Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲဆက်ဖြစ်နေ

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်အချို့က လူထုနွေဦးကို ပြောပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF

သြဂုတ်-၁၂ ၊၂၀၂၅။ရဲခေါင် /People’s Spring

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်အချို့က လူထုနွေဦးကို ပြောပါတယ်။

ငွေတောင်မြို့အခြေစိုက်ခလရ(၁၀၂)နဲ့ ခမရ(၄၂၇)တပ်ရင်းနှစ်ခုပူးပေါင်းထားတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေက ဒီးမော့ဆိုမြို့နယ်ဘက်ခြမ်းကို နယ်မြေပြန်အသာစီးရဖို့ ကြိုးစားလာတာလို့ ဆိုပါတယ်။

ခလရ(၁၀၂)တပ်ရင်းနဲ့ မီတာ၂၀၀၀အကွာက သဲတောင်ရွာမှာ စစ်ကြောင်းတစ်ခုနဲ့ ငွေတောင်ဆည်အောက်တစ်ဝိုက်မှာ စစ်ကြောင်း တစ်ခုရှိနေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“အရှေ့ဖက်ခြမ်းစစ်ကြောင်းက သဲတောင်နားရောက်ပြီပြောတယ်။နောက်တစ်ကြောင်း က တော့ ငွေတောင်ဆည်ဘောင် အောက်နားလောက်မှာပဲ။တိုက်ပွဲက တော့ဆက်ဖြစ်နေတုန်း”လို့ ဒီးမော့ဆို အခြေစိုက်ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုမြို့တွင်းအပါအဝင် လွိုင်ကော်-ဒီးမော့ ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို ပြန်ထိန်း ချုပ်ဖို့စစ်ကောင်စီက အင်အား ၃၀၀လောက်သုံးထားတယ်လို့လည်း အသိပေးပါတယ်။

“စစ်ကြောင်းက သုံးကြောင်းလောက်ထိုးလာတဲ့အနေ အထားမှာ တစ်ကြောင်းနဲ့တစ်ကြောင်းရောက်တဲ့နေရာက မတူဘူး”လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်က ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းထိုးလာလို့ ဒီးမော့ဆိုမြို့နယ် မှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဩဂုတ် ၁၀ ရက်ကတည်းက ထုတ်ပြန်ထားပါတယ်။

စစ်ရေးအခြေအနေတွေကြောင့် လွိုင်ကော် – ဒီးမော့ဆို -ဖရူဆို လမ်းမကြီးကို အသုံးမပြုဖို့နဲ့ ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်ဆိုတာကိုလည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သြဂုတ်၈ ရက်ကစပြီး ဒီးမော့ဆိုမြို့အတွင်းကိုစစ်ကောင်စီက စစ်ကြောင်းထိုးလှုပ်ရှားမှုတွေ စတင် ခဲ့တာဖြစ်ပြီးတော့ ဖရူဆိုမြို့နယ်အခြေစိုက်တပ်တွေကနေ ဒီးမော့ဆို-ဖရူဆိုလမ်းပိုင်းတစ်လျှောက်ကို လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတာရှိပါတယ်။

“လမ်းကြောင်းကိုပြန်ထိန်းချုပ်ဖို့ပြီးတော့ ပြတ်တောက်နေတဲ့ ထောက်ပို့လမ်းကြောင်းတွေ ပြန်ချိတ်ဆက်ဖို့ဖြစ်နိုင်တယ်”လို့ KNDF တာဝန်ရှိသူက စစ်ကောင်စီစစ်ကြောင်းထိုးလာတဲ့ အကြောင်း အရင်းကို ပြောထားပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီရဲ့ မြို့စောင့်တပ်ရင်းနှစ်ခုဖြစ်တဲ့ ခလရ (၁၀၂)နဲ့ခမရ(၄၂၇)တပ်ရင်းကလွဲလို့ မြို့နယ် ဧရိယာအများစုကို ကရင်နီတပ်ပေါင်းစုက ၂၀၂၃နိုဝင်ဘာနောက်ပိုင်းကပြီး လွှမ်းမိုးထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။