Connect with us

Hi, what are you looking for?

သတင်း

ညောင်ဦးမြို့မှာ ဆီလုပ်ငန်းရှင်နေအိမ် ဓားပြတိုက်ခံရ၊ ဇနီးဖြစ်သူကို ပြန်ပေးဆွဲခေါ်ဆောင်သွား

စစ်ကောင်စီနဲ့ ပတ်သက်သူတွေ လုပ်တာလို့ ညောင်ဦးခရိုင်ပကဖ ပြော

ဇူလိုင်-၁၄၊၂၀၂၅/People’s Spring

မန္တလေးတိုင်း၊ ညောင်ဦးမြို့က စက်သုံးဆီလုပ်ငန်းရှင်ရဲ့ နေအိမ်ဓားပြတိုက်ခံရပြီး ဇနီးဖြစ်သူကို ပြန်ပေးဆွဲခေါ်ဆောင်ကာ ကားနဲ့ ငွေတွေလည်း ယူဆောင်သွားတယ်လို့ ညောင်ဦးမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

မနေ့က ဇူလိုင် ၁၃ရက်က ညနေပိုင်းမှာ ညောင်ဦးမြို့က KBZဘဏ်ရဲ့ အနောက်ဘက်လမ်းကြားက ဆန်းရွှေဝါဆီဆိုင်ရဲ့နေအိမ်ကို လူတစ်စုက လာရောက်ပြီး ဓားပြတိုက်ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့တာပါ။

သေနတ်ကိုင်ဆောင်ထားတဲ့ လူတစ်စုဟာ နေအိမ်မှာ ဆီလုပ်ငန်းရှင် ဦးဆန်းဦးရှိမနေ၍ ဇနီးဖြစ်သူ ဒေါ်ခင်မာကြည်ကို ပြန်ပေးဆွဲခေါ်ဆောင်ကာ ကျပ်သိန်း ၅၀၀နဲ့ ကားတစ်စီး ယူဆောင်သွားခဲ့လို့ ညောင်ဦးမြို့ခံအချို့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ညောင်ဦးမှာ ပျူခေါင်းဆောင် ဆန်းထွန်းဦးဆိုတာ တစ်ယောက်။ အခုဓားပြတိုက် မိန်းမပြန်ပေးဆွဲခံရတာက KBZ ဘဏ်နားက ဆန်းဦးဆိုတာက တစ်ယောက် မတူဘူး။ ခုက သာမန် လူပါအဆွဲခံရတာ”လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဇီးက ပြောပါတယ်။။ ဒါပေမယ့် ဘယ်အဖွဲ့အစည်းက ဖမ်းဆီးခေါ်ဆောင်သွားလဲဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

ညောင်ဦးခရိုင် ပကဖရဲ့ တာဝန်ရှိသူတစ်ဦးကလည်း “ပြည်သူကို ပြန်ပေးဆွဲ ဓားပြတိုက်တဲ့အမှုပါ။ စကစနဲ့ မပူးပေါင်းပဲ ညောင်ဦးလို စကစများနေတဲ့မြို့မှာ လူခုနစ်ယောက်လောက် သေနတ်နဲ့ ဝင်လာပြီး ဓားပြတိုက်သွားတယ်ဆိုတာ မလွယ်ဘူး။ သတင်းကြားရတာတော့ အဲဒီအဖွဲ့က မြစ်ခြေဘက်ကို ထွက်သွားတယ်ပြောတယ်”လို့ ပြောပါတယ်။

ဒါပေမယ့် စစ်ကောင်စီရဲ့ ဝါဒဖြန့် ချန်နယ်တွေကတော့ PDFတွေက ဖမ်းဆီးသွားတာလို့ ဝါဒဖြန့် ရေးသားနေကြပါတယ်။

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံ၊ ညောင်ဦးမြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပြီး စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာတွေ မီးရှို့ဖျက်ဆီးနေတယ်လို့ ညောင်ဦးမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ညောင်ဦးမြို့နယ်မှာ ဇူလိုင်၁ရက်ကစပြီး တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်တွေက စစ်ကြောင်းအများအပြားနဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁ရက်မှာ ညောင်ဦးမြို့အရှေ့ဘက်က ငါ့သရောက်မြို့ရဲစခန်းက ထွက်လာတဲ့ အင်အား ၁၀၀ခန့်ပါစစ်ကြောင်းဟာ ရွာပုလဲနဲ့ မောင်ဂွတ်တောကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဇူလိုင် ၂ရက်မှာ မောင်ဂွတ်တောရွာ မီးရှို့ဖျက်ဆီးထွက်လာတဲ့ စစ်ကြောင်းကို တောင်တောရွာနဲ့ ဖလန်ကန်ရွာကြားမှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ညောင်ဦးမြို့အရှေ့ဘက်က ကျေးရွာတွေနဲ့ ပုဂံမြို့တောင်ဘက်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကို မနေ့ (သြဂုတ် ၂၈ ရက် ) မနက်ပိုင်းမှာ အမျိုးသား သုံးဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

သတင်း

ဘန်ကောက်မှာ တရုတ် ကျောင်းသူ တစ်ဦးကို ပြန်ပေးဆွဲပြီး မြန်မာဖက်ခြမ်း နယ်စပ်ကို လူကုန်ကူး ပို့ဆောင်ဖို့ ကြံစည်မှုနဲ့ ထိုင်းနိုင်ငံသား ၄ ဦး အဖမ်းခံခဲ့ရပါတယ်။