Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စု​၏ ရွေးကောက်ပွဲ လုံး၀လက်မခံဟု နာဂဒေသ(ပကဖ)အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ထုတ်ပြန်

အာဏာလုစစ်ကောင်စီကကျင်းပရန်ကြံစည်နေသောအတုအယောင်ရွေးကောက်ပွဲကိုလုံး၀လက်ခံမည်မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော နာဂဒေသ (ပ.က.ဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့က ယနေ့ (ဩဂုတ် ၂၇ရက်)တွင် ကြေညာချက်ထုတ်ပြန်သည်။

နာဂဒေသ(ပကဖ)အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - နာဂ ပကဖ

ဩဂုတ်-၂၇၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာလုစစ်ကောင်စီကကျင်းပရန်ကြံစည်နေသောအတုအယောင်ရွေးကောက်ပွဲကိုလုံး၀လက်ခံမည်မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော နာဂဒေသ (ပ.က.ဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့က ယနေ့ (ဩဂုတ် ၂၇ရက်)တွင် ကြေညာချက်ထုတ်ပြန်သည်။

အဆိုပါ စစ်အုပ်စု၏ ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်မည့် မည်သည့်ပါတီမဆို လူပုဂ္ဂိုလ်မဆို နာဂဒေသအတွင်း ပဋိပက္ခများကိုသာ တိုးပွားလာစေမည့်အပြင် မတည်ငြိမ်မှုများပိုမိုပေါ်ပေါက် လာစေမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ရွေးကောက်ပွဲကာလအတွင်း ဖြစ်ပေါ်လာနိုင်သော အသက်အန္တရာယ်များ၊ အိုးအိမ်ပစ္စည်းဆုံးရှုးမှုများကိုရွေးကောက်ပွဲတွင်တိုက်ရိုက်ပါဝင် ယှဉ်ပြိုင်သူများသိုမဟုတ်အဆိုပါ လှုပ်ရှားမှုများနှင့် ပူးပေါင်းဆောင်ရွက်သူများကသာ တာဝန်ခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး နောက်ဆက်တွဲပြဿနာ များကိုလည်း လုံးဝ တာဝန်ယူမည်မဟုတ်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိုကြောင့် နာဂဒေသအတွင်း စစ်အုပ်စု၏ ရွေးကောက်ပွဲတွင် ပါဝင်ရွေးချယ်ခံမည့်သူများနှင့် ရွေးကောက်ပွဲဖြစ်မြောက်ရန် ကူညီဆောင်ရွက်သူများ၏ လုံခြုံရေးကို လုံးဝအာမခံချက်ပေးမည် မဟုတ်ကြောင်း အသိပေး ကြေညာသည်။

ယခု ကြေညာချက်နှင့်ပတ်သက်၍ နာဂဒေသ (ပကဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။ နာဂဒေသ ပကဖ တာဝန်ရှိသူ တဦးက ကြေညာချက်နှင့် ပတ်သက်၍ Naga Newsသို့ ဖြေကြားထားရာတွင် ယခုထုတ်ပြန်ချက်သည် သဘောထား မှတ်ချက် သပ်သပ်သာမဟုတ်ဘဲ နှစ်ဖက် တာဝန်ခံ တာဝန်ယူမှုရှိရမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေရေးရည်ရွယ်ထားသည့် စစ်အုပ်စု၏ ရွေးကောက်ပွဲကို လက်မခံကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားပြီး အဆိုပါ စစ်အုပ်စု၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုရန် ပူးပေါင်းပါဝင်ခြင်းမပြုရန် ပြည်သူလူထုနှင့်နိုင်ငံတကာကို တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီး နာဇီဂျာမနီတို့ စစ်ရှုံးချိန်တွင် မဟာမိတ်နိုင်ငံများဖြစ်သည့် ဆိုဗီယက်ယူနီယံက တစ်ဖက်၊ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့က တစ်ဖက် ဂျာမနီနိုင်ငံကို အရှေ့နှင့်အနောက် နှစ်ခြမ်းခွဲဝေ အုပ်ချုပ်ခဲ့ကြသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင် ရပ်ကွက်လမ်းဆုံမှာ စစ်တပ်က သတ်ဖြတ်ပြီး စွန့်ပစ်ခဲ့တဲ့ အမျိုးသားလေးဦးဟာ နာဂPDF ရဲဘော်တစ်ဦးနဲ့ ရခိုင်တိုင်းရင်းသားသုံးဦးဖြစ်တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။