Connect with us

Hi, what are you looking for?

သတင်း

စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် အထိနာပြီးပြန်ဆုတ်သွား

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း အင်အား ၁၀၀ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်များ၏တိုက်ခိုက်ခံရမှုကြောင့် အထိနာပြီး ပြန်ဆုတ်ခွာသွားကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ (ဧပြီ ၁၃ ရက်)တွင် ထုတ်ပြန်သည်။

အင်အား ၁၀၀ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်များက တိုက်ခိုက်နေစဉ်

ဧပြီ ၁၃၊၂၀၂၅။ရဲခေါင်/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း အင်အား ၁၀၀ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်များ၏တိုက်ခိုက်ခံရမှုကြောင့် အထိနာပြီး ပြန်ဆုတ်ခွာသွားကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ (ဧပြီ ၁၃ ရက်)တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် ဧပြီ ၁၀ရက် နံနက်တွင် စလင်းမြို့မရဲစခန်းမှ အင်အား ၁၀၀ကျော်ဖြင့်စုဖွဲ့မှုပြုလုပ်ပြီး စလင်းမြို့အနီးကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်းဟု ဆိုသည်။

ထိုနေ့တွင်ပင် စစ်ကောင်စီတပ်စစ်ကြောင်းအား ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနောက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မွန်းလွဲပိုင်း၌ စလင်း-ဆင်ဖြူကျွန်း လမ်းပိုင်းသို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း စလင်း-ပကဖက အသိပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိကြောင်းသိရသော်လည်း အတိအကျကိုမူ စုံစမ်းဆဲဖြစ်ကြောင်း ဖော်ပြသည်။

“စကစ ဘက်က စစ်ကြောင်းထိုးလိုက် သူတို့ရဲ့အထိုင်စခန်းကိုပြန်ဆုတ်လိုက်လုပ်နေတာ။ပြီးခဲ့တဲ့လကတည်းကနေ အခု ၁၀ရက်နေ့က ပြန်ဆုတ်ပြီးနောက် ၁၁ရက်နေ့ မှာ လင်းဇင်းစခန်းကိုပြန်စုပြီး လင်းဇင်းအနီးတဝိုက် စစ်ကြောင်းထပ်ထိုးလို့ ထပ်တိုက်ရတယ်”ဟု စလင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက စစ်ကောင်စီစစ်ကြောင်းထိုးမှုအခြေအနေကို ရှင်းပြသည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် စလင်းမြို့နယ်တွင်ရှိ စလင်း-ဆင်ဖြူကျွန်းနှင့် တညောင်လမ်းပိုင်းအား ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက အသိပေးသည်။

အဆိုပါလမ်းပိုင်းအား စစ်ကြောင်းထိုးရာတွင် စစ်ကောင်စီတပ်က ပြည်သူများ၏ ကျေးရွာများ မီးရှို့ပြီးနှင့် ဖမ်းမိသည့် အရပ်သားများအား သတ်ဖြတ်ခဲ့သည်။

ထို့အပြင် ဧပြီ ၂၀ရက်နောက်ပိုင်း မကွေးတိုင်းရှိ စလင်း၊ပွင့်ဖြူနှင့် စေတုတ္တရာမြို့နယ်တို့ကို လေ ကြောင်း၊ ဒရုန်းနှင့်လက်နက်ကြီးစစ်ဆင်ရေးများပြုလုပ်မည်ဟု စစ်ကောင်စီ၏ လော်ဘီများက ဝါဒဖြန့်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ရှောင်တစ်ထောင်ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားရဲစခန်းကနေ မြောက်ဘက်ကို စစ်တပ်စစ်ကြောင်းထိုးလာပြီး ဒေသခံ ၁၀၀နီးပါးကို ဖမ်းဆီးထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်ကတောင်စလုံးကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှူးအပါအဝင် သေဆုံးထိခိုက်သူတွေများတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေနဲ့ မြေပြင်ရဲဘော်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခံရပြီး ၆ဦးသေကာ လက်နက် ၂လက် ရတယ်လို့ Southern Yeasgyo တပ်ပေါင်းစုက ဒီကနေ့ (အောက်တိုဘာ ၁၆ရက်)မှာ ထုတ်ပြန်ပါတယ်။