Connect with us

Hi, what are you looking for?

သတင်း

စစ်သင်္ဘောတစ်စီး ပင်လယ်၌ မီးလောင်နစ်မြုပ်

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသောရခိုင်နှင့်ဧရာဝတီတိုင်းနယ်စပ် ကမ်းရိုးတန်း ဒေသများကို ပင်လယ်ပြင်မှနေ၍ လက်နက်ကြီးဖြင့်ပစ်ခတ်နေသည့် စစ်သင်္ဘောများအနက် တစ်စီးသည် ဂွမြို့နယ်ပင်လယ်ပြင်တွင် မီးလောင်ပျက်စီးပြီး နစ်မြုပ်သွားကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ပင်လယ်ပြင်တွင်မီး​လောင်​နေ​​သောစစ်သင်္ဘောကို​တွေ့ရစဥ်။ဓါတ်ပုံ-APM

သြဂုတ်-၁၁၊၂၀၂၅။ဇော်ရမ်း/People’s Spring

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသောရခိုင်နှင့်ဧရာဝတီတိုင်းနယ်စပ် ကမ်းရိုးတန်း ဒေသများကို ပင်လယ်ပြင်မှနေ၍ လက်နက်ကြီးဖြင့်ပစ်ခတ်နေသည့် စစ်သင်္ဘောများအနက် တစ်စီးသည် ဂွမြို့နယ်ပင်လယ်ပြင်တွင် မီးလောင်ပျက်စီးပြီး နစ်မြုပ်သွားကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

လက်နက်ကြီးများတပ်ဆင်ထားသည့်စစ်သင်္ဘောတစီးသည် ဂွမြို့နယ်ဘက်မှလှမ်းမြင်ရသည့် ပင်လယ်ပြင်တစ်နေရာတွင် သြဂုတ်လ၁၀ရက်ညနေက မီးလောင်ခဲ့ခြင်းဖြစ်​ကြောင်း ဒေသခံတဦးကပြောသည်။

“ ဒီရက်တွေထဲမှာ နေဗီ(စစ်ကောင်စီရေတပ်) ကနေ ရွာတွေဘက်ကို ပစ်နေတာ ခဏခဏပဲ။ ပင်လယ်မှာ စစ်သင်္ဘောတချို့ သွားလာနေတာလည်းတွေ့တယ်။ တစ်စီးကတော့ မနေ့ကမီးလောင်တာဟုတ်တယ်။ ပင်လယ်ထဲမြုပ်သွားတယ်။ ဘာကြောင့်လောင်လဲတော့မသိရဘူးလေ။ တိုက်ပွဲကတော့ဖြစ်မနေဘူး” ဟုဂွမြို့ခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

နစ်မြုပ်သွားသည့်စစ်သင်္ဘောနှင့်ပတ်သက်၍အသေးစိတ်အ​ခြေအ​နေကိုမူမသိရသေးပေ။

ပြီးခဲ့သည့် ဇန်နဝါရီလ ပထမလပတ်က ရခိုင်ပြည်နယ် ဂွ မြို့နယ်နှင့် ဧရာဝတီတိုင်း၊ ရွှေ သောင်ယံမြို့နယ်စပ်အနီးရှိ ကုလားချောင်း၊ ကျောက်ချွန်၊ ပေါက်တူးကွင်းအပြင် မကျီးဇင်ကျေးရွာအနီး၌ တိုက်ပွဲများဖြစ်ပွားခဲ့သည်။ မကျီးဇင်၊ ကျောက်ချွန်၊ ဘောမိကျေးရွာတို့ကို AAကထိန်းချုပ်ခဲ့သည်။

မတ်လတွင် တိုက်ပွဲများငြိမ်သက်သွားပြီးနောက် စစ်ကောင်စီကရွှေသောင်ယံမြို့ပေါ်တွင်တပ်စွဲထားသည်။

စစ်ကောင်စီသည် ပင်လယ်ကမ်းရိုးတန်းမြို့နယ်များဖြစ်သည့် ဂွမြို့၊သံတွဲမြို့တို့ကို ပြီးခဲ့သည့်ဇွန်လမှစ၍ လက်နက်ကြီးများပစ်ခတ်နေသည်။ ထို့အပြင် ယခုရက်ပိုင်း၌ ကျောက်ဖြူမြို့နှင့် ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့နယ်တို့ကို လေကြောင်းမှဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ မကြာခဏပြုလုပ်ခဲ့သည်။

AAသည် ရခိုင်ပြည်နယ်၌ ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ နိုဝင်ဘာလ ၁၃ရက်၌ စတင်ခဲ့ပြီး ချင်းပြည်နယ်မှ ပလက်ဝဒေသနှင့် ရခိုင်ပြည်နယ်မှကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မှလွဲ၍ ကျန်မြို့နယ်အားလုံးကို သိမ်းယူထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊မော်လမြိုင်မြို့မှာဒီနေ့ ( မတ်လ ၂ ရက်) မနက်အစောပိုင်းက နေအိမ် မီးလောင်မှုဖြစ်ပြီး သက်ကြီးပိုင်း အဘိုး၊အဘွား နှစ်ဦး သေဆုံးသွားတယ်လို့ လူမှုကူညီရေးအသင်းထံကသိရပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်သုံးခုမှာ ဒီနေ့ (ဖေဖော်ဝါရီ၂၂) နံနက်ပိုင်းက မီးလောင်မှု ဖြစ်ခဲ့ပြီး လူ ၂ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်က ငလျင်ကြောင့်ပြိုကျသွားတဲ့ SKY Villa ကွန်ဒိုက ကားအဟောင်းတွေ စုပြုံထားတဲ့နေရာ ဒီနေ့ နေ့လယ်ပိုင်းမှာ မီးလောင်မှု ဖြစ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်က အထည်ချုပ်စက်ရုံမီးလောင်မှုကို ၁၀နာရီကျော်ကြာတဲ့အထိ ငြှိမ်းသတ်နေရဆဲဖြစ်ပြီး ညဘက်ရောက်လာတာကြောင့် မီးဆလိုက်တွေထိုးကာ ငြှိမ်းသတ်နေရတယ်လို့ လူမှုကူညီရေးအသင်းတွေက အသိပေးထားပါတယ်။