Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ပျူ​တွေက VPN စစ်​ဆေး​ငွေညှစ်တာ​တွေပိုလုပ်လာ

မန္တ​လေးမြို့မှာ ၊စစ်တပ်လက်​အောက်ခံပျူ​စောထီး​ခေါင်း​ဆောင်ဘုန်းကြီးပေါက်ကိုယ်တော်နဲ့ တပည့်တွေ ကြီးစိုးတဲ့ပြည်ကြီးတံခွန်မြို့နယ်ထဲမှာပြည်သူ​တွေကို ဖုန်း​တွေထဲ VPNသုံး၊မသုံးစစ်ဆေးပြီးဖမ်းဆီးငွေညှစ်နေတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

ပြည်သူ တဦးရဲ့ဖုန်းကို စစ်​ဆေး​နေတဲ့ စစ်​ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်တဦး(ပုံ​ဟောင်းဖြစ်ပါသည်

ဩဂုတ်၁၈၊၂၀၂၅။မေ/People’s Spring

မန္တ​လေးမြို့မှာ ၊စစ်တပ်လက်​အောက်ခံပျူ​စောထီး​ခေါင်း​ဆောင်ဘုန်းကြီးပေါက်ကိုယ်တော်နဲ့ တပည့်တွေ ကြီးစိုးတဲ့ပြည်ကြီးတံခွန်မြို့နယ်ထဲမှာပြည်သူ​တွေကို ဖုန်း​တွေထဲ VPNသုံး၊မသုံးစစ်ဆေးပြီးဖမ်းဆီးငွေညှစ်နေတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်မှာသြဂုတ်လအတွင်း VPN သုံးတာကိုအ​ကြောင်းပြပြီး ပျူ​စောထီး​တွေက ပြည်သူ​တွေကိုဖမ်းဆီးတာ ၊​​ငွေညှစ်တာ ဆက်တိုက်ခံ​နေကြရတာပါ ။ အာဏာသိမ်းစစ်​ကောင်စီက မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ​လူမှုကွန်ယက်မီဒီယာ​တွေထဲမှာ ​ဖေစ်ဘွခ်အပါအဝင် ၊ဝက်ဆိုက်အများအပြားအသုံးပြုခွင့်ပိတ်ပင်ထားသလို VPN အသုံးပြုခွင့်ကိုပါ တားမြစ်ပိတ်ပင်ထားတာပါ။

ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက်မှာ​တော့ ပိတ်ပင်တားမြစ်ထားတာဘာမှမရှိပဲ လွတ်လွတ်လပ်လပ်သုံးနိုင်ခဲ့ပါတယ်။ စစ်တပ်ရဲ့ ပိတ်ပင်မှု​တွေကိုအခွင့်အ​ရေးယူပြီး စစ်​ကောင်စီလက်​အောက်ခံလက်နက်ကိုင်အဖွဲ့​တွေနဲ့ ပျူ​စောထီး​တွေက ​ဖမ်းဆီးတာ ​ငွေညှစ်တာလုပ်လာကြတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“မြို့ထဲမှာတော့ သိပ်မ တွေ့ရဘူး။ဒါပေမယ့် စက်မှုဘက် မှာ တော့ တကယ်ဖမ်းတယ်။အရင် ရက်က ကျွန် တော့် အိမ်ရှေ့မှာတင်ကို ဖမ်းနေတယ်”လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပြည်ကြီးတံခွန်မြို့နယ်က ဒေသခံတဦး ကပြောပါတယ်။

မန္တ​လေးမြို့ကက အခြားလူငယ်တဦးကလည်း ပြည်သူ့စစ်ယူနီ ဖောင်းဝတ်လူငယ်တစုရဲ့ ဖမ်းဆီးတာခံခဲ့ရပြီးတစ်ညအိပ်ခဲ့ရသလို ကျပ်၁၅ သိန်းနဲ့ နေအိမ်ကို ပြန်‌ ရွေးခိုင်းခဲ့ရတယ်လို့ဆိုပါတယ်။

“ဖုန်းစစ်စရာရှိလို့ဆိုပြီး ကျွန် တော့်ကိုဖမ်းတာ။နောက်ပြီးတော့ပိုက်ဆံတောင်းတယ်။VPNပါလို့ဖမ်းတာဆိုပြီး ၁၅သိန်း တောင်းတာ။မြို့နယ်လျှပ်စစ်ရုံးထဲကို ဖမ်းခေါ်သွားတယ်။အိမ်ကိုပိုက်ဆံတောင်းဖို့ပဲ ဖုန်းပေးဆက်တာ”လို့အဲဒီလူငယ်ကပြန်ပြောပြပါတယ်။

မန္တလေးမြို့မှာစစ်တပ်ကမြို့စွန်ရပ်ကွက်တွေမှာ VPNဖမ်းဆီးစစ် ဆေးတာ တွေပြုလုပ် နေပြီး ယခုလအတွင်း အစစ်အဆေးပိုမိုပြုလုပ်လာတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။