Connect with us

Hi, what are you looking for?

သတင်း

စစ်သားများ၏ ရိက္ခာ၊လစာများကို အရာရှိများကနည်းမျိုးစုံဖြတ်တောက်နေဟု စစ်သုံ့ပန်းများထွက်ဆို

အာဏာသိမ်းစစ်တပ်အတွင်းအရာရှိများကအောက်ခြေစစ်သည် အခြား အဆင့်များကို ဖိနှိပ်မှုများ ၊ စစ်သည်များ၏ လစာရိက္ခာများကို ၎င်းတို့အကျိုးအတွက် အသုံးချမှုများစွာရှိနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၌ ဖမ်းဆီးရရှိခဲ့သော စစ်သုံ့ပန်းများဖြစ်သည့် တပ်ကြပ်ကြီးသန်းအောင်နှင့် တပ်သားလွင်ဦးတို့က ထွက်ဆိုသည်။

စစ်သုံ့ပန်းများဖြစ်သည့် တပ်ကြပ်ကြီးသန်းအောင်နှင့် တပ်သားလွင်ဦး။ ဓာတ်ပုံ - Screen Grab

ဇူလိုင်-၂၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်အတွင်းအရာရှိများကအောက်ခြေစစ်သည် အခြား အဆင့်များကို ဖိနှိပ်မှုများ ၊ စစ်သည်များ၏ လစာရိက္ခာများကို ၎င်းတို့အကျိုးအတွက် အသုံးချမှုများစွာရှိနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၌ ဖမ်းဆီးရရှိခဲ့သော စစ်သုံ့ပန်းများဖြစ်သည့် တပ်ကြပ်ကြီးသန်းအောင်နှင့် တပ်သားလွင်ဦးတို့က ထွက်ဆိုသည်။

စစ်ကောင်စီတပ်တွင်း အခြေအနေ၊ တပ်တွင်းဝါဒဖြန့်မှု တို့နှင့်ပတ်သက်ပြီး တပ်ကြပ်ကြီး သန်းအောင်နှင့် တပ်သားလွင်ဦးတို့ ထွက်ဆိုချက်ကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ဇူလိုင် ၂၇ရက်တွင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီအရာရှိများသည် လက်အောက်ငယ်သားများအကျိုးကို မကြည့်ဘဲ ကိုယ်ကျိုးရှာနေဟု တပ်ကြပ်ကြီး သန်းအောင်က ပြောသည်။

Public Service Announcement

Public Service Announcement

” သူတို့ရ ပြီးရော သူတို့ စားရပြီးရော ဒီလခထဲက ဘယ်လိုဖြတ်ရမလဲ ဘယ်လိုတောက်ရမလဲ ဘယ်လိုခေါင်းစဉ်နဲ့ ဘယ်လိုတပ်ပြီးဘယ်လိုဖြတ်ရမလဲပဲ စဉ်းစားနေကြတာ။ ကျနော်တို့ ရပိုင်ခွင့် အကုန်အပြည့်အ၀ မရဘူး”ဟု တပ်ကြပ်ကြီး သန်းအောင်က ပြောသည်။

ထို့ပြင် အရာရှိများသည် အခြားအဆင့်နှင့် အရာရှိအကြား အဆင်မပြေ ပြဿနာဖြစ်ပါက အရာရှိအချင်းချင်းဘက်ကသာ လိုက်လေ့ရှိဟု ၎င်းက ဆိုသည်။

စစ်တပ်အတွင်းစဝင်ကတည်းကဖိနှိပ်ဆက်ဆံမှုများကြုံရသည်ဟုတပ် သားလွင်ဦးက ပြောသည်။

ထို့ပြင် ရဲဘော်များ၏ လစာဖြတ်တောက်မှုအပြင် ရဲဘော်များ ရသင့်သင့်သည့် တပ်မှ ထောက်ပံ့ပေးသည့် ရိက္ခာပစ္စည်းများကိုရောင်းစားကြောင်း တပ်သား လွင်ဦးက ပြောသည်။

အရာရှိများသည် ၎င်းတို့အကျိုးပွားအတွက် ရဲဘော်များ၏ လစာများကို နည်းမျိုးစုံဖြင့် ဖြတ်တောက်နေသည်ဟု ဆိုသည်။

“တိုင်ရင်လည်းသူတို့ကပြောခံထိတာခဏလေးပြီးရင်ရဲဘော်တွေကို ပြန် ပြောတယ် ဆဲတယ်ဆိုတယ် အဲဒီလို လုပ်တာရှိတယ်”ဟုတပ်သား လွင်ဦးက ပြောသည်။

စစ်ကောင်စီတပ်တွင်းဝါဒမှိုင်းတိုက်ပုံဖော်ထားသည့် တော်လှန်ရေး တပ်ဖွဲ့များ၏ အခြေအနေနှင့် စစ်သုံ့ပမ်းများ လက်တွေ ကြုံရသည့် အခြေအနေကိုလည်း တပ်ကြပ်ကြီးသန်းအောင်နှင့် တပ်သားလွင်ဦးတို့က ပြောဆိုခဲ့သည်။

ကရင်သူပုန်ဟုသာကြားသိပြီး PDFကိုယခုမှ ကြားဖူကြောင်းတပ်ကြပ် ကြီးသန်းအောင်က ပြောသည်။

” သူတို့ ခေါင်းထဲ ရိုက်သွင်းထားတာ ပုံစံနဲ့ အခုလက်ရှိ ကျနော်တွေ့ကြုံရတဲ့ပုံစံ ကွာဟမှုဖြစ်တယ်။ ကွာဟမှုဖြစ်တယ်ဆိုတာက သူတို့က မင်းတို့မိသွားလည်း မင်းတို့ အသတ်ခံရမယ် သေမှာပဲ သူတို့က အဲဒီလိုပဲ ပြောတယ်။ ကျနော်တို့ သေမှာ ကြောက်လို့ပြောတာမဟုတ်ဘူး။ အခုလက်ရှိ ကျနော် အဖမ်းခံရတဲ့ အချိန်မှာ လက်နက်တော့ သိမ်းတယ်။ ဒါပေမဲ့ ကျနော်တို့ကို ကောင်းကောင်းမွန်မွန်ထားပေးတယ်။ ထမင်းကျွေးတယ်။ ကောင်းကောင်းမွန်မွန်ပဲထားတယ်။ ပွင့်ပွင့်လင်းလင်းပြောရင် ပြေးမှာ လွှားမှာ ကြောက်လို့ အခန်းထဲထည့် သော့ပိတ်ထားတာကလွဲရင် ကျန်တဲ့ဟာ အားလုံးကောင်းပါတယ်။” ဟု တပ်ကြပ်ကြီးသန်းအောင်က ပြောသည်။

တပ်သားလွင်ဦးကလည်း အရာရှိများပြောသည်မှာ PDFနှင့် KNUကို အကြမ်းဖက်သောင်းကျန်းသူဟု ပြောဆိုပြီး ဆက်ကြေးကောက် လူသတ်သူများဖြစ်သည်ဟု ပြောဆိုဝါဒဖြန့်ထားကြောင်း ပြောသည်။

“လက်ရှိ ကျနော်တို့ အဖမ်းခံထားရတဲ့အချိန်မှာ သူတို့ပြောတာနဲ့ တခြားစီဖြစ်နေတာ”ဟု တပ်သားလွင်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် စစ်အင်အားပြုန်းတီးမှုများကို ပြန်လည်ဖြည့်ဆည်းရန်နိုင်ငံတဝန်းလူငယ်များကိုနည်းမျိုးစုံဖြင့် စစ်သားစုဆောင်းကာရှေ့ တန်းစစ်မြေပြင်များကို စေလွှတ်အသုံးချလျက်ရှိသည်။

စစ်မှုထမ်းတပ်သားသစ်များအပါအဝင်စစ်ကောင်စီတပ်သားများအနေ ဖြင့် စစ်ဗိုလ်ချုပ်များအတွက် အသက်အသေမခံဘဲ စစ်ကောင်စီလက် အောက်မှ ရုန်းထွက်ပြီး ပြည်သူ့ဘက်၊ တော်လှန်ရေးတပ်များဘက်သို့ အမြန်ဆုံးပူးပေါင်းကြရန် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းဖိတ်ခေါ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း ၊ဂန့်ဂေါမြို့နယ်အခြေစိုက် အမှတ်(၅၀)ခြေလျင်တပ်ရင်း(ခလရ-၅၀ )က စစ်သား ၂ဦး လက်နက်တွေယူလာပြီး အလင်း၀င်လာတယ်လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

Trending

Facebook