Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့တွင် PDF များရှိနေသည်ဟု ဆိုကာ စစ်ကောင်စီကလိုက်ရှာနေ၊ လူငယ်သုံးဦးကို TNLA အဖွဲ့ဝင်ဟု စွပ်စွဲဖမ်းဆီးသွား

လားရှိုးမြို့ပေါ် ရပ်ကွက်များအတွင်း PDF များရှိနေသည်ဟု ဆိုကာ စစ်ကောင်စီက လိုက်လံစစ်ဆေးနေပြီး လူငယ်သုံးဦးကိုလည်း TNLA တပ်ဖွဲ့ဝင်များဖြစ်သည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း ​​ဒေသခံအချို့က​ပြောသည်။

လားရှိုးမြို့လယ်တစ်​နေရာကိ၂၀၂၅ ဧပြီတတိယပါတ်ကစစ်တပ်ဝင်ပြီ​​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

ဇူလိုင်-၁၇၊၂၀၂၅။ဇော်ရမ်း/People’s Spring

လားရှိုးမြို့ပေါ် ရပ်ကွက်များအတွင်း PDF များရှိနေသည်ဟု ဆိုကာ စစ်ကောင်စီက လိုက်လံစစ်ဆေးနေပြီး လူငယ်သုံးဦးကိုလည်း TNLA တပ်ဖွဲ့ဝင်များဖြစ်သည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း ​​ဒေသခံအချို့က​ပြောသည်။

ဇူလိုင်လ ၁၆ရက်ညက လားရှိုးမြို့ ရပ်ကွက်(၇)နှင့် ရပ်ကွက်(၈)‌မှ အိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရှာခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

“PDF သတင်းရတယ်ဆိုပြီးညဘက်ဝင်ရှာတယ်။။မိသွားတာ‌တော့ မကြားဘူး။ ဒေသခံတွေကတော့ ‌တော်တော်လေးစိတ်ပျက်ရတာ”ဟု လားရှိုးမြို့ခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဇူလိုင်လ ၁၅ရက်ညနေကလည်း လားရှိုးမြို့ပေါ်ရှိ စားသောက်ဆိုင်တဆိုင်တွင်ထိုင်နေသည့် လူငယ်သုံးဦးကိုစစ်တပ်ကဖမ်းဆီးသွားသည်ဟုသိရသည်။ဖမ်းဆီးခံရသူသုံးဦးမှာပလောင်တိုင်းရင်းသားလူငယ်များဖြစ်ပြီး နောက်ဆက်တွဲသတင်းမကြားရသေးဟုဒေသခံသတင်းရင်းမြစ်တဦးကပြောသည်။

စစ်ကောင်စီသည် တရုတ်အကူအညီဖြင့် လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ခုကို MNDAA ထံမှကျည်တစ်ချက်မ​ဖောက်ရဘဲပြန်ရပြီးနောက်ဖြေးဖြေး ချင်းအင်အားဖြည့်နေသလို စစ်ဆေးတင်းကြပ်မှုများလည်းပိုမိုပြုလုပ်နေသည်။ ည ၈နာရီနောက်ပိုင်း ပြင်ပမထွက်ရန် ၎င်းတို့နှစ်နီးစပ်သည့် ဌာနဆရာဝန်ထမ်းများကို သတိပေးနေပြီး ညစဉ် ကင်းလှည့်နေကြောင်း သတင်းရရှိသည်။

လက်ရှိတွင် စစ်ကောင်စီက လားရှိုးမြို့ထဲရှိ တပ်ရင်းများ၌ လက်နက်ခဲယမ်းများတပ်ဆင်ခြင်း၊အင်အားဖြည့်တင်းခြင်းများ ပြုလုပ်နေသလို MNDAAကလည်း လားရှိူးမြို့နယ်စပ်ရှိ ထိန်းချုပ်ဧရိယာအတွင်း စစ်အင်အားတိုးချဲ့ခြင်း၊ စစ်သားစုဆောင်းခြင်းများ ပြုလုပ်နေသည်ဟု သတင်းရရှိသည်။ ထို့အပြင် သိန္နီမြို့မြို့ကိုပါ ပြန်ပေးရေးနှင့် လားရှိုး-သီပေါနယ်စပ်ရှိ စစ်တပ်ရင်းများမှ ပြန်ဆုတ်ခွာပေးရေး စစ်ကောင်စီက ထပ်မံတောင်းဆိုထားမှုကို MNDAAက လက်မခံဘဲ ဆွေးနွေးမှုများမကြာခဏပြုလုပ်နေသည်ဟုသတင်းရရှိသည်။

” ထွေအုပ်ဌာနကိုလည်း ကိုးကန့်က ပြန်တောင်းနေတယ်လို့ကြားတယ်။ နောက်ပြီး လားရှိုးမြို့ပေါ်မှာ ရုံးခန်းဖွင့်ဖို့လည်း ကိုးကန့်က တောင်းဆိုနေတာရှိတယ်။ စစ်တပ်ကလည်း ကိုးကန့်ကို ထပ်ပြီး ဖိအားပေးတာတွေရှိနေတယ်။ သူတို့ဆွေးနွေးနေတာတော့ခဏခဏပဲ။ ပြေလည်မှုတော့မရသေးဘူး” ဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။

စစ်ကောင်စီနှင့် MNDAAသည် ဆွေးနွေးမှုများအဆင်မပြေ၍ ဆက်ဆံရေး တင်းမာနေကြောင်းသတင်းများထွက်ပေါ်နေသလို တစ်ဖက်တွင် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်မှူးချုပ်အေးမင်းဦးနှင့်MNDAA အရာရှိအချို့သည် လားရှိုးမြို့သို့ စက်သုံးဆီတင်သွင်းမှုကို ပူးပေါင်းလုပ်ဆောင်နေသည်ဟု သတင်းများထွက်ပေါ်နေသည်။ ထိုအချက်ကို မြို့ခံလုပ်ငန်းရှင်အချို့ကပြောခြင်းဖြစ်ပြီးစစ်ကောင်စီကရော MNDAAကပါသတင်းမထုတ်ပြန်ပေ။

လားရှိုးမြို့ကို စစ်ကောင်စီကပြန်လည်ထိန်းချုပ်ပြီးနောက် လေကြောင်းအန္တရာယ်မစိုးရိမ်ရတော့သည်မှလွဲ၍ တရားဥပဒေစိုးမိုးမှုမရှိတော့ကြောင်း မြို့ခံများကပြောသည်။

” လူငယ်တွေကို စစ်တပ်ကပြန်ဖမ်းဆီးခဲ့သတင်းတွေကြားလာရတယ်။ သူတို့စွပ်စွဲချင်တိုင်းစွပ်စွဲပြီးဖမ်းဆီးမယ့်အခြေအနေတွေလည်းရှိတယ်။ သူတို့ကိုမထောက်ခံမှန်းသိတော့ အညှိုးတကြီးနဲ့ ပြဿနာရှာမယ့်လုပ်ရပ်တွေ လူပြောများနေပြီ”ဟု မြို့ခံတစ်ဦးကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၌ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ချိန်က ပြည်သူလူထုဆန္ဒအတိုင်း စစ်အာဏာရှင်ပြုတ်ကျသည့်အထိ တိုက်ခိုက်သွားမည်ဟု MNDAA ၊TNLAနှင့် AAတို့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က မကြာခဏထုတ်ပြန်ခဲ့သည်။

ထို့အပြင်ညီနောင်မဟာမိတ်သုံးဖွဲ့ကြားသွေးသောက်ညီအစ်ကိုများကဲ့သို့ တစ်ဖွဲ့နှင့်တစ်ဖွဲ့အကူအညီပေးမည်ဟု ထုတ်ပြန်ထားကြသည်။သို့သော် တရုတ်အစိုးရ၏ အစီအစဉ်ဖြင့် လားရှိုးမြို့ကို စစ်ကောင်စီလက်ထဲ ပြန်အပ်သည့်ဖြစ်စဉ်အပါအဝင် လားရှိုးမြို့အရေးနှင့်ပတ်သက်၍ MNDAAက သတင်းထုတ်ပြန်ခြင်းမရှိပေ။

လားရှိုးမြို့ကို စစ်တပ်ထံပြန်ပေးခဲ့သည့် လုပ်ရပ်အပေါ်ညီနောင်မဟာမိတ်သသုံးဖွဲ့ကြား၌အပြင်းအထန်ဝေဖန်ခံခဲ့ရသည်ဟု ရှမ်းမြောက်သတင်းရင်းမြစ်အချို့ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ပေါ်မှာမူးယစ်ဆေးကြောင်နေသူက ဒေသခံတွေကိုသေနတ်နဲ့ ခြိမ်းခြောက်လို့ ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်ရပါတယ်။