Connect with us

Hi, what are you looking for?

သတင်း

ချင်းတိုင်းရင်းသားတပ်နှစ်ခုကြားက တိုက်ပွဲကြောင့် စစ်ရှောင် ၃၀၀ လောက် အိန္ဒိယဖက် ထွက်ပြေး

ချင်းတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့နှစ်ခုကြားက စစ်ရေး ပဋိပက္ခကြောင့် စစ်ရှောင်ပြည်သူ ၃၀၀ လောက်ဟာ အိန္ဒိယ နိုင်ငံဖက်ခြမ်း၊ မီဇိုရမ် ပြည်နယ်ထဲကို ထွက်ပြေးခဲ့ကြရတယ်လို့ အိန္ဒိယသတင်းဌာန NDTV က​ဖော်ပြပါတယ်။

မြန်မာ-အိန္ဒိယနယ်စပ် ရိ​ခေါဒါရ်မြို့ ကို၂၀၂၃ ခုနှစ်ကုန်ပိုင်း ချင်း​တော်လှန်​ရေးတပ်များကသိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်

ဇူလိုင်-၆၊၂၀၂၅။People’s Spring

ချင်းတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့နှစ်ခုကြားက စစ်ရေး ပဋိပက္ခကြောင့် စစ်ရှောင်ပြည်သူ ၃၀၀ လောက်ဟာ အိန္ဒိယ နိုင်ငံဖက်ခြမ်း၊ မီဇိုရမ် ပြည်နယ်ထဲကို ထွက်ပြေးခဲ့ကြရတယ်လို့ အိန္ဒိယသတင်းဌာန NDTV က​ဖော်ပြပါတယ်။

ချင်းတိုင်းရင်းသား လက်နက်ကိုင် အင်အားစု နှစ်ခုကြားက အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားလာတဲ့နောက် အဲဒီ စစ်ရှောင်တွေဟာ နယ်စပ်ကိုဖြတ်ပြီး မီဇိုရမ်ရဲ့ ဇိုခေါထာ ရွာထဲကို ဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။ မီဇိုရမ်မှာ မြန်မာဖက်က စစ်ရှောင် ၃၃၀၀၀ လောက် ရှိနှင့်ပြီးသားပါ။ အဲဒီထဲက ၁၂၀၀၀ လောက်ဟာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေလို့ မီဇိုရမ် အာဏာပိုင်တွေက ပြောပါတယ်။

ချင်းရွာတွေက စစ်ရှောင်တွေ ဝင်ရောက်လာပြီးတဲ့နောက် အိန္ဒိယ နယ်ခြားစောင့် တပ်ဖွဲ့တစ်ခုဖြစ်တဲ့ အာသံရိုင်ဖယ်က နှစ်နိုင်ငံကြား နယ်စပ်ကို ပိတ်ထားလိုက်ကြောင်း သိရပါတယ်။ ပြီးတော့ နယ်စပ် လုံခြုံရေး စောင့်ကြည့်မှု အခြေအနေကိုပါ တိုးမြှင့်ထားလိုက်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ချင်းပြည်နယ်ထဲမှာ ချင်းအမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (CNDF) နဲ့ ချင်းဒေသ ကာကွယ်ရေးတပ် CDF-ဟွာလ်ငိုးရမ်းတို့ကြားဖလမ်းမြို့နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ အဲဒီတပ်နှစ်ခုဟာ ဟွာလ်ငိုးရမ်း ဒေသထဲမှာ ထိန်းချုပ်နယ်မြေ အငြင်းပွားမှုကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း တိုက်ခိုက်မှုတွေ စတင်ခဲ့တာလို့ ချင်းဒေသခံ မီဒီယာ တချို့ကလည်း ဖော်ပြထားပါတယ်။

နယ်စပ်တစ်ဖက်ခြမ်းက ပစ်ခတ်သံတွေကြောင့် ဇိုခေါထာ ရွာထဲမှာလည်း လုံခြုံရေးအတွက် နိုးနိုးကြားကြား စောင့်ကြည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နောက်ပြီး ကျည်ဆန်တချို့ကလည်း ရွာထဲက အိမ်တွေကို ထိမှန်တာမျိုး ရှိခဲ့ပြီး လူတွေ ထိခိုက်သေကြေတာတော့ မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မီဇိုရမ် ပြည်နယ် ဝန်ကြီးချုပ် လယ်လ်ဒူဟိုးမားက ပြည်နယ်ရဲ့ ပြည်ထဲရေး ဝန်ကြီး ကေဆပ်ဒန်ဂါ စွပ်စွဲခဲ့တဲ့ မီဇိုရမ်မှာ ဖြစ်ပွားခဲ့သမျှ ရာဇဝတ်မှု အားလုံးရဲ့ ထက်ဝက်ဟာ စစ်ရှောင် ဒုက္ခသည်တွေ ကျူးလွန်တာဆိုတဲ့ စကားကို ထောက်ခံ အတည်ပြုပေးခဲ့ပါတယ်။

ဆိုးသွမ်းသူ တချို့ကြောင့် အများစုဖြစ်တဲ့ ဥပဒေလိုက်နာပြီး စိတ်ထားကောင်းတဲ့ စစ်ရှောင်တွေပါ အရိပ်မည်း ဖုံးလွှမ်းခံခဲ့ရတာကိုတော့ စိတ်မကောင်းကြောင်း၊ သူ့အနေနဲ့ စစ်ရှောင် မိတ်ဆွေတွေကို မီဇိုရမ်ပြည်နယ်ရဲ့ ဥပဒေ စည်းမျည်းတွေအပေါ် အလေးထား လိုက်နာကြဖို့ တိုက်တွန်းလိုကြောင်း ဝန်ကြီးချုပ်က ပြောကြားသွားပါတယ်။

ကိုးကား- NDTV

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။