Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်နယ်၌ ယခုနှစ် ၇လအတွင်း ကလေးငယ်များအပါအဝင် ပြည်သူ ၁၀၀ နီးပါးကို စစ်ကောင်စီ သတ်ဖြတ်ခဲ့ဟု IEC ထုတ်ပြန်

ယခုနှစ်အတွင်း ကရင်နီပြည်နယ်၌ ကလေးငယ်များအပါအဝင် ပြည်သူ ၁၀၀ နီးပါးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပြီး လူမျိုးသုန်းသတ်ဖြတ်မှုအထိ ပစ်မှတ်ထားနေကြောင်း ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ယနေ့ ထုတ်ပြန်သည်။

ဇူလိုင်-၉၊ ၂၀၂၅။ ရဲခေါင်/People’s Spring

ယခုနှစ်အတွင်း ကရင်နီပြည်နယ်၌ ကလေးငယ်များအပါအဝင် ပြည်သူ ၁၀၀ နီးပါးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပြီး လူမျိုးသုန်းသတ်ဖြတ်မှုအထိ ပစ်မှတ်ထားနေကြောင်း ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ယနေ့ ထုတ်ပြန်သည်။

ယခုလ ၇ ရက်က ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် လေးနှစ်အရွယ် ကလေးငယ်အပါအဝင် မိသားစုသုံးဦးသေဆုံးခဲ့ကာ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးနှင့် ပြည်သူလေးဦး ထိခိုက်ခဲ့ကြောင်း ကနဦးအသိပေးသည်။

တရားမဝင်အကြမ်းဖက်စစ်တပ်၏ အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေမှုသည် နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ကာ စစ်ရာဇဝတ်မှုကျူးလွန်နေခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ပိုမိုကျူးလွန်ပြီး ပြည်နယ်အတွင်းရှိ ပြည်သူများကို အကြံအရွယ်ရှိရှိဖြင့် ပစ်မှတ်ထား တိုက်ခိုက်မှုများသည် ယခင်ကလည်း ပြုလုပ်ခဲ့ပြီး လက်ရှိတွင်လည်း ပြုလုပ်နေဆဲသာမက ယခုနှစ်တွင် လေကြောင်းနှင့်လက်နက်ကြီး တိုက်ခိုက်မှုများ ပို၍ ပြုလုပ်လာကြောင်း ဖော်ပြသည်။

ယခုနှစ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသည့် အရပ်သား ၃၃ဦးနှင့် ဒဏ်ရာရသူ ၉၀ ကျော်ရှိသည်။ သေဆုံးသူများတွင် အမျိုးသား ၁၅ဦး၊ အမျိုးသမီး ၉ဦး၊ ကလေးငယ် ၂ဦး၊ ရုပ်အလောင်းခွဲမရသူ ၇ဦး ဖြစ်သည်။

ထို့အပြင် လက်နက်ကြီး၊ ဒရုန်းနှင့် မိုင်းတို့ကြောင့် ပြည်သူ ၆၂ဦးသေဆုံးခဲ့ရပြီး ၂၀၀ ကျော် ထိခိုက်ခဲ့ကြောင်း IEC က အသိပေးသည်။ ထို့ကြောင့် စစ်ကောင်စီကြောင့် အရပ်သားပြည်သူ ၉၅ဦး သေဆုံးခဲ့ကာ ၂၉၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

ယင်းနောက် စစ်ကောင်စီသည် ကရင်နီပြည်နယ်အတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသည်သာမက ပြည်သူ့နေအိမ်များကို မီးရှို့ခြင်း၊ ပြည်သူများ၏ အခြေခံစားဝတ်နေရေး ကုန်စည်စီးဆင်းမှုများကိုပြတ်တောက်ရန် ရည်ရွယ်ချက်ဖြင့် ယာဥ်လမ်းကြောင်းပိတ်ဆို့၍ ပြည်သူများနေထိုင်ရာ ဒေသများကို စစ်ဆင်ရေးအကြိမ်ကြိမ်ပြုလုပ်နေသည်မှာ ကရင်နီပြည်သူများအားပစ်မှတ်ထားကာ လူမျိုးသုန်းသတ်ဖြတ်မှုဆောင်ရွက်ရန် ကြိုးပမ်းနေကြောင်း ဖော်ပြသည်။

စစ်ရှောင်စခန်း၊ စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အဦးများ လေကြောင်းတိုက်ခံရမှုမှ ရပ်တန့်ပေးနိုင်ရန် နိုင်ငံတကာအနေဖြင့် အကြမ်းဖက်စစ်တပ်၏ လေယာဥ်ဆီရရှိနေသည့် လမ်းကြောင်းများဖြတ်တောက်ပေးရန်၊ အရပ်သားများအတွက် စစ်မဲ့ဇုန် သတ်မှတ်ပေးရန်နှင့် စစ်ရာဇဝတ်မှုကျူးလွန်နေသည်ကို အရေးယူပေးရန် IEC က တောင်းဆိုသည်။

“အရေးတကြီးပြောရမှာက စစ်ရှောင်ပြည်သူက နေ့စဥ် ရက်ဆက်တိုးလာတယ်။ ဒါကလည်း မိုးဗြဲ နဲ့ ဖယ်ခုံဘက်ခြမ်းက စကစနဲ့ PNO ထိုးစစ်ကြောင့် ပါတယ်။ နောက်တစ်ခု အခု မိုးဗြဲ နဲ့ လွိုင်ကော် လမ်းမကြီးသာ စကစက ထိန်းချုပ်နိုင်ခဲ့ရင် ဖယ်ခုံအရှေ့ခြမ်းကို ပိတ်သလိုဖြစ်မှာ။ ဒေသခံတွေအတွက် ပိုဒုက္ခရောက်နိုင်သလို စစ်ရာဇဝတ်မှုတွေကို စောင့်ကြည့်ရမယ်”ဟု ကရင်နီစစ်ရှောင်အရေးကူညီနေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ ဇူလိုင် ပထမပတ်က ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် လေးနှစ်ကျော်တွင် သတ်ဖြတ်ခံရသည့် အရပ်သား ၆၀၀ ကျော်နှင့် ဖမ်းဆီးခံရသူ ၅၀၀ ကျော်ရှိသည်။

ထို့အပြင် ကရင်နီပြည်နယ်တွင် စစ်ရှောင်ပြည်သူ နှစ်သိန်း ရှစ်သောင်းကျော်ရှိကာ ဖယ်ခုံ နှင့် ဒီးမော့ဆိုမြို့နယ်တို့မှ အများဆုံးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ အရုပ်နဲ့ ဖုန်းလုရင်း ညီမကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ တခြား ဆွေမျိုးရင်းခြာ ဆယ်ကျော်သက် တစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကမြစ်ခြေမြို့မှာကလေးငယ်တွေအပါအဝင်အရပ်သား၄၀ကျော်သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။