Connect with us

Hi, what are you looking for?

သတင်း

စစ်သားများ၏ ရိက္ခာ၊လစာများကို အရာရှိများကနည်းမျိုးစုံဖြတ်တောက်နေဟု စစ်သုံ့ပန်းများထွက်ဆို

အာဏာသိမ်းစစ်တပ်အတွင်းအရာရှိများကအောက်ခြေစစ်သည် အခြား အဆင့်များကို ဖိနှိပ်မှုများ ၊ စစ်သည်များ၏ လစာရိက္ခာများကို ၎င်းတို့အကျိုးအတွက် အသုံးချမှုများစွာရှိနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၌ ဖမ်းဆီးရရှိခဲ့သော စစ်သုံ့ပန်းများဖြစ်သည့် တပ်ကြပ်ကြီးသန်းအောင်နှင့် တပ်သားလွင်ဦးတို့က ထွက်ဆိုသည်။

စစ်သုံ့ပန်းများဖြစ်သည့် တပ်ကြပ်ကြီးသန်းအောင်နှင့် တပ်သားလွင်ဦး။ ဓာတ်ပုံ - Screen Grab

ဇူလိုင်-၂၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်အတွင်းအရာရှိများကအောက်ခြေစစ်သည် အခြား အဆင့်များကို ဖိနှိပ်မှုများ ၊ စစ်သည်များ၏ လစာရိက္ခာများကို ၎င်းတို့အကျိုးအတွက် အသုံးချမှုများစွာရှိနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၌ ဖမ်းဆီးရရှိခဲ့သော စစ်သုံ့ပန်းများဖြစ်သည့် တပ်ကြပ်ကြီးသန်းအောင်နှင့် တပ်သားလွင်ဦးတို့က ထွက်ဆိုသည်။

စစ်ကောင်စီတပ်တွင်း အခြေအနေ၊ တပ်တွင်းဝါဒဖြန့်မှု တို့နှင့်ပတ်သက်ပြီး တပ်ကြပ်ကြီး သန်းအောင်နှင့် တပ်သားလွင်ဦးတို့ ထွက်ဆိုချက်ကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ဇူလိုင် ၂၇ရက်တွင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီအရာရှိများသည် လက်အောက်ငယ်သားများအကျိုးကို မကြည့်ဘဲ ကိုယ်ကျိုးရှာနေဟု တပ်ကြပ်ကြီး သန်းအောင်က ပြောသည်။

Public Service Announcement

Public Service Announcement

” သူတို့ရ ပြီးရော သူတို့ စားရပြီးရော ဒီလခထဲက ဘယ်လိုဖြတ်ရမလဲ ဘယ်လိုတောက်ရမလဲ ဘယ်လိုခေါင်းစဉ်နဲ့ ဘယ်လိုတပ်ပြီးဘယ်လိုဖြတ်ရမလဲပဲ စဉ်းစားနေကြတာ။ ကျနော်တို့ ရပိုင်ခွင့် အကုန်အပြည့်အ၀ မရဘူး”ဟု တပ်ကြပ်ကြီး သန်းအောင်က ပြောသည်။

ထို့ပြင် အရာရှိများသည် အခြားအဆင့်နှင့် အရာရှိအကြား အဆင်မပြေ ပြဿနာဖြစ်ပါက အရာရှိအချင်းချင်းဘက်ကသာ လိုက်လေ့ရှိဟု ၎င်းက ဆိုသည်။

စစ်တပ်အတွင်းစဝင်ကတည်းကဖိနှိပ်ဆက်ဆံမှုများကြုံရသည်ဟုတပ် သားလွင်ဦးက ပြောသည်။

ထို့ပြင် ရဲဘော်များ၏ လစာဖြတ်တောက်မှုအပြင် ရဲဘော်များ ရသင့်သင့်သည့် တပ်မှ ထောက်ပံ့ပေးသည့် ရိက္ခာပစ္စည်းများကိုရောင်းစားကြောင်း တပ်သား လွင်ဦးက ပြောသည်။

အရာရှိများသည် ၎င်းတို့အကျိုးပွားအတွက် ရဲဘော်များ၏ လစာများကို နည်းမျိုးစုံဖြင့် ဖြတ်တောက်နေသည်ဟု ဆိုသည်။

“တိုင်ရင်လည်းသူတို့ကပြောခံထိတာခဏလေးပြီးရင်ရဲဘော်တွေကို ပြန် ပြောတယ် ဆဲတယ်ဆိုတယ် အဲဒီလို လုပ်တာရှိတယ်”ဟုတပ်သား လွင်ဦးက ပြောသည်။

စစ်ကောင်စီတပ်တွင်းဝါဒမှိုင်းတိုက်ပုံဖော်ထားသည့် တော်လှန်ရေး တပ်ဖွဲ့များ၏ အခြေအနေနှင့် စစ်သုံ့ပမ်းများ လက်တွေ ကြုံရသည့် အခြေအနေကိုလည်း တပ်ကြပ်ကြီးသန်းအောင်နှင့် တပ်သားလွင်ဦးတို့က ပြောဆိုခဲ့သည်။

ကရင်သူပုန်ဟုသာကြားသိပြီး PDFကိုယခုမှ ကြားဖူကြောင်းတပ်ကြပ် ကြီးသန်းအောင်က ပြောသည်။

” သူတို့ ခေါင်းထဲ ရိုက်သွင်းထားတာ ပုံစံနဲ့ အခုလက်ရှိ ကျနော်တွေ့ကြုံရတဲ့ပုံစံ ကွာဟမှုဖြစ်တယ်။ ကွာဟမှုဖြစ်တယ်ဆိုတာက သူတို့က မင်းတို့မိသွားလည်း မင်းတို့ အသတ်ခံရမယ် သေမှာပဲ သူတို့က အဲဒီလိုပဲ ပြောတယ်။ ကျနော်တို့ သေမှာ ကြောက်လို့ပြောတာမဟုတ်ဘူး။ အခုလက်ရှိ ကျနော် အဖမ်းခံရတဲ့ အချိန်မှာ လက်နက်တော့ သိမ်းတယ်။ ဒါပေမဲ့ ကျနော်တို့ကို ကောင်းကောင်းမွန်မွန်ထားပေးတယ်။ ထမင်းကျွေးတယ်။ ကောင်းကောင်းမွန်မွန်ပဲထားတယ်။ ပွင့်ပွင့်လင်းလင်းပြောရင် ပြေးမှာ လွှားမှာ ကြောက်လို့ အခန်းထဲထည့် သော့ပိတ်ထားတာကလွဲရင် ကျန်တဲ့ဟာ အားလုံးကောင်းပါတယ်။” ဟု တပ်ကြပ်ကြီးသန်းအောင်က ပြောသည်။

တပ်သားလွင်ဦးကလည်း အရာရှိများပြောသည်မှာ PDFနှင့် KNUကို အကြမ်းဖက်သောင်းကျန်းသူဟု ပြောဆိုပြီး ဆက်ကြေးကောက် လူသတ်သူများဖြစ်သည်ဟု ပြောဆိုဝါဒဖြန့်ထားကြောင်း ပြောသည်။

“လက်ရှိ ကျနော်တို့ အဖမ်းခံထားရတဲ့အချိန်မှာ သူတို့ပြောတာနဲ့ တခြားစီဖြစ်နေတာ”ဟု တပ်သားလွင်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် စစ်အင်အားပြုန်းတီးမှုများကို ပြန်လည်ဖြည့်ဆည်းရန်နိုင်ငံတဝန်းလူငယ်များကိုနည်းမျိုးစုံဖြင့် စစ်သားစုဆောင်းကာရှေ့ တန်းစစ်မြေပြင်များကို စေလွှတ်အသုံးချလျက်ရှိသည်။

စစ်မှုထမ်းတပ်သားသစ်များအပါအဝင်စစ်ကောင်စီတပ်သားများအနေ ဖြင့် စစ်ဗိုလ်ချုပ်များအတွက် အသက်အသေမခံဘဲ စစ်ကောင်စီလက် အောက်မှ ရုန်းထွက်ပြီး ပြည်သူ့ဘက်၊ တော်လှန်ရေးတပ်များဘက်သို့ အမြန်ဆုံးပူးပေါင်းကြရန် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းဖိတ်ခေါ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်တပ်ကို ကာလရှည်ခုခံတိုက်ခိုက်နေတဲ့ ချင်းတော်လှန်ရေး မဟာ မိတ်ပူးပေါင်းတပ်က ရဲဘော်တွေအတွက် ရိက္ခာပံ့ပိုးနိုင်ရေး ပါဝင်ပေးကြဖို့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ထောက်ပို့ဌာနက နှိုးဆော်ပါတယ်။