Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့နယ်၊နောင်ပိန်အနီးတိုက်ပွဲပြင်းထန်

TNLA သိမ်းပိုက်ထိန်းချုပ်ထားသည့်ကျောက်မဲမြို့နယ်၊နောင်ပိန်တိုက်နယ်အတွင်းသို့စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာပြီး TNLA၊PDF ပူးပေါင်းတပ်များနှင့်တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

​ကျောက်မဲမြို့ နှင့် TNLA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-TNLA

သြဂုတ်-၁၉၊၂၀၂၀။လူအေး/People’s Spring

TNLA သိမ်းပိုက်ထိန်းချုပ်ထားသည့်ကျောက်မဲမြို့နယ်၊နောင်ပိန်တိုက်နယ်အတွင်းသို့စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာပြီး TNLA၊PDF ပူးပေါင်းတပ်များနှင့်တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

စစ်တပ် စစ်​ကြောင်းကSSPP တပ်စွဲထား‌သောကျောက်မဲမြို့နယ််၊ထန်းတပင်ရွာကိုဖြတ်၍ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်ဘက်မှ စစ်သားရာနှင့်ချီဝင်ရောက်လာခြင်းဖြစ်သည်ဟုဒေသခံများကပြောသည်။

“ထန်းတပင်ကနေကျော်လာတာက ရှမ်းအဖွဲ့(SSPP)ခွင့်ပြုလိုက်လို့ဝင်လာတာ။ ဒီနေ့ နေ့ခင်းကနောင်ပိန်ကို လက်နက်ကြီးတွေနဲ့ပစ်ပြီး တိုက်ပွဲတွေပြင်းထန်နေသလို ညနေပိုင်းမှာလေကြောင်းကနေလာပစ်သွားတယ်”ဟု နောင်ပိန်ဒေသခံတစ်ဦးကပြောသည်။​ ​ဒေသခံက SSPP နှင့်ပတ်သက်၍ ​ပြောကြားချက်အ​ပေါ် People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ ။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီ၏တပ်မ(၁၁)လက်အောက်ခံတပ်ရင်းများသည်ထန်းတပင်ရွာကိုကျော်၍ဝင်ရောက်လာခြင်းဖြစ်ပြီး ယနေ့(သြဂုတ် ၁၉)ညအထိ တိုက်ပွဲဖြစ်နေသည်ဟုသတင်းရရှိသည်။

ထို့အပြင် ဩဂုတ်လ ၁၉ ရက်ည ၇ နာရီခန့်တွင် စစ်ကောင်စီကနောင်ပိန်လမ်းခွဲအနီးသို့ လေကြောင်းမှ ဗုံးနှစ်လုံး ကြဲချခဲ့သည်ဟု ဒေသခံများကပြောသည်။ ဗုံးကြဲမှု​ကြောင့်လူထိခိုက်မှုရှိ ၊မရှိကိုမူ မသိရသေးပေ။

နောင်ပိန်တိုက်နယ်သည်နောင်ချိုမြို့နှင့် နီးပြီး ရှမ်းပြည်နယ်တောင်ပိုင်းနှင့်လည်းဆက်စပ်နေသည်။ စစ်​ကောင်စီက နောင်ချိုကိုပြီးခဲ့သည့် ဇူလိုင်လလယ်ကပြန်လည်သိမ်းယူပြီးနောက်နောင်ပိန်တိုက်နယ်ကို လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်ခြင်း၊လေကြောင်းမှဗုံးကြဲခြင်းများပြုလုပ်ခဲ့သည်။

လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း ၊ဗုံးကြဲခြင်းတို့​ကြောင့်ဇူလိုင်လကုန်ပိုင်းတွင် ဒေသခံအချို့တိမ်းရှောင်ခဲ့ကြသည်။

ထိုအပြင်သြဂုတ် ၁၈ ရက်ညကလည်းစစ်တပ်က နောင်ပိန်တိုက်နယ်၊ ရပ်ကွက်(၅)အတွင်းကို လက်နက်ကြီး ၆လုံးပစ်ခတ်ခဲ့၍ အရပ်သားတစ်ဦးသေဆုံးခဲ့သည်။သြဂုတ် ၁၉ ရက်တွင်​ စစ်တပ်ကရှမ်း​တောင်မှတဆင့် ​မြေပြင်စစ်​ကြောင်းထိုးရန်ကြိုးစားလာခြင်းဖြစ်သည်။

“ကျောက်မဲကို ပြန်တိုက်ဖို့ နောင်ပိန်ကို အရင်တိုက်တဲ့သဘောပဲ။ ဘေးနားက ရွာတွေကို စစ်ကောင်စီက ဒုက္ခပေးတော့မယ်။အရပ်သားကိုပစ်မှတ်ထားလာရင် ဒေသခံတွေ၊ အရပ်ဘက်အဖွဲ့တွေ အသံထွက်ဖို့လိုတယ်”ဟု နောင်ပိန်ဒေသခံတစ်ဦးကပြောသည်။

သြဂုတ် ၁၉ ရက်ဖြစ်ပွားသောတိုက်ပွဲများနှင့်ပတ်သက်၍ TNLAက သတင်းမထုတ်ပြန်သေးပေ။ PDF ရဲဘော်များကလည်း အသေးစိတ်ဖြေကြားခြင်းမရှိသေးပေ။

တရုတ်အစိုးရ၏ကြားဝင်စွက်ဖက်မှုဖြင့်စစ်​ကောင်စီနှင့် TNLA တို့ သြဂုတ်လတွင် ​တွေ့ဆုံ​ဆွေး​နွေးရန်ရှိပြီး ​ဆွေး​နွေးပွဲမတိုင်ခင် စစ်တပ်ကTNLA နှင့် မဟာမိတ်များသိမ်းပိုက်ထိန်းချုပ်ထားသည့် မိုးကုတ် နှင့်​ကျောက်မဲမြို့နယ်တို့ကို စစ်​ရေးအရဖိအား​ပေးတိုက်ခိုက်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။