Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် – ကာမိုင်းလမ်းပိုင်း တိုက်ပွဲဆက်ဖြစ်နေ၍ သွားလာခြင်းမလုပ်ရန် သတိပေးနေ

ကချင်ပြည်နယ်၊ ဖားကန့် – ကာမိုင်းလမ်းပိုင်း၌ တိုက်ပွဲဖြစ်နေ၍ အဆိုပါလမ်းပိုင်းအား ယခုရက်ပိုင်းအတွင်း အသုံးမပြုကြရန် ဒေသခံများနှင့် ယာဉ်မောင်းများက သတိပေးနေကြသည်။

ဖားကန့် - မြစ်ကြီးနားလမ်းပိုင်း တနေရာရှိ စစ်ကောင်စီတပ် ဂိတ်တစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဩဂုတ်-၁၂၊၂၀၂၅။မိထက်/People’sSpring

ကချင်ပြည်နယ်၊ ဖားကန့် – ကာမိုင်းလမ်းပိုင်း၌ တိုက်ပွဲဖြစ်နေ၍ အဆိုပါလမ်းပိုင်းအား ယခုရက်ပိုင်းအတွင်း အသုံးမပြုကြရန် ဒေသခံများနှင့် ယာဉ်မောင်းများက သတိပေးနေကြသည်။

ဖားကန့်နှင့်မြစ်ကြီးနားမြို့ကို ဆက်သွယ်ထားသည့် လမ်းပိုင်းမှ ဖားကန့် – ကာမိုင်းလမ်းပိုင်းတွင်ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ဩဂုတ် ၁၀ရက်ကစတင်၍ တိုက်ပွဲဖြစ်ခဲ့သည်။ မအူပင်ကျေးရွာအနီးတွင် တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ပွားနေပြီး မိုင်း အန္တရာယ်လည်းကြီးမားနေကြောင်း ဒေသခံများက သတိပေးသည်။

“စစ်ကောင်စီစစ်ကြောင်းတက်လာလို့ တိုက်ပွဲဖြစ်နေတာ။ အဲဒီလမ်းပိုင်းမှာ မိုင်းကွဲတာတွေဖြစ်ပြီး အရပ်သားကားတချို့ထိတယ်။တိုက်ပွဲကခဏလို့ထင်ပေမယ့်အခုကဆက်ဖြစ်နေတယ်။မလိုအပ်ဘဲမသွားတာအကောင်းဆုံးပဲ”ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဖားကန့် – ကာမိုင်းလမ်းပိုင်း၌ စစ်ကောင်စီတပ် အင်အား၅၀၀ခန့်ရောက်ရှိလာပြီးနောက် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။ လက်ရှိတွင် ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်နေသလို ဖားကန့်မှအထွက်လမ်းပိုင်းတွင်လည်း တိုက်ပွဲတစ်ကျော့ပြန်ဖြစ်ပွားလာခြင်းဖြစ်သည်။

ပြီးခဲ့သည့်ဧပြီက မိုးကောင်းမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် -စကခ(၃) ဦးဆောင်သည့်စစ်ကောင်စီတပ်စစ်ကြောင်းသည် ကာမိုင်း – လုံးခင်း – ဖားကန့်လမ်းအတိုင်း ဖားကန့်မြို့သို့ဝင်ရောက်လာစဉ် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။

မေလကုန်၌ ဖားကန့်မြို့သို့ စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်သွားနိုင်ပြီးနောက် ဖားကန့် – ကာမိုင်းလမ်း၌ တိုက်ပွဲများရပ်တန့်နေရာမှ ယခုတကြိမ်ထပ်မံဖြစ်ပွားခြင်းဖြစ်သည်။

ဩဂုတ် ၁၁ရက်က အရပ်သားကားတစ်စီးမိုင်းထိရာ ဒဏ်ရာရသူအချို့ရှိခဲ့ပြီး ဒဏ်ရသူ ငါးဦးကို ကာမိုင်းဆေးရုံသို့ပို့ဆောင်ခဲ့ရသည်ဟု ဒေသခံအချို့က ပြောသည်။

ထို့အပြင်ယမန်နေ့ကဖြစ်ပွားသောတိုက်ပွဲအတွင်းစစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများကြောင်း KPDF နှင့်နီးစပ်သူအချို့ထံမှ သတင်းရရှိသည်။

ဖားကန့် – ကာမိုင်းလမ်းပိုင်းရောက်ရှိလာသောစစ်ကြောင်းသည် မိုးကောင်းမြို့မှလာရောက်ခြင်းဖြစ်ပြီး တိုက်ပွဲမှာ ရက်အနည်းငယ်ကြာနိုင်ကြောင်းလည်း သတိပေးမှုများရှိနေသည်။

လက်ရှိတိုက်ပွဲဖြစ်နေသည့်ဖားကန့်မြို့နယ်တွင်လည်း လက်နက်ကြီးနှင့်လေကြောင်းအန္တရာယ်ကိုသတိပြုရန်ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် KPDFက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။