Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စူပါအယ်လ်နီညိုကြောင့် ၂၀၂၆ ဟာ ကြုံဖူးသမျှ အပူဆုံးနှစ် ဖြစ်လာနိုင်ခြေ ရှိနေ

စူပါ အယ်လ်နီညိုကြောင့် ၂၀၂၆ ဟာ မှတ်တမ်းတင်ဖူးသမျှ အပူဆုံး နှစ်တစ်နှစ် ဖြစ်လာလိမ့်မယ်လို့ မိုးလေဝသ ပညာရှင်တွေက သတိပေးခဲ့ပါတယ်။

ဓာတ်ပုံ - AP

စူပါ အယ်လ်နီညိုကြောင့် ၂၀၂၆ ဟာ မှတ်တမ်းတင်ဖူးသမျှ အပူဆုံး နှစ်တစ်နှစ် ဖြစ်လာလိမ့်မယ်လို့ မိုးလေဝသ ပညာရှင်တွေက သတိပေးခဲ့ပါတယ်။

စက်တင်ဘာလအတွင်း ပစိဖိတ် သမုဒ္ဒရာ ရေပြင်ဇုန်မှာ အယ်လ်နီညိုနဲ့ ဆက်စပ် ဖြစ်ပေါ်လာတဲ့ အပူလှိုင်းဖြတ်မှု ရာသီဥတု အခြေအနေ တစ်ခုကြောင့် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အပူချိန် မြင့်တက်မှုတွေ ကြုံလာလိမ့်မယ်လို့ ဥရောပ သမဂ္ဂ (EU)ရဲ့ ရာသီဥတု လေ့လာ စောင့်ကြည့်ရေး ပညာရှင်တွေက အောက်တိုဘာ ၁၂ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အခုနှစ်မှာ ကြုံတွေ့ရမယ့် အယ်လ်နီညို အပူလှိုင်းဖြတ်မှုဟာ မှတ်တမ်းတင်ဖူးသမျှ အားအကောင်းဆုံး အယ်လ်နီညို အခြေအနေတစ်ခု ဖြစ်လာမယ်လို့ ပညာရှင်တွေက ပြီးခဲ့တဲ့ လပိုင်းတွေမှာ ကတည်းက သတိပေးထားခဲ့ပြီး ဖြစ်ပါတယ်။

အယ်လ်နီညိုဟာ ပစိဖိတ် သမုဒ္ဒရာ အပူချိန် မြင့်တက်လာပြီး နှစ်အပိုင်းအခြားတစ်ခု ကြာတိုင်း ဖြစ်ပေါ်တတ်တဲ့ ပုံမှန် ရာသီဥတု အခြေအနေတစ်ခု ဖြစ်ပေမယ့် အခုနှစ်မှာတော့ အရမ်းပြင်းထန်တဲ့အဆင့် ရောက်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့်လည်း ဒီနှစ်အတွက် အယ်လ်နီညိုကို စူပါ အယ်လ်နီညို၊ ဂေါ်ဇီလာ အယ်လ်နီညိုစတဲ့ အသုံးအနှုန်းတွေနဲ့ ရည်ညွှန်းနေကြတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အယ်လ်နီညို သက်ရောက်မှုကို စောင့်ကြည့်ရာမှာ အဓိက တိုင်းတာလေ့ရှိပြီး Nino3.4လို့ ခေါ်ဝေါ်လေ့ရှိတဲ့ ပစိဖိတ် သမုဒ္ဒရာ ရေပြင်ဇုန်ရဲ့ အပူချိန်ဟာ ပြီးခဲ့တဲ့ လတုန်းက တိုင်းတာဖူးသမျှ စံချိန်တင် အမြင့်ဆုံးအဖြစ် ၂၉.၇ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ ရောက်ရှိခဲ့ပါတယ်။ ဒါဟာ အရင်တုန်းက ပြင်းထန်အဆင့် အယ်လ်နီညိုတွေ ကြုံတွေ့ခဲ့တဲ့ ၁၉၈၂၊ ၁၉၉၇ နဲ့ ၂၀၁၅ တို့တုန်းထက် ပိုမြင့်တဲ့ အပူချိန် ဖြစ်လာတယ်လို့ EUရဲ့ ရာသီဥတု လေ့လာစောင့်ကြည့်ရေး ပညာရှင်တွေက ပြောပါတယ်။

ဇွန်လတုန်းက အစပြုလာတဲ့ အခုနှစ် အယ်လ်နီညိုဟာ အတော်လေး ထူးကဲတဲ့ ဖြစ်စဉ်လို့ ဆိုနိုင်ကြောင်း၊ ကြုံဖူးသမျှ အပြင်းထန်ဆုံး အယ်လ်နီညို ဖြစ်လာမလား ဆိုတာကိုတော့ ပြောဖို့ စောနေသေးကြောင်း ရာသီဥတု စောင့်ကြည့်အဖွဲ့ Copernicusရဲ့ ဒါရိုက်တာ ကာလို ဘွန်တမ်ပိုက ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ရာသီဥတု ပိုမိုပူနွေးလာတာနဲ့ ပေါင်းစပ်သွားပြီး အခုနှစ် အယ်လ်နီညိုကြောင့် ၂၀၂၆ ဟာ ကမ္ဘာပေါ်မှာ ကြုံဖူးသမျှ အပူဆုံးနှစ် ဖြစ်လာနိုင်တယ်လို့ သုတေသီတွေက ခန့်မှန်းထားပါတယ်။

နောက်ပြီး သုတေသန အဖွဲ့အသီးသီးရဲ့ တိုင်းတာမှု စံနှုန်းတွေ ကွဲပြားတာကြောင့် ခန့်မှန်းချက် ရလဒ်တွေကလည်း မတူညီတာတွေ ရှိပါတယ်။ အယ်လ်နီညိုရဲ့ သက်ရောက်မှုတွေဟာ မှတ်တမ်းတင်ဖူးသမျှ အားအပြင်းဆုံး အဆင့်ကို ရောက်ရှိခဲ့တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဂျပန် မိုးလေဝသ အေဂျင်စီက မှတ်ချက်ပေးခဲ့ပါတယ်။

အယ်လ်နီညို ပိုအားကောင်းလာတာနဲ့အမျှ စက်တင်ဘာလရဲ့ ကမ္ဘာ့ပျမ်းမျှ အပူချိန်ဟာ ၂၁.၀၅ ဒီဂရီ ဆဲလ်ဆီးရပ်စ်ကို ရောက်ရှိခဲ့ပါတယ်။ ဒါဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာလတုန်းက တင်ထားခဲ့တဲ့ ၂၀.၉၂ ဒီဂရီ ဆဲလ်ဆီးရပ်စ်ဆိုတဲ့ စံချိန်ဟောင်းကို ကျော်ဖြတ်သွားတာ ဖြစ်ပါတယ်။

လူသားတွေကြောင့် ပိုမိုဆိုးရွားလာတဲ့ ကမ္ဘာ့ရာသီဥတု ပူနွေးမှု အခြေအနေတွေနဲ့ အယ်လ်နီညိုတို့ ပေါင်းစပ်သွားတဲ့အခါ ၂၀၂၆၊ ဒါမှမဟုတ် ၂၀၂၇ ခုနှစ်တွေဟာ ကမ္ဘာပေါ်မှာ ကြုံဖူးသမျှ အပူဆုံးနှစ် ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူ တချို့က ယူဆထားပါတယ်။

အယ်လ်နီညိုဟာ ၂ နှစ်ကနေ ၇ နှစ်လောက် ကာလအပိုင်းအခြားအတွင်း ပုံမှန် ကြုံရတတ်တဲ့ ရာသီဥတု ဖြစ်စဉ်တစ်ခုဖြစ်ပြီး ပျမ်းမျှအားဖြင့် ၉ လကနေ ၁၂ လလောက်ထိ ကြာမြင့်တတ်ပါတယ်။ အယ်လ်နီညိုမှာ ပုံမှန်၊ အားပြင်းနဲ့ အထူးပြင်းထန်ဆိုတဲ့ အဆင့်တွေ ပိုင်းခြား သတ်မှတ်နိုင်ပြီး လက်ရှိကြုံနေရတာကတော့ အားအကောင်းဆုံး အဆင့်မျိုးလို့ သိရှိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

အောက်တိုဘာ ၁၀ မှာ​ဒေသနှစ်ခုအပူချိန်စံချိန်သစ်တင်

သတင်း

စူပါအယ်လ်နီညိုကြောင့်မြန်မာနိုင်ငံမှာလည်း​ခြောက်လအတွင်း (၂၀၂၆ ဇွန်လက​နေ ၂၀၂၇ ​ဖေ​ဖော်ဝါရီ လအထိ)လူ​ပေါင်း (၁၂၀၀ ​) ဝန်းကျင်​သေဆုံးနိူင်တယ်လို့ ကမ္ဘာ့ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေစုပေါင်းရေးသားပြုစုထားတဲ့ Climate Impact Lab ကခန့်မှန်းတွက်ချက်ထားပါတယ်။

သတင်း

ကမ္ဘာပေါ်မှာ လက်ရှိကြုံတွေ့နေတဲ့ ပြင်းထန်တဲ့ အပူလှိုင်းဖြတ်မှု စူပါအယ်လ်နီညို ဖြစ်စဉ်ကြောင့် လာမယ့် ​ခြောက်လအတွင်း လူပေါင်း လေးသိန်းခွဲလောက်သေဆုံးနိုင်ကြောင်းသိပ္ပံပညာရှင်တွေစုပေါင်းရေးသားပြုစုထားတဲ့အစီရင်ခံစာ အသစ်တစ်ခုမှာ ခန့်မှန်းဖော်ပြထားပါတယ်။

Facebook