Connect with us

Hi, what are you looking for?

သတင်း

ဂေါ်ရခါးလူမျိုးများတပ်သားစုဆောင်းမှုအတင်းအကြပ်လုပ်ဆောင်ခြင်းမရှိ၊ လူမျိုးစုခေါင်းဆောင်များနှင့် ဆွေးနွေးနေဟု TNLA ပြော

တအာင်းတပ်မတော်(PSLF/TNLA) အနေဖြင့် သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ရွာဒေသများ လုံခြုံရေးတွင် ဒေသခံများပူးပေါင်းဆောင်ရွက်နိုင်ရေး ဖိတ်ခေါ်မှုရှိကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကပြောကြားပြီး မိုးကုတ်မြို့တွင် ဂေါ်ရခါးလူမျိုးစုများ တပ်သားစုဆောင်းမှုကိုလည်း အတင်းအကြပ်လုပ်ဆောင်ခြင်း မရှိဟု ရှင်းလင်းသည်။

တအာင်းတပ်မတော်(PSLF/TNLA) ထိပ်ပိုင်းခေါင်းဆောင်များ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာသို့ သွားရောက် တွေ့ဆုံနေစဥ်၊ ဓာတ်ပုံ - news & information department

ဩဂုတ်-၇၊ ၂၀၂၅။ ရဲခေါင်၊ သက်ဝေ/People’s Spring

တအာင်းတပ်မတော်(PSLF/TNLA) အနေဖြင့် သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ရွာဒေသများ လုံခြုံရေးတွင် ဒေသခံများပူးပေါင်းဆောင်ရွက်နိုင်ရေး ဖိတ်ခေါ်မှုရှိကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကပြောကြားပြီး မိုးကုတ်မြို့တွင် ဂေါ်ရခါးလူမျိုးစုများ တပ်သားစုဆောင်းမှုကိုလည်း အတင်းအကြပ်လုပ်ဆောင်ခြင်း မရှိဟု ရှင်းလင်းသည်။

ဂေါ်ရခါးလူမျိုးစုများအား TNLAက စစ်သားစုဆောင်းမှု သတင်းနှင့်ပတ်သက်ပြီး TNLAက ဩဂုတ် ၅ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

” ဒီကိစ္စက စိုးရိမ်ဖွယ်ရာတော့ မရှိပါဘူး။ အတင်းအကြပ်လုပ်ဆောင်တာမျိုး ကျမတို့ ဆောင်ရွက်တာမျိုး မရှိသေးဘူး”ဟု လွေးယေဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဂေါ်ရခါးလူမျိုးစုခေါင်းဆောင်များနှင့် PSLF/TNLA တာဝန်ရှိသူများ ဆွေးနွေးမှု ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

“သူတို့ရဲ့ ပူးပေါင်းပါဝင်မှုကို ရရှိမယ်ဆို ဒေသတွင်း တည်ငြိမ်ရေးနဲ့ ဒေသတွင်း တရားဥပဒေ စိုးမိုးရေးဆောင်ရွက်တဲ့အချိန်မှာ မြန်ဆန်ပြီးမှ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”ဟု လွေးယေဦးက ပြောသည်။

မိုးကုတ်မြို့သည် စစ်ကောင်စီ၏ အပြင်းအထန်လေကြောင်း တိုက်ခိုက်မှု ကြုံနေရသည့် ဒေသဖြစ်ပြီး အရပ်သား သေဆုံးဒဏ်ရာရမှုများ ရှိနေကြောင်း၊ ထို့ပြင် ဒေသတွင်း ဓားပြနှင့် အခြားဒုစရိုက်မှုများလည်း ပေါများလျက်ရှိရာ ဒေသတည်ငြိမ်ရေးလူမျိုးစုများ၏ ပူးပေါင်းမှုလိုအပ်ဟုလည်း ပြောသည်။

TNLA အနေဖြင့် တပ်သားစုဆောင်းမှုနှင့်ပတ်သက်၍ အဖွဲ့ မူဝါဒအရ၊ဥပဒေသတ်မှတ်ချက်အရ အရ သတ်မှတ်ချက်အရ အသက်ပြည့်ပြီးဖြစ်သည့် တအာင်းလူမျိုးကိုသာ ဥပဒေအရ ကောက်ခံခြင်းဖြစ်ပြီး အခြား လူမျိုးစုများကိုမူ ၎င်းတို့၏ ပါဝင်လာမှုအပေါ်မူတည်ပြီး ပူးပေါင်းဆောင်ရွက်နေသည်ဟု ပြောသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုးကုတ်နှင့် မိုးမိတ်မြို့တွင် တအာင်းလူမျိုးမဟုတ်သည့် လူမျိုးစုများ ပါဝင်သည်ကိုတွေ့ရကြောင်းလည်း ပြောသည်။

တဖက်တွင် စစ်ကောင်စီက တနိုင်ငံလုံး စစ်မှုမထမ်းမနေရ ဥပဒေကို ထုတ်ပြန်ပြီး တပ်သားစုဆောင်းနေခြင်း ၊ လူငယ်များကို ဖမ်းဆီးခြင်း ရှေ့တန်းတိုက်ပွဲများ၌ တာဝန်ထမ်းဆောင်စေခြင်းများ ရှိနေကြောင်းလည်း လွေးယေဦးက ပြောသည်။

TNLA အနေဖြင့် တအာင်းလူမျိုးကိုသာ မူဝါဒအရ တပ်သားစုဆောင်းမှု ပြုလုပ်လျက်ရှိရာ အခြားလူမျိုးစုများ၏ ပါဝင်မှု ရရိရေးအတွက်လည်း ကြိုးပမ်းနေကြောင်း လွေးယေဦးက ပြောသည်။ အားလုံးရဲ့ ပူးပေါင်းပါဝင်ခြင်းက ဒေသတည်ငြိမ်ရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ထပ်လောင်းပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာ ပေါက်ကွဲမှု ဖြစ်စဉ်မှာ ထိခိုက်ပျက်စီးခဲ့တဲ့ အိမ်ခြေ ၄၉၅ လုံးအတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း ၆၈၄၇၂သိန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း TNLAက ထုတ်ပြန်ပါတယ်။