Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့မှာ လုပ်ငန်းရှင်တွေကို ပကဖအမည်သုံးပြီး ခြိမ်းခြောက်ငွေလိမ်နေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ လုပ်ငန်းရှင်တွေကို ရွှေဘိုပကဖအမည်သုံးပြီး ခြိမ်းခြောက်ငွေလိမ်တောင်းတာတွေ ဖြစ်ပွားနေကြောင်း သတင်းရရှိပါတယ်။

ခြိမ်းခြောက်ငွေတောင်းသည့် စာအား တွေ့ရစဥ် ဓာတ်ပုံ-ရွှေဘိုပကဖ

သြဂုတ်-၆၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ လုပ်ငန်းရှင်တွေကို ရွှေဘိုပကဖအမည်သုံးပြီး ခြိမ်းခြောက်ငွေလိမ်တောင်းတာတွေ ဖြစ်ပွားနေကြောင်း သတင်းရရှိပါတယ်။

ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ အမည်နဲ့ တပ်ရင်းတစ်ခုရဲ့Logoကိုအသုံးပြုပြီးရွှေဘိုမြို့ပေါ်ကလုပ်ငန်းရှင်တချို့ကို ရုံးစာအတုနဲ့လိမ်လည်အလှူခံတာ၊ငွေတောင်းခံတာ၊ခြိမ်းခြောက်စာပို့ပြီး ဆက်ကြေးကောက်ခံတာတွေ ပြုလုပ်နေတယ်လို့ သိရကြောင်း ရွှေဘိုပကဖက ပြော​ပါတယ်။

“ငွေလိမ်ခံရတာ​က လောလောဆယ်တော့ သတင်းပေးပို့မှုအရ သိရတာ လုပ်ငန်းရှင် ၁ ဦး ရှိတယ်”လို့ ရွှေဘိုပကဖ တာဝန်ရှိသူက ပြောပါတယ်။ ဘယ်လောက်ပမာဏ အလိမ်ခံလိုက်ရတယ်ဆိုတာကိုတော့ မသိရပါဘူး။ ရွှေဘိုပကဖက ထုတ်ပြန်တဲ့ ငွေတောင်းတဲ့စာမှာတော့ ကျပ်၃ သိန်းပေးဖို့ တောင်းထားတာကို တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့မည်သည့်လူပုဂ္ဂိုလ်၊ လုပ်ငန်းရှင်တွေဆီကိုမှရုံးစာထုတ်ပြီးအလှူခံတာ၊ငွေညှစ်တာ၊ခြိမ်းခြောက်ငွေတောင်းခံတာတွေ ပြုလုပ်ခြင်းမရှိကြောင်း၊ အလှူခံဖို့ကိုလည်း တဦးတယောက်ကိုမျှ တာဝန်ပေးထားတာမရှိကြောင်း ရွှေဘိုပကဖအဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။

“တော်လှန်ရေးကိုပုံရိပ်ကျအောင် တမင်လုပ်နေတာလို့ယူဆမိပါတယ်”လို့ ရွှေဘိုနယ်က ကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့လအနည်းငယ်ကလည်းရွှေဘိုမြို့ပေါ်ကရွှေပန်းထိမ်လုပ်ငန်းရှင်တွေကို PDFအမည်သုံးပြီးခြိမ်းခြောက်ငွေညှစ်တာတွေရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

အဲဒီဖြစ်စဥ်တွေကို စုံစမ်းဖော်ထုတ်ပြီး အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်သူများအနေနဲ့လည်း အလားတူ ဖြစ်စဥ်မျိုး ကြုံတွေ့ပါက ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ Facebook Page Massenger ကနေ မေးမြန်းအတည်ပြုပေးကြဖို့မေတ္တာရပ်ခံထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အယောင်ဆောင်ပြီး လူသတ် အဓမ္မကျင့်ခဲ့သူကို ဖမ်းဆီးရမိခဲ့ကြောင်း နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အမှတ်(၂၅၂)ခြေလျင်တပ်ရင်း ခလရ-၂၅၂ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သားသစ် တစ်ဦး ပခုက္ကူအခြေစိုက် COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်လာခဲ့ပါတယ်။

သတင်း

မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် (SRF)တပ်ဖွဲ့ဝင်တွေ ဖြစ်ပွားခဲ့တဲ့ သဘောထားကွဲလွဲမှု သဘောတူညီမှုရရှိခဲ့ပြီး SRFတပ်က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကွပ်ကဲမှုအောက်ခံယူခဲ့ပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။