Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့တွင်တိုက်ပွဲများဆက်လက်ဖြစ်ပွား​

ကချင်ပြည်နယ်ဗန်းမော်မြို့သို့စစ်သင်္ဘောများနှင့်ပို့ဆောင်ထားသည့်လက်နက်ခဲယမ်းများကိုဗန်းမော်ရှိလက်ကျန်စစ်ကောင်စီတပ်ဖွဲ့များထံ ဖြန့်ဝေရန် ကြိုးပမ်းနေ၍ တိုက်ပွဲများနေ့စဉ် ဖြစ်ပွား​နေကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

ဗန်း​မော်မြို့တိုက်ပွဲမှ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ

ဩဂုတ်၂၀၊ ၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်ဗန်းမော်မြို့သို့စစ်သင်္ဘောများနှင့်ပို့ဆောင်ထားသည့်လက်နက်ခဲယမ်းများကိုဗန်းမော်ရှိလက်ကျန်စစ်ကောင်စီတပ်ဖွဲ့များထံ ဖြန့်ဝေရန် ကြိုးပမ်းနေ၍ တိုက်ပွဲများနေ့စဉ် ဖြစ်ပွား​နေကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

ဩဂုတ် ၁ ရက်တွင် ဗန်းမော်သို့ စစ်ကောင်စီတပ်သင်္ဘောများဆိုက်ကပ်ခဲ့ပြီး​နောက်စစ်တပ်က လေကြောင်းပစ်ကူ၊ ဒရုန်းတိုက်ခိုက်မှုများ အများအပြား ပြုလုပ် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ယ​နေ့(ဩဂုတ် ၂၀ရက်)တွင်လည်းတိုက်ပွဲဆက်ဖြစ်နေကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“သူတို့က သင်္ဘောကနေ ရိက္ခာတွေနဲ့လက်နက်တွေ သူတို့တပ်ဖွဲ့တွေဆီကိုပို့ချင်တာ။အဲဒါကြောင့် စကစ (၂၁)မှာစုပုံထားတဲ့ လက်နက်တွေနဲ့ ရိက္ခာတွေ ပို့ချင်တာ အဲဒါကြောင့် သူတို့က စစ်မျက်နှာ သုံးလေးခု ဖွင့်ပြီးမှ ထိုးစစ်ဆင်လာတာပေါ့။” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့ထိုးစစ်ဆင်နေသော်လည်းနှစ်ပတ်ခန့်ကြာ တိုက်ပွဲများဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်ထိုးဖောက်နိုင်ခြင်းမရှိသေးဟုဆိုသည်။

“စကခ(၂၁)ကသီးသန့်အနေအထား၊ပြီးတော့ တက္ကသိုလ်ကျောင်းဝင်းမှာလည်း သူတို့ရှိတယ်။ပြီးတော့ မံစီထွက်ပေါက် မံစီဘက် သွားတဲ့လမ်း အဲဒီမှာ ၄၇တပ်ရင်းရှိတယ်အဲဒီမှာလည်း သူတို့ရှိသေးတယ်။ ပြီးတော့ မြို့တွင်းမှာလည်း ရှိတယ်။ ပြီးတော့ မိုးမောက်ဘက်ထွက်တဲ့လမ်း အဲဒီမှာ လေ့ကျင့်ရေးတပ်ရင်းတို့ BE တပ် ထောက်ပို့တပ် တွေရှိတယ်။အဲဒီမှာလည်းသူတို့တပ်ဖွဲ့တွေရှိတယ်။ သူတို့ ရိက္ခာတွေပို့ချင်တာပေါ့။ အဲဒါ သူတို့က ထိုးဖောက်ချင်တာ အဲဒါကြောင့် သူတို့ထိုးစစ်ဆင်တာ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲများအတွင်းစစ်​ကောင်စီတပ်မှာထိခိုက်သေဆုံးမှု၊ လက်နက်ခဲယမ်း သိမ်းပိုက်ရရှိမှု ရှိဟု အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တဦးက ဩဂုတ် ၁၈ရက်တွင် အသိပေးထားသည်။

ဩဂုတ် ၁၈ရက်က ဗန်းမော် နောင်ခို၊ မင်းလှ ၊ရွှေကျီး စသည့် နေရာများ၌ လှုပ်ရှားလာသည့် စစ်ကောင်စီ တပ် တိုက်ခိုက်ခံရပြီး စကခ(၂၁) ဘက်သို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားဟု ကချင်စစ်ရေးသတင်းရင်းမြစ်က လူမှုကွန်ရက်၌ ရေးသား ဖော်ပြသည်။အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အလောင်း၊ စစ်သုံ့ပမ်းနှင့် လက်နက်များ ရရှိသည်ဟုလည်း အသိပေးသည်။

ဗန်းမော်မြို့စစ်ရေးအခြေအနေများကိုKIAသတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး ပြန်ကြားချက်မရသေးပေ။

KIAသည် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာ ၄ ရက်မှ စတင်ခဲ့ရာ စစ်ကောင်စီတပ်ရင်းဌာနချုပ်များ၊ တပ်စခန်းနေရာများစွာ သိမ်းပိုက်ထားနိုင်ခဲ့သည်။ စစ်ကောင်စီဘက်ကလည်း ဗန်းမော်ကို လေကြောင်း၊ ရေကြောင်းမှ ရိက္ခာခဲယမ်းဖြည့်တင်းပြီး ပြန်လည် စစ်ရေးလှုပ်ရှားလာရာ ၎င်းတို့ ဆုံးရှုံးထားသည့် အမြောက်တပ်(၃၆၆) နှင့် ​​လေယာဥ်ကွင်း​နေရာအချို့ကို ဩဂုတ် ဒုတိယပတ်တွင် ပြန်လည်ရယူနိုင်ခဲ့သည်။သို့​သော် KIA နှင့် ပူး​ပေါင်းတပ်ကလည်းပြန်လည် ထိုးစစ်ဆင်၍ တိုက်ပွဲများဆက်တိုက်ဖြစ်ပွား​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။