Connect with us

Hi, what are you looking for?

သတင်း

ညောင်ဦးမြို့အထွက် Denko ဆီဆိုင် ဓားပြတိုက်ခံရ

မန္တလေးတိုင်း၊ညောင်ဦးမြိုအထွက်ရှိDenko စက်သုံးဆီဆိုင်ကို ဇူလိုင် ၂၈ ရက် ညနေပိုင်းက ဓားပြတိုက််သွားတယ်လို့ မြို့ခံဆီကသိရပါတယ်။

ဓားပြတိုက်ခံရတဲ့ ညောင်ဦးမြို့အထွက်က Denko ဆီဆိုင် (ပုံဟောင်း) ဓာတ်ပုံ - Google Map

ဇူလိုင် – ၃၀ ၊၂၀၂၅၊ ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း၊ညောင်ဦးမြိုအထွက်ရှိDenko စက်သုံးဆီဆိုင်ကို ဇူလိုင် ၂၈ ရက် ညနေပိုင်းက ဓားပြတိုက််သွားတယ်လို့ မြို့ခံဆီကသိရပါတယ်။

ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းဘေး တောင်ဘကျေးရွာအနီး က Denko စက်သုံးဆီဆိုင်ကို ဇူလိုင် ၂၈ ရက် ညနေ ၅ နာရီဝန်းကျင်က ဓားပြတိုက်သွားတာပါ။

ဆိုင်ကယ် ၃စီးနဲ့ အမျိုးသား ၆ဦး သေနတ်တွေနဲ့ရောက်လာပြီးဓားပြတိုက်သွားတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“မြို့အထွက်နေရာဖြစ်တော့ လူသွားလူလာလည်းပြတ်တယ်၊ အဲနားမှာ အခြားဆီဆိုင်တွေလည်းရှိသေးတယ်”လို့ ညောင်ဦးမြို့ခံတစ်ဦးကပြောပါတယ်။

စက်သုံးဆီရောင်းရငွေ ကျပ်ငါးသိန်းကျော် ၊ ဆီလာဖြည့်တဲ့ ဆိုင်ကယ် ၂ စီး နဲ့ အိမ်စီးကား ၁ စီး ၊ ဆိုင်ဝန်ထမ်းတွေရဲ့ ဖုန်း တွေ ကို ဓားပြတိုက်သွားတယ်လို့စုံစမ်းသိရပါတယ်။

အခုဓားပြတိုက်ခံရတဲ့ Denko ဆီဆိုင်နဲ့ ၈ မိုင်ခန့်အကွာ ညောင်ဦး – ကျောက်ပန်းတောင်းလမ်းပိုင်း တောင်ဇင်းရွာအနီးမှာတော့စစ်ကောင်စီတပ် တပ်စွဲထားတာရှိပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း မန္တလေးတိုင်းထဲက Denko ဆီဆိုင် ၂ ဆိုင် ဓားပြတိုက်ခံခဲ့ရပါသေးတယ်။

၂၀၂၃ ခုနှစ် မေလက အမရပူရမြို့နယ် ၊ ရှမ်းလေးကျွန်းရွာထိပ် စစ်ကိုင်း − မန္တလေး ကားလမ်းပေါ်က ဆီဆိုင် နဲ့ ၂၀၂၄ ခုနှစ်မှာတော့ အမရပူရမြို့နယ် ထုံးဘို-ပြင်ဦးလွင် လမ်းဘေး မုတ်ပုလဲကျေးရွာမှာဖွင့်ထားဆိုင် ဓားပြတိုက်ခံရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊မုဆိုးခြုံရွာမ ရွာမှာ စပါးရောင်းလာတဲ့ လင်မယားနှစ်ဦး နေအိမ်ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း၂၅၀နဲ့ဖုန်းတွေပါယူသွားခံရကာ အမျိုးသားဖြစ်သူကိုပါ သတ်ဖြတ်သွားတယ်လို့ ‌‌‌‌ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

မန္တလေးမြို့က မီလျံနာရွှေဆိုင်ဓားပြတိုက်မှု ကျူးလွန်သူတွေဖမ်းမိပြီး ကျူးလွန်သူတွေဟာ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူတွေပါဝင်တယ်လို့ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက ပြောပါတယ်။