ရဲ့ မိုးလေဝသဌာနကတော့ မန္တလေးတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ်တချို့ ဇွန်လ (၂၉)ရက်အထိ မိုးများနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ကမ္ဘာလှည့် ခရီးသွားတွေကြား လူသိများရာ ရှုမျှော်ခင်းကြည့် နေရာ တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုတွေကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းထိ များပြားလာခဲ့ပါတယ်။

သတင်း

မိုးကြီးမှုနဲ့ တောင်ကျရေကြောင့် ကချင်ပြည်နယ်၊ ဖားကန့်နဲ့ မိုးကောင်းမြို့ကြား လမ်းပိုင်းမှာ ရေကျော်ပြီး လမ်းပိတ်ဆို့မှုဖြစ်နေပါတယ်။

နိုင်ငံတကာ

ဗီယက်နမ် မြောက်ပိုင်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကနေ ရုတ်တရက် ရေကြီးခဲ့တာကြောင့် တောင်ပေါ်ရွာလေး တစ်ခုလုံးနီးပါး ပျက်စီးခဲ့ပြီး အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပါတယ်။