Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းရန်အသင့်မဖြစ်သေးသည့် ဂေါ်ရခါးလူမျိုး ၈၄ဦး TNLA ပြန်လွှတ်ပေး

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသည့်မိုးကုတ်မြို့တွင် TNLA နှင့် ဂေါ်ရခါးလူမျိုးများ တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး စစ်မှုထမ်းရန် အသင့်မဖြစ်သေးသည့်ဂေါ်ရခါးလူမျိုး (၈၄)ဦးကိုလည်း ၎င်းတွေ့ဆုံဆွေးနွေးပွဲအတွင်း သက်ဆိုင်ရာတာဝန်ရှိသူနှင့် မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

မိုးကုတ်မြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နှင့် ဂေါ်ရခါးလူမျိုးတို့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်နေစဉ်။ ဓာတ်ပုံ − TNLA

ဩဂုတ်−၁၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသည့်မိုးကုတ်မြို့တွင် TNLA နှင့် ဂေါ်ရခါးလူမျိုးများ တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး စစ်မှုထမ်းရန် အသင့်မဖြစ်သေးသည့်ဂေါ်ရခါးလူမျိုး (၈၄)ဦးကိုလည်း ၎င်းတွေ့ဆုံဆွေးနွေးပွဲအတွင်း သက်ဆိုင်ရာတာဝန်ရှိသူနှင့် မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

ဩဂုတ်၁၄ရက်ကတွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ခြင်းဖြစ်ပြီးTNLA၏ အထွေထွေအတွင်း‌ရေးမှူး (၁) ဗိုလ်မှူးချုပ်တားအိုမ်တမာဝ်းနှင့် ဂေါ်ရခါးပြည်သူလူထုတို့ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ဟု ဆိုသည်။

ဆွေးနွေးပွဲတွင်ဂေါ်ရခါးပြည်သူလူထုနှင့်ဒေသတွင်းအုပ်ချုပ်ရေး၊ သင်ကြားရေးပိုင်းနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အတူတကွတွဲပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

TNLAသည် မိုးကုတ်မြို့ရှိ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများနှင့် ‌ဒေသတွင်းတည်ငြိမ်ရေးကို ဆောင်ရွက်နိုင်ရန် ဂေါ်ရခါးပြည်သူလူထုကို ဖိတ်ခေါ်ခဲ့သော်လည်း တပ်ဖွဲ့အတွင်း စစ်မှုထမ်းရန် အဆင်သင့်မဖြစ်သေးသော ဂေါ်ရခါးလူမျိုးများကို ပြန်လည်လွတ်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။

မိုးကုတ်မြို့နေ ဂေါ်ရခါးလူမျိုးများကို TNLAက လူသစ်စုဆောင်းမှုနှင့်ပတ်သက်ပြီး အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဩဂုတ် ၅ရက် သတင်းစာရှင်းလင်းပွဲ၌ အဖွဲ့၏ မူဝါဒကိုပြောကြားခဲ့ရာ ဒေသလုံခြုံရေး အတွက် ဖိတ်ခေါ်မှု ရှိသော်လည်း တပ်သားစုဆောင်းမှုကို အတင်းအကြပ်လုပ်ဆောင်ခြင်းမရှိဟု ပြောကြားကာ စိုးရိမ်ဖွယ်ရာမရှိဟု အသိပေးသည်။

ထို့ပြင် ဂေါ်ရခါးလူမျိုးစု ခေါင်းဆောင်များနှင့် TNLA တာဝန်ရှိသူများ ဆွေးနွေးမှုများ ရှိနေပြီး ဂေါ်ရခါးလူမျိုးများ အပါအဝင် ဒေသခံများ၏ ပူးပေါင်းပါဝင်မှု ရပါက ဒေသ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ရာ၌ ပိုမြန်ဆန်မည်ဟု လွေးယေဦးက ပြောကြားခဲ့သည်။

လက်ရှိ TNLA အဖွဲ့၏ မူဝါဒ ဥပဒေ သတ်မှတ်ချက်အရ အသက်ပြည့်ပြီးဖြစ်သည့် တအာင်းလူမျိုးများကိုသာ စစ်သား စုဆောင်းကောက်ခံခြင်းဖြစ်ပြီး အခြားလူမျိုးစုများကို ၎င်းတို့၏ ပါဝင်မှုအပေါ်မူတည် ပူးပေါင်းဆောင်ရွက်နေကြောင်း လွေးယေဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

၂နှစ်တာအတွင်း သေဆုံး စစ်ကောင်စီတပ်သား ၂သောင်းကျော်အနက် သေဆုံသူအများစုဟာ ပစများဖြစ်ဟုဆို

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။

သတင်း

သူဝယ်မိတဲ့ဘောလုံးသမားဟာချင်းလန်းအက်ဖ်စီက Pa Lung ဖြစ်တယ်လို့သတင်းရင်းမြစ်အချို့​ပြော