Connect with us

Hi, what are you looking for?

သတင်း

ကရင်နီ၊ စစ်ကိုင်း၊မကွေးနဲ့ တနင်္သာရီတိုင်းမှာ အာဇာနည်နေ့ အခမ်းအနားနဲ့ သပိတ်လှုပ်ရှားမှုတွေ ပြုလုပ်

ကရင်နီ၊ စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ ကျရောက်တဲ့ (၇၈)နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားနဲ့ စစ်အာဏာရှင် တော်လှန်ရေး သပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဇူလိုင် -၁၉၊၂၀၂၅။ သုည/People’s Spring

ကရင်နီ၊ စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ ကျရောက်တဲ့ (၇၈)နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားနဲ့ စစ်အာဏာရှင် တော်လှန်ရေး သပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ရဲ့ စစ်ရှောင်စခန်းတခုမှာ (၇၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ကျေးလက်မြေအဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။

အာဇာနည်တွေရဲ့ သမိုင်းတန်ဖိုးကို နှောင်းလူတွေသိရှိစေဖို့ ရည်ရွယ်ကျင်းပတာလို့ဆိုပြီး အာဇာနည်နေ့ဖြစ်ပေါ်လာပုံကို ရှင်းပြခဲ့သလို ကျဆုံးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်တွေကို ဂါရဝပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်နဲ့ မြိုင်မြို့နယ်တို့မှာ ကျေးရွာနေပြည်သူတွေ စုပေါင်းပြီး အာဇာနည်နေ့ အခမ်းအနားကို ကျဆုံးရဲဘော်တွေရဲ့ ဗိမာန်ရှေ့ကို သွားရောက် အလေးပြုခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုက ဦးဆောင်ပြီး “အာဇာနည်တို့ မျှော်ရည်ချက် လူထုအားနဲ့ ဆက်ချီတက်” ဘန်နာစာသားနဲ့ (၇၈)နှစ်ပြည့် အာဇာနည်နေ့ အောက်မေ့ဖွယ် ပြုလုပ်ခဲ့ကြပါတယ်။

ရွှေဘိုမြို့နယ်မှာလည်း အာဇာနည်နေ့အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ကျဆုံးခဲ့တဲ့ အာဇာနည်တွေကို အလေးပြုခဲ့ပြီး “အာဇာနည်တို့မျှော်ရည်ချက် လူထုအားနဲ့ဆက်ချီတက်” စာသားကိုင်ဆွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြပါတယ်။

အရာတော်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ ဘုတလင်မြို့နယ်၊ လက်ပံတောင်းတောင်ဒေသနဲ့ ကလေးမြို့နယ်တို့မှာလည်း သပိတ်အင်အားစုတွေက ၁၉ဇူလိုင် (၇၈)နှစ်ပြည့် အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနားကို ပြုလုပ်ခဲ့ကြပါတယ်။

တနင်္သာရီမြို့နယ်မှာလည်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ (၇၈)နှစ်ပြည့် အာဇာနည်နေ့မှာ ပြည်သူလူထုအား အာဇာနည်နေ့ သမိုင်းကြောင်းအသိပညာပေးမျှဝေခြင်းပြုလုပ်ခဲ့ပြီး ခေတ်အဆက်ဆက် ကျဆုံးသွားတဲ့ ရဟန်းရှင်ပြည်သူလူထုကျောင်းသားရဲဘော် အာဇာနည် (၉) ဦးတို့အား အလေးပြုခဲ့ပါတယ်။

ဓာတ်ပုံ – လက်ပံတောင်းသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ABFSU၊ DDMSC

ဆက်စပ်သတင်းများ

သတင်း

မကွေးမြို့ကနေထွက်လာတဲ့ စစ်တပ်ရဲ့ စစ်ကားအစီးရေ ၂၀၀ နီးပါးဟာ ချင်းတောင်အစပ် ဆောမြို့နယ်၊လောင်းရှည်မြို့ကို ဦးတည်လာနေပြီး ရှမ်းပြည်နယ်အခြေစိုက်တပ်တွေနဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းတပ်စခန်းက အင်အားတွေ ပါ၀င်တယ်လို့ မကွေးတိုင်းပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။