Connect with us

Hi, what are you looking for?

သတင်း

စစ်မီးပြန်တောက်နိုင်ကြောင်း MNDAAသတိပေးထားသော်လည်း ကွတ်ခိုင်မြို့ကို စစ်ကောင်စီ လေကြောင်းမှ ခြိမ်းခြောက်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့အား ဇူလိုင် ၃၀ရက်ကဗုံးကြဲပြီးနောက်ပိုင်း စစ် ကောင်စီက နေ့စဉ်လေကြောင်းမှ ကင်းထောက် နေပြီး ဗုံးထပ်ကြဲမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ဇူလိုင် ၃၀ရက်က ကွတ်ခိုင်မြို့အား လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ဟိုတယ်။ ဓာတ်ပုံ - CJ

ဩဂုတ်-၁၂၊၂၀၂၅။လူအေး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့အား ဇူလိုင် ၃၀ရက်ကဗုံးကြဲပြီးနောက်ပိုင်း စစ် ကောင်စီက နေ့စဉ်လေကြောင်းမှ ကင်းထောက် နေပြီး ဗုံးထပ်ကြဲမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

စစ်ကောင်စီက ကွတ်ခိုင်မြို့ကို Y12လေယာဉ်ဖြင့် နေ့စဉ် ကင်းထောက်နေခြင်းဟု ဒေသခံများကပြောသည်။

” နေ့ရော၊ ညပါ လေကြာင်းကနေ ကင်းထောက် နေတာပါ။ အိပ်မယ်ပြင်လိုက် လေယာဉ်သံကြားလိုက်နဲ့ ကလေးတွေရောလူကြီးတွေပါမအိပ်ရဲကြဘူး။ အခုဆိုရင် ကင်းထောက်လေယာဥ်နေ့တိုင်းလာနေတာ”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ကွတ်ခိုင်မြို့ကို ဩဂုတ် ၁၀ရက်၊၁၁ရက်နှင့် ယနေ့(ဩဂုတ် ၁၂ရက်) သုံးရက်အတွင်း လေကြောင်းမှ ဗုံးကြဲမည်ဟူသော ကောလာဟလများလည်း ထွက်ပေါ်နေသည်။

” ဒီနေ့က ၁၂ရက်နေ့ဆိုတော့ ပိုပြီးကြောက်နေကြတယ်။ မြို့ပေါ်မှာ လူလုံးဝမရှိသလောက်ပဲ။ အပြင်မထွက်ရဲကြဘူး”ဟု ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၃၀ရက်နံနက်က ကွတ်ခိုင်မြို့ ရပ်ကွက်(၂)ရှိ ရာစုသစ်ဟိုတယ်(၂)အနီးကို စစ်ကောင်စီက ဗုံးကြဲရာ အရပ်သား (၇)ဦးသေဆုံးပြီး (၁၃)ဦး ဒဏ်ရာရခဲ့သည်။ဒဏ်ရာရရှိသူများတွင် တရုတ်နိုင်ငံသားတစ်ဦး ပါဝင်ခဲ့သည်။

ကွတ်ခိုင်မြို့အား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုသည် တရုတ်အစိုးရ၏စေ့စပ်ညှိနှိုင်းမှုများဖြင့် ခက်ခဲစွာရရှိထားသည့် အပစ်ရပ်သဘောတူညီချက်ကို ပြင်းထန်စွာချိုးဖောက်လိုက်ခြင်းဖြစ်ပြီး နှစ်ဖက်ယုံကြည်မှုကို ထိခိုက်စေကာရှမ်းပြည်မြောက်ပိုင်း၌ တိုက်ပွဲများပြန်ဖြစ်နိုင်ခြေကို အရှိန်မြင့်လိုက်ခြင်းဖြစ်ကြောင်းမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က ယင်းနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

MNDAAဘက်မှ ထိန်းသိမ်းနိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းထားဆဲဟု အသိပေးထားသည်။ထို့အပြင် လူထုဘေးကင်းလုံခြုံရေးအတွက် လိုအပ်သော အစီအစဥ်များချမှတ်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ကောင်စီကဇူလိုင် ၃၁ရက်တွင် ထုတ်ပြန်ခဲ့သည့် အရေးပေါ်အခြေအနေကြေညာချက်ပါ ၆၃မြို့နယ်တွင် ကွတ်ခိုင်မြို့လည်းပါဝင်နေပြီး ဒေသခံများသည် လေကြောင်းအန္တရာယ်ကိုစိုးရိမ်နေကြသည်။

ကွတ်ခိုင်မြို့ကို၁၀၂၇စစ်ဆင်‌ရေးနှင့်အတူတ‌အာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်(TNLA)က သိမ်းယူခဲ့ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် MNDAAလည်း တပ်စွဲထားသည်။

“ကွတ်ခိုင်တင်မက ရှမ်းမြောက်တစ်ခုလုံးက အကဲဆတ်ပါတယ်။ စစ်တပ်ကနောင်ချိုကိုပြန်ရပြီးပြီဆိုတော့ရှမ်းမြောက်ကုန်သွယ်ရေးလမ်းကြောင်းကို ဆက်တိုးနိုင်တယ်။

MNDAAကလည်း သတိပေးထားတယ်ဆိုတော့ ဘာဖြစ်လာမှာလဲဆိုတာ ကြိုတင်တွေးဆနေရတယ်”ဟု ရှမ်းမြောက်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မန္တလေး- မူဆယ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ နောင်ချို၊ ‌ ကျောက်မဲ၊သီပေါ၊ လားရှိုး၊သိန္နီ၊ကွတ်ခိုင်၊ နမ့်ဖက်ကာ၊ မူဆယ်မြို့တို့ ရှိသည်။

စစ်ကောင်စီက နောင်ချိုမြို့ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်း ပြန်လည်ထိန်းချုပ်ထားပြီးနောက် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထိန်းချုပ်ထားသည့် သီပေါ၊ ကျောက်မဲ၊ ကွတ်ခိုင်မြို့တို့ကို လေကြောင်းမှ ဗုံးကြဲခဲ့သည်။

အဆိုပါကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် နောင်ချိုမြို့၊ လာရှိုးမြို့နှင့် မူဆယ်မြို့တို့ကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။