Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့အနီးမှာ တိုက်ပွဲတွေဆက်ဖြစ်နေ

မြင်းခြံမြို့အနီးမှာ စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းနဲ့ ဆက်လက်ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

MBT တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ-MBT screengrab

သြဂုတ်-၁၃၊၂၀၂၅။ဇေအောင်/People’s Spring

မြင်းခြံမြို့အနီးမှာ စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းနဲ့ ဆက်လက်ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

သြဂုတ်လဆန်းကတည်းက မြင်းခြံမြို့အရှေ့ဘက် ၃ မိုင်ခန့်အကွာက ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေတိုက်ပွဲ ဖြစ်ပွားနေခဲ့တာပါ။ နှစ်ဘက်ထိခိုက်မှုတွေရှိနေပြီး ရဲဘော် ၅ ဦးထက်မနည်း ကျဆုံးကာ ကာကွယ်ရေး စခန်း ၄ ခု ဆုံးရှုံးထားပါတယ်။

သြဂုတ်လ ၁၂ ရက်မှာတော့ အင်အား ၃၀၀ ခန့်ပါတဲ့ စစ်​ကောင်စီတပ်ဟာစစ်ကြောင်း ၃ကြောင်းခွဲပြီး ထပ်မံထိုးစစ်ဆင်လာတာကြောင့် ပြောက်ကျားနည်းစနစ်နဲ့ ပြန်လည်တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်စစ်​ကြောင်းမှ၅ဦး သေဆုံးပြီး ၂ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ရဲဘော်နှစ်ယောက်တည်းနဲ့ ရန်သူ့ကြားထဲဝင်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ၇ ယောက်က ရှေ့ကိုတက်ဖို့ချောင်းနေတဲ့အချိန် နောက်ကနေ သွားပစ်ခဲ့တာ။”လို့ ဗိုလ်မိုက်ခဲက ဆိုပါတယ်။

သြဂုတ် ၁၃ ရက်​နေ့အထိလည်း စစ်တပ်စစ်ကြောင်းဟာ မြင်းခြံမြို့အရှေ့ဘက်မှာ လှည့်လည်စစ်ကြောင်းထိုးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အလားတူ မြင်းခြံနယ်ထဲကပဲ တလုပ်မြို့မှာ တပ်စွဲထားတဲ့ စစ်တပ်စခန်း​တွေကိုဩဂုတ်လ ၉ ရက်နေ့ နံနက် အ​စောပိုင်းမှစတင်တိုက်ခိုက်ခဲ့တာ​ကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်ရှစ်ဦးသေဆုံးခဲ့တယ်လို့ CDSOM က သတင်းထုတ်ပြန်ပါတယ်။ စစ်တပ် စစ်​​ကြောင်းကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM)ရဲ့ ဗိုလ်စင်္ကြာစစ်ကြောင်း နဲ့ PDF တလုပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

” တလုတ်ပွဲက ကိုယ့်ဘက်က အပေါင်းဖြစ်တယ်။ စစ်ကြောင်းတွေခွဲပြီး ဝင်တိုက်တာ။ စစ်ကောင်စီဘက်က တော်တော်လေး ထိသွားတယ်။ အခုကတော့ အခြေအနေပြန်ငြိမ်နေပါတယ်”လို့ မြင်းခြံမြို့နယ်မှ PDFတစ်ဦးက ပြောပါတယ်။

စစ်တပ်ကအထိနာတဲ့အတွက်လေကြောင်းကနေပါ ပစ်ကူ​ပေးခဲ့တယ်လို့ ကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။

စစ်ကောင်စီဟာ ကျေးရွာတွေကိုပါ ဝင်ရောက်ပစ်ခတ်ခဲ့လို့ မြောက်ကုန်းရွာမှာ ပြည်သူ ၄ ဦးနဲ့ ဗလုံရွာက ပြည်သူတွေတချို့လည်း သတ်ဖြတ်ခံရပြီး နေအိမ် ၂၀၀ ကျော်ပါ မီးရှို့ဖျက်ဆီးခံရတယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စစ်တပ်စစ်ကြောင်း​တွေကြောင့် ကျေးရွာ ၁၅ ရွာထက်မနည်း၊ ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Facebook