Connect with us

Hi, what are you looking for?

News

စာရေးဆရာမောင်သာချိုကိုထောင်ဒဏ် ၂ နှစ် ၊ ဦးထင်လင်းဦးကို ထောင်ဒဏ် ၃ နှစ် စီ အမိန့်ချ

သူတို့ ၂ ဦးကို နိုင်ငံမတည်မငြိမ်ဖြစ်အောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ စစ်ကောင်စီက ဖမ်းဆီးတရားစွဲထားတာပါ။

ဆရာမောင်သာချို

အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရတဲ့ စာရေးဆရာ မောင်သာချိုနဲ့ ဦးထင်လင်းဦးတို့ကို ဒီနေ့မှာ အမိန့်ချလိုက်တယ်လို့ သိရပါတယ်။

သူတို့ ၂ ဦးကို နိုင်ငံမတည်မငြိမ်ဖြစ်အောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ စစ်ကောင်စီက ဖမ်းဆီးတရားစွဲထားတာပါ။

ဦးထင်လင်းဦး

ဒီနေ့အမိန့်ချရာမှာ စာရေးဆရာမောင်သာချိုကို ထောင်ဒဏ် ၂ နှစ် ၊ ဦးထင်လင်းဦးကို အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်ချလိုက်တယ်လို့ သိရပါတယ်။

စာရေးဆရာမောင်သာချိုကိုလွန်ခဲ့တဲ့ ၈ နှစ်က ဂျာနယ်တစ်စောင်မှာ ရေးသားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တရားစွဲတာပါ။

Public Service Announcement

Public Service Announcement

စာရေးဆရာ ဦးထင်လင်းဦးကိုတော့ အာဏာသိမ်းတဲ့မနက်ပိုင်းက အခြေအနေတွေ Live လွှင့်တာကို အကြောင်းပြကာ တရားစွဲခဲ့တာလို့ ရှေ့နေအသိုင်းအဝိုင်းကနေသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အာဏာသိမ်းပြီး ဖမ်းဆီးခံလိုက်ရတဲ့ စာရေးဆရာ မောင်သာချိုဟာ လွတ်​​မြောက်ပြီး ၂ နှစ်ကျော်အကြာ ဒီကနေ့ မနက်ပိုင်းက ကွယ်လွန်သွားခဲ့ကြောင်း စာရေးဆရာအသိုင်းအဝိုင်းက ပြောပါတယ်။

သတင်း

ပန်းချီ ရေးဆွဲခြင်းကို ဝါသနာပါ၍ ဝတ္ထု သရုပ်ဖော်ပုံများကို ကိုယ်တိုင် ရေးဆွဲခဲ့သည်။ ညီပုလေးသည် ဓာတ်ပုံရိုက် ကူးခြင်း၌လည်း ဝါသနာထုံကာ ကိုယ်တိုင် ရိုက်ကူးခဲ့သည့် ဓာတ်ပုံ ပြပွဲများကိုလည်း ဓာတ်ပုံ -ငြိမ်းချမ်းစိမ်းလန်း အမည်ဖြင့် မန္တလေးတွင် ကျင်းပ ပြုလုပ်ခဲ့သည်။ ဇနီးမှာ ဒေါ်တင်တင်ဝင်း ဖြစ်၍...

သတင်း

ကိုဝေဟင်အောင် အပါအဝင် သုံးဦးသည် ပုဏ္ဏားကျွန်းမြို့နယ် ကုလားချောင်းရွာသို့ ရေလှူရန် သွားရောက်စဉ် အမြင့်ကျွန်းကျေးရွာအနီး၌ စစ်ကောင်စီ၏ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)က ဖမ်းဆီးခဲ့သည်ဟု မျက်မြင်များကို ကိုးကားပြီး Border News Agencyက ဖော်ပြထားသည်။

သတင်း

ကိုကောင်းဆက်ပိုင် အပေါ် သေဒဏ်အမိန့်ထပ်တိုးချတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားသဖြင့် တဖက်သတ်စီရင်ချက်တွေသာဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ်က ဆိုထားပါတယ်။

Facebook